
-ပက်ထရစ်ရှာလင်း-
၈၁ ကြိမ်မြောက် အော်စကာ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာ Slumdog Millionaire က အကောင်းဆုံး ဇတ်ကားဆု၊ ဂီတဘက်ဆိုင်ရာ ဇာတ်ဝင်တေးများမှာလည်း ထူးချွန်ဆုများ အပြင် စုစုပေါင်း အော်စကာ အကယ်ဒမီဆု ၈ ဆု ရရှိ သွားပါတယ်။ ဒီဇတ်ကား ဟာ အိန္ဒိယနိုင်ငံ မုံဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှ ဆင်းရဲသားများ စုပေါင်းနေထိုင်ရာ ရပ်ကွက်တခုမှ လူငယ်များ ၏ ဘ၀ဖြတ်သန်းမှုကို အဆင့်ဆင့် အသက်အရွယ်အလိုက် တင်ဆက်ထားပြီး၊ လှပတဲ့ချစ်ဇတ်လမ်း ဇတ်ကွက် တွေ ကို ဒါရိုက်တာ ဒန်နီဘွိုင်း(Danny Boyle) က ဇာတ်ကားတခုလုံးကို မျက်တောင်တချက် မခတ်ရဲလောက် အောင် ရင်ဖိုလှိုက်မောဖွယ် တင်ဆက်ခဲ့သည်။ အထူးသဖြင့် ကလေးသရုပ်ဆောင်လေး တွေဟာ ပရိသတ် အသဲနှလုံးကို တုန်ခါသွား အောင် ကို စွဲဆောင်နိုင်ခဲ့တယ်။ အသဲနုတဲ့သူတွေ အတွက် ကတော့ မျက်ရည်တွေ ဟာ ပါးပြင်ပေါ်မှာ မို့နေကြမယ်ဆိုတာ ဒီဇတ်ကားကြည့်လာခဲ့တဲ့ သူတယောက်အနေနဲ့ ကျမ ဝေမျှ လိုက်ပါရစေ။ မကြည့်ရသေး သူတွေ အနေနဲ့လည်း တကယ်လို့များသွားကြည့်မယ်ဆိုရင်တော့ မျက်ရည်သုတ်ဖို့ ပြင်ဆင်သွားကြပါလို့ အကြံပေး ပါရစေရှင်။
ဒီဇတ်ကား ဇတ်လမ်း အကြောင်းကို မိဇ္ဈိမ သတင်းဌာန အင်တာနက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ဤနေရာမှာ ဖတ်ရှု့ နိုင်ပါတယ်။
၂၀၀၈ ခုနှစ် အော်စကာ ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာ အမျိုးသမီးကောင်းဆုံး သရုပ်ဆောင်ဆု ကိုတော့ "The Reader " ဇတ်ကားမှ မင်းသမီး ကိတ်ဝင်းစလက် (Kate Winslet) နှင့် အကောင်ဆုံး အမျိုးသား သရုပ်ဆောင်ဆုကိုတော့ "Milk" ဇတ်ကားမှ နံမည်ကြီးမင်းသား ရှောင်ပင်း ( Sean Penn) တို့ က ရရှိသွားကြပါတယ်။
Rest of your post
No comments :
Post a Comment