Tuesday, 17 February 2009
လူသားတွေအပေါ် ရာဇ၀တ်ကျူးလွန်ခဲ့မှု ခမာနီခေါင်းဆောင်ဟောင်းများကို ရုံးတင်စစ်ဆေး
-မြတ်စိုး-
ကမ္ဘောဒီးယား နိုင်ငံ ၁၉၇၅-၇၉ ခုနှစ်အတွင်း ပိုပေါ့ဦးဆောင်တဲ့ ခမာနီများ အုပ်ချုပ်စဉ်က အရက်စက်ဆုံးအကျဉ်းထောင် တခု က အကျဉ်းထောင်မှူး နှင့် တာဝန်ရှိခဲ့သူ ခေါင်းဆောင်ဟောင်းများ ကို လူသားတွေကို မျိုးတုံးအောင် သတ်ဖြတ်ခဲ့မှု နှင့် လူသားတွေအပေါ် ရက်စက်စွာ ရာဇ၀တ်ကျူးလွန်ခဲ့မှုတွေနဲ့ ပက်သက်ပြီး ကုလသမဂ္ဂ နဲ့ ပူးတွဲ လုပ်ကိုင်နေတဲ့ ရာဇ၀တ် ခုံရုံးတခု က တရားမျှတမှုရှိစေရန် စတင်ကြားနာစစ်ဆေးနေပါပြီ။ ဒီ ရာဇ၀တ်ခုံရုံးမှာ နိုင်ငံတကာတရားသူကြီးများ နှင့် ကမ္ဘောဒီးယား တရားသူကြီးတွေ က ပူးပေါင်းစစ်ဆေးနေခြင်းဖြစ်ပါတယ်။ ဒီနေ့ စတင်ကြားနာစစ်ဆေးခြင်းခံရတဲ့သူကတော့ Kaing Guek Eav ခေါ် Duch ဖြစ်ပါတယ်။
အကျဉ်းထောင်မှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ Kaing Guek Eav ခေါ် Duch ဟာ လူသား မဆန် အောင် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တဲ့ ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူတဦးအဖြစ် လူသိများထင်ရှားခဲ့ပါတယ်။ ခမာနီအုပ်စိုးမှုအပေါ် ဆန့်ကျင်ခဲ့ကြတယ် ဆိုပြီး၊ လူ တွေ ကို S 21 အကျဉ်းစခန်း ခေါ်တဲ့ Tuol Sleng လှို့ ၀ှက် အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခဲ့ ပြီး ကွပ်မျက်သတ်ဖြတ်ခဲ့ကြတယ်။ Duch ဟာ ဒီအကျဉ်းထောင်ကို အဓိက တာဝန်ရှိသူအဖြစ် ဦးဆောင် ကွပ်ကဲခဲ့သူတဦး ဖြစ်ပါတယ်။
ပိုပေါ့ဦးဆောင်တဲ့ ခမာနီများ အုပ်ချုပ်စဉ်က ကမ္ဘောဒီးယားမှာ လူပေါင်း ၁.၇ သန်းကျော် ဟာ ညှင်းပန်းနှိပ်စက်ခံရမှု၊ သတ်ဖြတ်ခံခဲ့ရမှု၊ အစားရေစာငတ်မွတ်မှု၊ ကူးစက်ရောဂါ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ကြရပါသည်။
ပိုပေါ့ဦးဆောင်တဲ့ ခမာနီများ အာဏာရပြီး အနှစ် ၃၀ ကျော်ကြာမှ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို တရားမျှတမှုရှိအောင် တရားစီးရင်ခြင်းခံရတော့ကြောင့် ၊ ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေဟာ ဘယ်နေရာရောက်ရောက်၊ ဘယ်လောက်ဘဲ အသက်ကြီးကြီး နောင်တချိန်ချိန်မှာ တရားမျှတမှုတွေကို ရင်ဆိုင်ကြရမယ်ဆိုတာ အသိပေးလိုက်သလို၊ ယနေ့ မြန်မာပြည်မှာလည်း လူသားမဆန်စွာ အကျဉ်းထောင်တွေထဲမှာ ညှင်းပန်းနှိပ်စက်နေသူ နှင့် ညှင်းပန်းနှိပ်စက်ခွင့်ပြုနေသူ အကျဉ်းထောင်မှူးတွေ၊ တရားဥပဒေချိုးဖောက်၍ မင်းမဲ့ဆန်ဆန်ပြုလုပ်နေကြတဲ့ ရာဇ၀တ်မှုကျူးလွန်နေသူတွေ နှင့် ကျူးလွန်ခဲ့သူတွေ၊ လူသားမဆန်စွာ လူမျိုးတုံး သတ်ဖြတ်နေကြ သူတွေဟာ တနေ့နေ့မှာ တရားမျှတစွာ စီရင်ဆုံးဖြတ်ခြင်းခံရမယ်ဆိုတာ သတိပေးလိုက်ခြင်း ဖြစ်တယ်။
သတင်းအပြည့်အစုံသို့-
Rest of your post
at 21:34
Subscribe to:
Post Comments
(
Atom
)
1 comment :
Hey wait ! Here Than Shwe, Mg Aye, Shwe Mann, Kyaw San, Mg Oo, Aung Thaung, U Thoung will follow you. Don't forget to pick them together with you to Holland. They like to share cells with you.
Post a Comment