Wednesday 25 February 2009

UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်

ဇာနည်ဝင်း (ဧရာဝတီ)
ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။

ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။

ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။

UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။

ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။

ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီးနောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်သည် အခြား ရာထူးတာဝန်တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။

ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။

“ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။

VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။

မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။

ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။

ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။

၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

ဦးကျော်မြင့်VOA ဆက်သွယ်မေးမြန်းခန်းနားဆင်ရန်


Interview with U Kyaw Myint for web TH_0.Mp3 -

6 comments :

Anonymous said...

မြန်မာပြည်ကလူတွေကို ယူဒီပီကျော်မြင့်ဆိုတာ ကျုံယွမ်ကျော်မြင့် ဖြစ်ကြောင်း အဋ္ဌေကာင်းဋ္ဌကားပေးပါ။ ကျုံယွမ်ကျော်မြင့်ဆိုတာ ငွေသန်းထောင်ပေါင်းများစွာကို လိမ်ပြီး ထွက်ပြေးသွားတာပါ၊ လူတွေ အတော်ဘ၀ ပျက်ခဲ့တယ်လို့ ပြောကြတယ်၊

အခု မြောက်အမေရိကတိုက်မှာလည်း အလားတူ လုပ်ငန်းမျိုးလုပ်လို့ ဒုက္ခရောက်နေပြီ။ ဟောဒီ အောက်က အင်တာနက်စာမျက်နှာမှာ သတင်းဖတ်ဋ္ဌကည့်ဋ္ဌကပါ. http://www.scribd.com/doc/12530902/Making-a-Billion-Dollar-From-50-Bucks1

Anonymous said...

အော် ညီလေးမောင်ကျော်မြင့်က မြန်မာပြည်ကို ကယ်တင်ချင်သတဲ့လား
Written by မြန်မာပြည်သား, February 26, 2009
ယူဒီပီပါတီကြီးက မြန်မာပြည်သူလူထုရဲ လူ့နေမှုဘ၀မြှင့်တင်ရေးကို လုပ်ဘို့ ရည်ရွယ်ထားဆိုပဲ၊ ခင်ဗျားလို သူများငွေလျှောက်လိမ်နေတဲ့လူက မြန်မာပြည်သူလူထုရဲ့ လူနေမှုဘ၀ကို ဘယ်လိုမြှင့်တင်မလဲ၊ ဗဟုသုတရအောင် ပြောပြစမ်းပါ။ ကျွန်တော့ဘက်ကတော့ ခင်ဗျားရန်ကုန်မှာ ဘယ်လောက်လိမ်ခဲ့ တယ်ဆိုတာ လေးပြောပြချင်တယ်။

တလောကမှ နယူးယောက်ကို ရောက်လာတဲ့ တရုတ်တစ်ယောက်က ကျုံယွမ်ကျော်မြင့်ဆိုရင် ရန်ကုန်ကလူတွေက ခုချိန်အတိ တသသဖြစ်နေဆဲဖြစ်ကြောင်း ပြောပြရှာပါတယ်။ ချစ်လွန်းလို့  မဟုတ်ပါ. ခင်ဗျားကို တွေ့ ရင် အရေခွံဆွဲဆုတ်ဘို့ ဖြစ်ပါတယ်။

ခင်ဗျားရဲ့ ကျုံယွမ်ကုမ္ပဏီက ငွေလာအပ်သူတွေကို တလ၅% နဲ့ အတိုးပေးမှာဖြစ်ကြောင်း ဋ္ဌေက်ာငြာလိုက်တော့ သက်ဋ္ဌကီးရွယ်အိုပင်စင်စားများ၊ စီးပွားရေးကို နားမလည်သူ၊ လုပ်ကိုင်မစားတတ်သူမြန်မာများက ရှိသမျှ နားကပ်၊ ဆွဲကြိုး၊အိမ်၊ကား ချရောင်းပြီး ငွေတွေ့လာအပ်တယ်လို့  ဆိုတယ်။ အစပိုင်းမှာ ခင်ဗျားက အတိုးပေးနေပြီး နောက်ပိုင်းတော့ အတိုးမပေးနိုင်တော့ပါ၊ ခင်ဗျားက နောက်ဆုံးမှာ အစုရှယ်ယာ ဈေးများ ထိုးကျသွားကြောင်း ဒေ၀ါလီခံရတော့မှာဖြစ်ကြောင်းပြောတော့ လူထောင်ပေါင်းများစွာဟာ အပူသောကဋ္ဌကီးစွာ ရင်ဆိုင်ဋ္ဌကရရှာပါတယ်။ ၁၀ သိန်းလောက်အပ်ထားသူတွေဟာ အရင်းငွေထဲက တစ်သောင်းနှစ်သောင်းလောက်တောင် မနည်းပြန်ရအောင် စောင့်တောင်းဋ္ဌကရတယ်လို့  ဆိုတယ်။ နောက်ဆုံးမှာတော့ ခင်ဗျားကို ပြစ်မှုထင်ရှားလွန်းလို့ တရားစွဲရတယ်။ ခင်ဗျားအမှုရင်ဆိုင်နေချိန်မှာ ခင်ဗျားရဲ့ ကုမဏီက စားပွဲ ကုလားထိုင်များကအစ္ဇချပြီးရောင်းနေရတယ်လို့ ပြောပြပါတယ်။
အဲဒီတုန်းက လူထောင်ပေါင်းများစွာကို ဘ၀ပျက်လောက်အောင်လုပ်ခဲ့တာတွေု မှတ်မိပါသေးရဲ့ လား?

အခုလဲဗန်ကူးဗားကကုမ္ပဏီကို ရန်ကုန်မှာ လုပ်သလိုမျိုး ခင်ဗျားကလုပ်ဘို့ စဉ်းစားထားတာ။ ဖြစ်ချင်တော့ American Security Exchange Commission က ရန်ကုန်အစိုးရထက် အများကြီးပိုပြီးစံနစ်ကျတဲ့ အပြင် ဒီကလူတွေက မြန်မာပြည်ကလူတွေထက် အစုရှယ်ယာအကြောင်းကို ပိုပြီး နားလည်သူတွေဖြစ်နေတာပဲ၊ ဒီ American Security Exchange Commission က ခင်ဗျားတို့  ရှယ်ယာရောင်းတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာလည်ပါတ်မှု၊ အကျိုးအမြတ်ထွက်ပေါ်မှု ရှိမရှိဆိုတာတွေကို ၄လတစ်ခါ တရားဝင်စာရင်းထုတ်ပြန်ခိုင်းတယ်။ ဒီလိုလုပ်ခိုင်းတာဟာ ရှယ်ယာပိုင်ဆိုင်သူတွေ၊ ရှယ်ယာဝယ်လိုသူတွေ၊ ပွဲစားတွေ လေ့လာနိင်အောင်လို့ ဖြစ်တယ်။ ဒီဇင်ဘာလထဲမှာ
ကုမ္ပဏိရဲ့ ၎လစာ သတင်းထုတ်ပြန်ချက်မှာ ရေးထားတာက ခင်ဗျားတို့ လုပ်ငန်းကို ဘယ်သူမှသုံးမဲ့ လူမရှိ၊ ၀ယ်မဲ့လူမရှိလို ဒီအတိုင်းဆက်သွားရင် ဘယ်လိုမှ ရပ်တည်နိုင်တော့မှာ မဟုတ်ဋ္ဌေကာင်း ရေးသားထားတယ်၊ ဒါပေမဲ့လည်း ခင်ဗျားတို့  ရှယ်ယာတွေဟာ နှစ်လအတွင်း အဆ၃၀မက ထိုးတက်သွားးပြီး ဇန်န၀ါရီ ၂၁ရက်နောက်ပိုင်းမှာတော့ ၀ယ်သူလုံးဝမရှိရပ်တန့်သွားတယ်။ မဋ္ဌကာခင်ဒေ၀ါလီခံရတော့မဲ့ ကုမ္ပဏီက ရှယ်ယာတွေကို လူတွေက ဘာသဘောနဲ့ ၀ယ်နေကြတာလဲ၊ စဉ်းစားစရာဋ္ဌကီးပါလား။
ဇန်န၀ါရီ လ(၂၈)ရက်နေ့ မှာ SEC က ခင်ဗျားတို့ ရှယ်ယာ FCCE ကို ခေတ္တရပ်တန့်ထားဘို့ အမိန့် ချမှတ်လိုက်တယ်။ ရှယ်ယာဝယ်ထားတဲ့ လူတွေကတော့ ဆုံးပြီပေါ့၊ ဘယ်သူတွေက၀ယ်ထားတယ်ဆိုတာကတော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ ရှယ်ယာ အရောင်းကိုယ်စားလည်ဋ္ဌကီးများ အသိဆုံးပေါ့ဗျာ။ သေချာတာကတော့ ခင်ဗျား ရဲ့ နာမည်ဟာ ဗန်ကူးဗားမှာ သုံးမရအောင်ပျက်ပြီ၊ ခင်ဗျားရဲ့  Moonlighting President Jessica Chiang ကလည်း အခုတော့ မြောင်းထဲကို ရောက်ပြီပေါ့၊ နောက်ပြီးတော့ ခင်ဗျားကို နိင်ငံရေးအရ အထောက်အပံ့ပေးသူတွေလည်း ဒုက္ခရောက်ပြီ၊ (အရေးဋ္ဌကီးသူအချို့ က ခင်ဗျား ဘယ်သူဆိုတာသိတော့ ချက်ချင်းနှုတ်ထွက် သွားတယ် လို့ ပြန်ကြားရတယ်။ ဒါပေမဲ့ ခင်ဗျားတို့က အဲဒီလူတွေ ဆက်ရှိနေသေးသယောင် ဟန်ဆောင်ထားတယ်၊)
အရေးအဋ္ဌကီးဆုံးအချက်ကတော့ နိုဝင်ဘာလ (၅)ရက်နေ့ မှာ ရှယ်ယာတစ်ခုကို ၉၂ပြားနဲ့ ရှယ်ယာပေါင်း ၁၆၃၅၀၀ ၀ယ်သွားတဲ့လူက ခင်ဗျားကို အခုလောက်ဆိုရင် တရားစွဲနေလောက်ပြီ၊ ခငိဗျားရဲ့ ကုမ္ပဏီိဟာ ၂ပါတ်ခန့် အရပ်ဆိုင်းခံရပြီးနောက် အခုဆက်လက် လည်ပါတ်နေပါတယ်။ ဒါပေမဲ့ ၀ယ်သူလုံးဝမရှိပါ၊ လုံးဝ (လုံးဝ) တန်ဋ္ဌေကးမရှိတဲ့ အစုရှယ်ယာကို ခင်ဗျားရောင်းခဲ့တယ်ဆိုတာ သက်သေပါပဲ၊
ဘာတဲ့၊ ခင်ဗျားဗွီအိုအေကို ပြောသွားတာက Vancouver Sun က သတင်းထောက် David Baines ဟာ ခင်ဗျားကို မှားယွင်းရေးမိတဲ့အတွကိ တောင်းပန်ဋ္ဌေကာင်း စာရေးတော့မယ်၊ ဟုတ်စ၊ ဒီစကားဟာ ဘာကိုပြောသလဲဆိုတော့ ခင်ဗျားမှာ ငွေပဲရှိ့ပြီး ဦးဏှောက်ထဲမှာ ဟောင်းလောင်းဖြစ်နေ ဋ္ဌေကာင်းကို ပြောတာ၊ ခင်ဗျား မမေ့ဘို့ က ဒီနေ့ မြန်မာလူငယ်တော်တော်များများဟာ အင်တာနက်ကို ကောင်းကောင်းအသုံးပြုပြီး အင်္ဂ်လိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ဖတ်တတ်တယ်ဆိုတာပဲ၊ ခင်ဗျားကို နာမည်ဋ္ဌကီးသွားအောင် လုပ်ပေးတဲ့ သူ့ အကြောင်းကို နည်းနည်းလေးမြည်းစမ်းဖတ်ကြည့်ပါအုံး။

David Baines has been uncovering white collar crime, stock fraud in particular, for the past 23 years. He has an MBA from the University of Western Ontario and has won four National Newspaper Awards, a National Magazine Award and five Jack Webster Awards. His column appears regularly on Wednesdays and Saturdays, and on other days as events occur.

Anonymous said...

ယူဒီပီတွင် အမာခံအလုပ်လုပ်နေသူမှာ နှစ်ဦးတည်းသာဖြစ်ပါသည်။ ၄င်းတို့ မှာ ဦးကျော်မိုး (အတွေအထွေအတွင်းရေးမှူး) နှင့် ဦးနေိာဆန်း (တွဲဖက်အထွေထွေအတွင်းရေးမှူး)တို့ ဖြစ်ပါသည်။ ၄င်းတို့ နှစ်ဦးသည် ၀ါဒဖြန့်ချီရေးကို ထင်ရှားကြော်ကြားသူများ အယောင်ဆောင်ကာ တွင်တွင်ကြီး ဖြန့် ချီလျှက်ရှိပါသည်။
ယူဒီပီပါတီဝင်အနည်းအကျဉ်းသာရှိသော်လည်း အများကြီးရှိနေသယောင် ပုံမှားရိုက်ထားပါသည်။
ရှိနေသော အနည်းအကျဉ်းသည် ဦးကျော်မြင့် အဋ္ဌေကာင်း တလုံးတပါဒမျှ သိပုံမရဋ္ဌကပါ။

Anonymous said...

ဧ၇ာဝတီဟာမသေချာမေ၇၇ာတာကိုချဲ.ေ၇းတာအားလုံး အသိ၊မကြာသေးခင်ကဘဲ၇ခိုင်နဲ.၇ိုဟင်ဂျာအတူတူပါဆိုတဲ.မှုဆလင်တယောက်ဗြူးသလိုလိုနဲ.၇ခိုင်တွေကိုစော်ကားခဲ.တယ်။နိုင်ငံေ၇းဗန်းပြပြီးအမျိုးသားေ၇းဖေါက်ပြန်တဲ.ဧ၇ာဝတီတ၇ားစွဲခံ၇တာနည်းတောင်နည်းသေးတယ်။ဦးကျော်မြင်.၇ယ်တ ၇ားစွဲမဲ.အစားတခါတည်းသာ၇ှင်းလိုက်ပါတော.

Anonymous said...

I have no problem with chinese. But why does he needs to lie as a kachin and I am sure he's to be related to narcotic things. Everybody knows chinese accent. Chinese in northern shan state to be precise. Kachinpost praise him. I can't believe it. What the hack is wrong with u guys. IF There is power in his hand there will surely be disasters.

Anonymous said...

I can't believe he said he's kachin and I can't believe kachinpost wrote article about him as a hero. Everybody with human brain can know that his accent is chinese. I am not against chinese but this is an insult and I believe he definitely must have involve in drug traffiking. Please Dig more information about him. I am a kachin and I'm definitely against this chinese. No kachin speaks like him. Wa Shin Don Di Shi is kachin accent huh? funny. Everyone should listen to VOA interview. This is not the first one VOA broadcast a lot of fake news without investigation. Don't ever read VOA. Without any prove they trust their informer with a brain as big as an ant. Stupid and corrupted VOA. Fake activists. Shame on Both VOA and Hua Hu.