Saturday 21 February 2009


ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ထောက်ခံ ပြောဆို ခြင်း အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ



ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့ မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။

အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင် ကျော် မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။


(ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်

၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံ ပြောဆို မှု နှင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည် မည်သည့် အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစား သုံးသပ် ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေ ဖြစ်တယ်၊ ဒီအခြေခံ ဥပဒေ ဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေး ကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ ကောင်း တာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့ စစ်ဦစီးချုပ် ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ် နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။

ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာ မှ ဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံ ပြောဆို လိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကို အားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။

Reported by; Thant Myo Htway (Moethaukkye)
မှတ်တမ်းဓါတ်ပုံ- ဦးသန်းဝင်း



Rest of your post

No comments :