Saturday 7 March 2009

မီးမလာတဲ့အတွက် မော်လမြိုင်ကျောင်းသားတွေဆန္ဒပြပြီ


မတ်လ ၆ ရက် နေ့ ည က မော်လမြိုင်မှာ ကျောင်းသားနဲ့ လူထု စုစုပေါင်း ၁၀၀၀ ခန့်  အီပီစီ ( လျပ်စစ်ရုံးရုံးရှိရာ မန္တလေးရပ်ကွက်ု သွားရောက် ၀ိုင်းကြတယ်လို့ သိရတယ်။ မီးမလာ တဲ့အတွက် ၁၀ တန်းစာမေးပွဲ နီးနေချိန်ဖြစ်ရာ ကျောင်းသားတွေစာကျက်လို့ မရဖြစ်ကြရတယ်လို့ သိရတယ်။
သည်းမခံနိင်တဲ့အဆုံးမှာ ကျောင်းသားတွေ က လျပ်စစ်ရုံးကိုဝိုင်းဝန်း ပြီးဆန္ဒပြကြခြင်းဖြစ်တယ်။ဆိုင်ကယ်တွေပါပါတယ်။တမြို့ လုံးကိုလှည့်ပြီးဆန္ဒပြကြဖို့ စီစဉ်ကြတယ်။ မြို့ကိုလှည့်ပတ်ဆန္ဒပြကြပြီး ဆိုင်ကယ်က အစီး ၂၀၀ ခန့် အထိဖြစ်လာတယ်။ လူတွေတစတစများလာပြီး လျပ်စစ်ရုံးကိုခဲတွေနဲ့ ဝိုင်းပေါက်ကြတယ်အထိ တင်းမာသွားတယ်။
လျှပ်စစ်ရုံးခြံစည်းရိုးကိုရိုက်ချိုးလိုက်ကြတယ်။ မီးစက်ကိုခဲတွေနဲ့ပြစ်ပေါက်ကြတယ်။ ပြီးတဲ့အခါမှာ မော်လမြိုင်မှမုဒုံဖက်ထွက်တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဖက်ကို ဆက်လက်ချီတက်ကြတယ်။စစ်ဌာနချုပ်ကြီးတခုလုံးမီးလင်းနေတာတွေ့ တဲ့အတွက်ကျောင်းသားတွေပိုပြီးဒေါသထွက်လာကြပြီး အော်ဟစ်ဆန္ဒပြပြီးပြန်လာကြတယ်။ ဆန္ဒပြမှု ရဲ့ရလဒ်ကြောင့် မတ်လ ၇ ရက်နေ့ ကစပြီး တမြို့ လုံး မီးပြန်ရနေတယ်လို့ သိရတယ်။ ရန်ကုန် မှာဒီသတင်းကိုကြားတဲ့အတွက် ရန်ကုန်ကျောင်းသားတွေက စိတ်ဝင်စားလာကြပြီလို့ သိရတယ်။ရန်ကုန်ကျောင်းသားတွေ က ဆန္ဒပြဖို့ စတင် ပြင်ဆင်နေကြပြီလို့ သိရတယ်။

မီးလာဖို့ အတွက်ကျောင်းသားတွေ မီးထိုးပေးကြ။ အလင်းရဖို့ အတွက် တိုက်ပွဲဝင်ကြ။ မီးပုံမှန်လာရေး ဒို့အရေး။ စသဖြင့်ကျောင်းသားတွေ က သပိတ်မှောက်ဖို့ စီစဉ်နေကြကြောင်းသိရတယ်။ ရေဒီယို မီဒီယာတွေက ဒီသတင်းတွေကို ဖြန့် ပေးကြဖို့လိုအပ်တယ်။ ဆယ်တန်းစာမေးပွဲ က ၁၁ ရက်နေမှာ စတင်ဖြေဆိုရမယ်လို့ သိရတယ်။

1 comment :

Unknown said...

မြှောက်ပေးနေပြန်ပြီ