Thursday, 12 February 2009
မြန်မာနိုင်ငံ အရေး မှ ဒေသတွင်း အရေးဆီသို့
-ခိုင်ကျော်ဇံ-
ဒီနေ့ထုတ်လွှင့်ခဲ့တဲ့ CNN ရုပ်မြင်သံကြားအစီအစဉ်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီဆစ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ ကို ပြန်မောင်းနှင်ထုတ် ခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၀န်ခံပြောဆိုသွား တယ်။ ထိုင်းနိုင်ငံက ရိုက်နှက်ပြီး၊ စက်အင်ဂျင်ဖြုတ် ပင်လယ်ထဲ ပြန်လည်မျှော် နှင်ထုတ်ခြင်းခံခဲ့ရတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို အင်ဒိုနီးရှား Aceh ပြည်နယ်၊ Sabang ကျွန်း ရေတပ် အခြေစိုက်စခန်းတခု က ရေတပ် တာဝန်ရှိသူတွေက ပင်လယ်ထဲက ကယ်ဆယ်ခဲ့ကြပါတယ်။ ထိုင်းက စက်အင်ဂျင်ဖြုတ် နှင်ထုတ်လိုက်တဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ ၉၉၂ ယောက်မှာ ၅၅၀ ဟာ ပျောက်ဆုံးနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းထားတယ်။
ဒီလို လှေစီးဒုက္ခသည်တွေကို အတင်းအဓ္ဓမ ဆက်ဆံပြီး နှင်ထုတ်ခဲ့တာဟာ ထိုင်းနိုင်ငံအစိုးရ ရဲ့ မှုဝါဒ မဟုတ်ဘူး လို့ ထိုင်းဝန်ကြီးချုပ်က ခုခံပြောဆိုသွားပြီး၊ ဘယ်သူဟာ တာဝန်ရှိခဲ့တယ်၊ ဘယ်လို အတိအကျဖြစ်ခဲ့ သလဲဆိုတာ စုံစမ်းမှုတွေ ပြုလုပ်နေပြီး၊ ဒီပြစ်မှုမှာ တာဝန်ရှိသူတွေကို တိကျစွာ အရေးယူသွားမယ်လို့ဆိုတယ်။ ထိုင်းအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ လည်း ဒီလိုတရားမ၀င် ၀င်ရောက်မှုတွေနဲ့ အများအပြားရင်ဆိုင်နေရတဲ့ အချိန်လည်းဖြစ်နေတယ်လို့ ထောက်ပြသွားခဲ့တယ်။ ထိုင်းအစိုးရ အနေနဲ့ ကုလသမဂ္ဂ လူအခွင့်အရေးအဖွဲ့နှင့် ပူပေါင်း လုပ်ဆောင်နေပြီး၊ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
ထိုင်းဝန်ကြီးချုပ်က သူ့အစိုးရဟာ ဖြစ်ရပ်မှန်သိအောင် အရေးယူ ဆောင်ရွက်နေပြီး၊ အကောင်းဆုံး အဖြေရှာပြီး၊ အတက်နိုင်ဆုံး မှားယွင်းမှုတွေကို ပြင်ဆင် သွားပါမယ်လို့ CNN ရုပ်မြင်သံကြားနဲ့ တွေ့ဆုံးမေးမြန်းခန်းမှာ ဂတိပြု ပြောဆိုသွားပါတယ်။
မြန်မာစစ်အုပ်စုက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုမထားဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆို ခဲ့တယ်။ သူတို့ဟာ မြန်မာနိုင်ငံသား မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ကြတယ်။ ပြီခဲ့တဲ့ လပိုင်းတုန်းက ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်ဆိုင်ရာ နယ်ခြားဒေသ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီနောက် မြန်မာစစ်အုပ်စုဟာ ရိုဟင်ဂျာတွေ ကို အဓိက ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေ ၊ အတင်းအဓ္ဓမ လုပ်အားပေးခိုင်း စေမှုတွေ၊ စစ်မြေပြင်များသို့ ပေါ်တာဆွဲမှုတွေ ပြုလုပ်နေတာကြောင့် ရိုဟင်ဂျာ လူငယ်တွေဟာ သူတို့ နေထိုင်ရာအရပ်တွေ ကို စွန့်လွှတ် ထွက်ပြေး ပုန်းအောင်နေကြ ရတယ်။
ဒါပေမဲ့လည်း ထိုင်း နဲ့ အင်ဒိုနီရှားအစိုးရတွေကတော့ သူတို့ဟာ နိုင်ငံရေးဒုက္ခသည် တွေ မဟုတ်ကြောင်း၊ စီးပွားရေးဒုက္ခသည် တွေသာဖြစ်ကြောင်း အသိအမှတ်ပြုထားတယ်။ သူတို့ကို ဘာလီမှာ ချုပ်ဆိုထားတဲ့ သဘောတူညီချက် လုပ်ငန်းစဉ်အတိုင်း ( Bali Process) ဆက်လက် ဆောင်ရွက် သွားမယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို မြန်မာပြည်ကို ပြန်ပို့မလား၊ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့မလားဆိုတာကိုတော့ အင်ဒိုနီရှား နှင့် ထိုင်းတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နယ်ခြားတင်းမာနေမှုကြောင့် မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ် မှာ စစ်အင်အားထပ်မံ တိုးမြင့်နေသည့်အပြင်၊ တပ်ရင်းတပ်မတွေကို လည်း ထပ်မံ အင်အားဖြည့်ထားကြောင်း ကြားသိရပါတယ်။ ဒီကိစ္စကြောင့် နှစ်နိုင်ငံတင်းမာမှုတွေ ရှိလာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆို နေကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အရေးဟာ ဒေသတွင်းနိုင်ငံတွေကို ထိခိုက်ကူးစက်နေပြီး၊ ဒေသတွင်း တည်ငြိမ်ရေးကို ချိမ်းခြောက်နေပြီဆိုတာဖော်ပြနေတယ်လို့ ဒေသတွင်းရှိ နိုင်ငံရေးသမားတွေ၊ ပါလီမာန်အမတ် တွေက ထုတ်ဖော်ပြောဆိုနေကြပါတယ်။
Rest of your post
at 21:09
Subscribe to:
Post Comments
(
Atom
)
1 comment :
မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ စစ်အာဏာသက်တမ်းတလျှောက်လုံး ကျင့်သုံးလာသောရက်စက်သတ်ဖြတ်မှူ၊ညှင်ပန်းနှိပ်စက်မှုတွေကို အညိုကြီးစွာပြည်သူတွေအပေါ်ယခင်ကာလတွေထက် နှစ်ဆတိုးမြင်ကျင့်သုံးနေဧ၊၊် ရခိုင်ပြည်နယ်မှရိုဟင်ဂျာလူနည်းစုတို့အပေါ်စစ်အစိုးရရဲ့လုပ်ဆောင်ချက်တွေကိုကြည့်ခြင်းအားဖြင့်ဘယ်လို့မှညင်းဆိုလို့မရပါ၊၊
Post a Comment