Monday 23 February 2009

ကွန်ဒိုလီဇာရိုက် စာအုပ်ရေးဖို့ သဘောတူ

ဒေါက်တာ ကွန်ဒိုလီဇာရိုက် နှင့် သမ္မတဟောင်းဂျော့ဘုရှ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း နှင့် အမျိုးသားလုံခြုံရေး အကြံပေး အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာ ကွန်ဒိုလီဇာရိုက် က သူမရဲ့ အိမ်ဖြူနဲ့ အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ တယောက်ဘ၀ အတွေ့ အကြုံတွေကို စာအုပ်ရေးဖို့ အတွက် ရမ်ဒမ် စာအုပ်တိုက်နဲ့ သဘောတူ ညီမှု ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် စာအုပ်သုံးအုပ်ကို ရေးမှာဖြစ်တယ်။ စုစုပေါင်း ဒေါ်လာ ၂သန်းခွဲ ခန့် ရရှိပါမယ်။ သူမ အိမ်ဖြူတော်မှာရှိခဲ့စဉ်က သမ္မတဟောင်း ဂျော့ဘုရှ်နဲ့ အတူ အမေရိကန် လုံခြုံရေးနဲ့  နိင်ငံခြားရေးဆိုင်ရာ မူဝါဒတွေကို ဘယ်လို ချမှတ်ခဲ့တယ်။ ဘယ်လို ကျင့်သုံးခဲ့တယ်ဆိုတဲ့အတွေ့ အကြုံတွေပါဝင်မှာဖြစ် ပါတယ်။ စာအုပ်ကို သူမ က ၂၀၁၁ ခုနစ်မှာအပြီးရေးပေးရမှာဖြစ်ပါတယ်။


Rest of your post

No comments :