-မိုးသီးဇွန်-
အိန္ဒိယ ဒု-သမတ မြန်မာ နိင်ငံကိုသွားတဲ့အပေါ်မှာ ကျနော် ယူဆတာကတော့ စီးပွားရေးသက်သက်မျှပဲ လို့ပြောခြင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဟာ အိန္ဒိအတွက် အရင် ကလို မေးထူးခေါ်ပြော အိမ်နီးနားခြင်း ကနေ တန်ဖိုး ရှိတဲ့ မိတ်ဆွေ အဆင့်လို့ ပြောင်းလဲသတ်မှတ်လာတယ်။ ဘာအကျိုးလည်းဆိုလို့ ရှိရင် အိန္ဒိယလိုအပ်နေတဲ့ လောင်စာ ကိုပေးနိင်တဲ့ မိတ်ဆွေ အဆင့်ကို ဖြစ်လာခဲ့ပါပြီ။
စစ်အေးတိုက်ပွဲကာလ က အိန္ဒိယရဲ့  နိင်ငံခြားရေးပေါ်လစီက ဆိုဗီယက်ဖက်ကို ယိမ်းတယ်။ အိန္ဒိယခေါင်းဆောင်တွေကိုယ်တိုင်က ဆိုရှယ်လစ်ရေးပေါ်မှာ တိမ်းညွတ်မှုရှိကြတော့ ဆိုရှယ်လစ်ဇင်က နေ လူမှုရေးညီမျှမှု၊ တရားမျှတမှု နဲ့ ဖွင့်ဖြိုးမှုတွေကို ရရှိ လာမယ်လို့ သူတို့ ယူဆခဲ့တယ်။ ၁၉၈၉ခုနစ် ဆိုရှယ်လစ်အုပ်စု ပြိုကျသွားတဲ့အခါမှာ အိန္ဒိယရဲ့ နိင်ငံခြားရေးပေါ်လစီဟာ ပြောင်းလဲသွားတယ်။
ကမ္ဘာလုံးဆိုင်ရာ သွင်တူဖြစ်စဉ် - Globalization - မှာ အိန္ဒိယ ရဲ့  နိင်ငံခြားရေးပေါ်လစီဟာ အမေရိကန်နဲ့ အနောက်အုပ်စုဖက်ကို ၁၈၀ ဒီဂရီမဟုတ်တောင် အတော် အတန် ယိမ်းလာပြန်တယ်။ စီးပွားရေးနဲ့ နည်းပညာလိုအပ်ချက်တွေ အပေါ်မှာ ပိုမိုနီးကပ်စွာဆက်ဆံလာတာကိုတွေ့ လာရတယ်။
၁၉၉၀ ကနေ ဒီနေ့ အထိ အိန္ဒိယ ဟာ အနောက်အုပ်စုနဲ့ ဆက်ဆံလာတဲ့အပေါ်မှာ စီးပွားရေးအရ သိသိသာသာ တိုးတက် လာတာကိုတွေ့ ရတယ်။ တရုပ် ပြည်ပြီးရင် ဒုတိယ စီးပွားအတက်ဆုံးလို့ ပြောလို့ ရနိင်တယ်။ ၂၀၀၇ ခုနစ်မှာ GDP - ၈.၉ ရာခိုင်နှုန်း အထိ ရှိလာတာကိုတွေ့ ရပါတယ်။
နိင်ငံတကာဆက်ဆံရေးမှာ သူရဲ့  ခန်းနားတဲ့ ဂုဏ်ဒရပ်တွေလည်း ပိုင်ဆိုင်လာပါတယ်။ ငွေလဲနှုန်းထားအရ ကမ္ဘာ့ ၁၂ နိင်ငံမြောက် စီးပွားရေးအတက်ဆုံး၊ စတ္တုထ အကြီးဆုံးတပ်မတော် ဆူပါပါဝါဖြစ်နိင်ချေရှိတဲ့ အလောင်းအလျာ ဒေသတွင်း က ဆူပါဝါ စသဖြင့် သူအနေထား က ခန့်နားလာပါတယ်။
စစ်အေးတိုက်ပွဲတုံးက မစားရ၀ခမန်း ဆိုရှယ်လစ် စံနှုန်းတွေနဲ့ ဘက်မလိုက်ကြားနေအုပ်စု ခေါင်းဆောင်တဦး တုံးက နာမည်ကြီး ထမင်းငတ် ဖြစ်နေတဲ့ ဘ၀ ကနေ စီးပွားတက်လာတဲ့ လူရိုသေရှင်ရိုသေဖြစ်လာတဲ့ ဒီနေ့ အိန္ဒိယ ဘ၀ ကို အိန္ဒိယ နိင်ငံရေးခေါင်းဆောင်တွေအားလုံးက နစ်သက်လာကြတာကိုတွေ့ လာရတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အမျိုးသားရေး၊ အတန်းစား ရေး၊ ဘာသာရေး ဆိုတဲ့ နိင်ငံရေး စံနှုန်း တွေကို စွန့်လွတ်လိုက်တယ်။
ပိုပြီး ရီရယ်လစ်ဆန် (Realism) တဲ့ နိင်ငံခြားရေးမှုတွေကို အိန္ဒိယ ကျင့်သုံးလာတယ်။ ဒီထဲမှာ မြန်မာ နိင်ငံကို ကြည့်တဲ့ နေရာမှာလည်း အလားတူဖြစ်လာတယ်။ မြန်မာ ပြည် ဒီမိုကရေစီလှုပ်ရှားမှု အရင် က အိန္ဒိယက ကူညီခဲ့တယ်။ ကူညီခဲ့တုံး ကလည်း အနောက်နိင်ငံတွေနဲ့ ကွာတာက နည်းနည်းပြော များများပေး ပေါ်လစီ ပါးစပ်က နည်းနည်းပဲပြောတယ်။ လက်က များများကူညီခဲ့ပါတယ်။
၈၈ ကလာ မှာ အိန္ဒိယသံရုံက ကျောင်းသားတွေကို ရံပုံငွေအပေးခဲ့ဆုံး သံရုံးဖြစ်ခဲ့တယ်။ ဒီအချိန်မှာ အနောက်နိင်ငံတွေက မြန်မာအရေးကို ကူညီမယ်များများပြောပြီး လက်ကမထွက်တဲ့အချိန်ပါ။ ရာဂျစ်ဂန္ဒီ လက်ထက်မှာ ကျနော် အိန္ဒိယ အစိုးရက ဖိတ်လို့ သွားခဲ့ပါတယ်။ ခရီးစဉ်က ကျေနပ်လောက်စရာ ကူညီမှုတွေကို ကျနော်တို့ ရခဲ့ပါတယ်။ ရာဂျေဂန္ဒီ လုပ်ကြံခံသွားရပြီးတဲ့ နောက်မှာ အိန္ဒိယပေါ်လစီ ပြောင်းသွားတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေ တရုပ်နဲ့ သိပ်နီးကပ်လာတဲ့အပေါ်မှာ သူတို့ စိုးရိမ်လာတယ်။ အိန္ဒိယ အနောက်မြောက် နာဂ သူပုန်တွေ မြန်မာပြည်ကို ခြေကုတ်ယူပြီးလှုပ်ရှားလာတယ်။ မြန်မာ စစ်အုပ်စု က လျှို့ ၀ှက်ကူညီခဲ့တယ်။ အရင်က ချိနဲ့ နေတဲ့ နာဂ သူပုန်တွေကို တရုပ်နဲ့ မြန်မာ ထောက်ပံမှုကြောင့် လက်နက်ကိုင်အင်အား ၁ သောင်းလောက် အထိကြီးထွားလာတယ်။
ဒီအခြေအနေက အိန္ဒိယ အတွက်စိုးရိမ်လာတယ်။ မြန်မာ ဒီမိုကရေစီကူညီမှုတွေကို ရပ်ဆိုင်းပြီး နအဖ နဲ့ ပူးပေါင်းမှု လုပ်လာတယ်။ အခြေအနေအရပ်ရပ်ပြောင်းလဲမှု ပြောင်းလဲမှု လုပ်ဖို့ မြန်မြန် ဆန်ဆန်ဖြစ်လာ စေတော့တယ်။ ၂၀၀၄ ခုနစ်မှာ သန်းရွှေ သွားလည်တယ်။ အိန္ဒိယ နဲ့ မြန်မာ လက်ထပ်ထိမ်းမြားမှု နောက်ဆုံး အဆင့်ကိုရောက်သွားတော့တယ်။
အိန္ဒိယက ငါဒါလိုခြင်တယ်။
- နာဂသူပုန်တွေကို ကူညီမှုတွေကိုရပ်
- သဘာဝ ဓါတ်ငွေ့ လိုခြင်တယ်။
မြန်မာ က ငါဒါလိုခြင်တယ်
- မြန်မာ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုကူညီတွေကရပ်
- အနောက်နိင်ငံတွေနဲ့ က နအဖ စစ်ခေါင်းဆောင်တွေကို ဖိအားပေးနေတဲ့နိင်ငံတကာလှုပ်ရှားမှုတွေမှာ ခပ်ခွာခွာနေ
အချုပ်ပြောမယ်ဆိုရင် တော့ မင်းနဲ့ ငါက အိမ်နီးနားခြင်း နစ်နိင်ငံအကျိုးတူ စီးပွား အတွက် ပေါင်းစည်းမယ်။ မင်းလိုခြင်တာ ငါပေးမယ်။ ငါလိုခြင်တာမင်းပေး။ မြန်မာ က ခင်ပွန်းဖြစ်တဲ့အိန္ဒိယကို ရှင်ကျမရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးကိုတာဝန်ယူ ရှင်လိုခြင်တာအားလုံး ကျမ ပေးမယ်ဆိုတာ ဖြစ်သွားတော့တာပါပဲ။
ဒါကြောင့် အိန္ဒိယဒုသမတလာတဲ့ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် လာခြင်းကောင်းတဲ့ မိတ်ဆွေတော့ မဟုတ်ဘူး။ မြန်မာတွေ လိုခြင်နေတဲ့ ဒီမိုကရေစီအရေး၊ တရားမျှတမှု နဲ့ ဖွံ့ဖြိုးမှုတွေဟာ သူခရီစဉ်မှာ ဦးစားပေးဆောင်ရွက် မဲ့ အစီအစဉ်တွေ မဟုတ်တော့ဘူးလို့ ကျနော်မြင်ပါတယ်။
ကျနော် မိုးသီးဇွန် ပါ။
Rest of your post
1 comment :
Dear Ko MT,
Burmese junta never helped Naga arm group.But Manipur arm group have been helped by Burmese junta long times.Since 1997, Manipuri insurgents have been staying in Tamu till now.There are a lot of Manupur arm group camp in Kabaw Vally in Burma.So, that is my short comment.
Best
Soe Minn
Reporter fro DVB
based in India
Post a Comment