Thursday, 12 February 2009
ဂန္ဒီရဲ့  ကမ္ဘာကျော် မျက်မှန်
အကြမ်းမဖက် လှုပ်ရှားမှုရဲ့ ဖခင်ကြီး မဟာတမဂန္ဒီ ရဲ့ မျက်မှန်ကို နယူးယောက်မြို့ မှာ ဒီနေ့ လေလံတင် ရောင်းချတော့မယ်လို့ သိရပါတယ်။ ဒီမျက်မှန်ကို သူက အိန္ဒိယပြည်လွတ်လပ်ရေးအတွက် မြင်ကွင်း '' Vision to Free India '' လို့ သူက ဟာသနှောပြီးတင်စားဖူးပါတယ်။ သူမျက်မှန်နဲ့ အတူ သူရဲ့  အိပ်ဆောင် နာရီ နဲ့ ဖိနပ်ကိုလည်းလေလံတင်ရောင်းချမှာဖြစ်ပါတယ်။ လေလံတင်ရောင်းချရေးဌာနက ကျွမ်းကျင်သူတွေ က ကြမ်းခင်းဈေးက ဒေါ်လာ ၄၂၀၀၀ နဲ့ စတင်မှာဖြစ်ပြီး အများဆုံပေးတဲ့သူက ရရှိမှာဖြစ်တယ်။ ဂန္ဒီဟာ ပစ္စည်းဥစ္စာ အနည်း ငယ်ကိုသာပိုင်ဆိုင်တဲ့အတွက် ဒီပစ္စည်းတွေဟာ ဈေးကောင်းရမှာဖြစ်ပြီး တကမ္ဘာလုံးက စိတ်ဝင်စား ကြလိမ့်မယ်လို့ ဆိုပါတယ်။ သူရဲ့ မျက်မှန် အစုတ်လေးကို သူက အိန္ဒိယတပ်မတော်က ဗိုလ်မှုးကြီး ဆာရီ ဒီဝန်ဆိုသူ ကို ၁၉၃၀ တုံးက လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ၁၉၁၀ ခုနစ်လောက်မှာ ထုတ်လုပ်ခဲ့တဲ့ ဇီနိဒ် ( The Zenith) အမျိုးစား အိပ်ဆောင်နာရီကိုတော့ သူက သူမြစ်တော်သူ အာဘာ ဂန္ဒီကို သူလုပ်ကြံခံရခါနီးမှာပေးခဲ့တာဖြစ်ပါတယ်။ သူဖိနပ်ကိုတော့ ဗြိတိသျ အရာရှိတဦးကို ၁၉၃၁ ခုနစ် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့  အင်္ဂလန်ကိုလာရောက်အရေးဆိုစဉ်မှာပေးခဲ့တာလို့ ဆိုပါတယ်။ ဒီပစ္စည်းတွေကို အိန္ဒိယ မှာရှိတဲ့ ဂန္ဒီပြတိုက် ကလည်းစိတ်ဝင်စားနေပါတယ်။ ဒီပစ္စည်းတွေက နောင်မျိုးဆက်တွေကို သူကို အားကျအတုယူ နိင်ဖို့ အတွက် ပြတိုက်မှာရှိသင့်တယ်လို့ ဆိုပါတယ်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment