Monday 2 March 2009

ပုလင်းထဲက စာ





- သကြားမင်းကြီး -

မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နတ်ပြည်နဲ့ ငရဲပြည်တို့ဟာ အမြဲတမ်းထိပ်တိုက်ဖြစ်နေကြတယ်။ နတ်ပြည်က ပေါတာကြီးသန်းရွှေကို အရေးယူဖို့ အဆိုပြုတိုင်း ငရဲ ပြည်ကကန့်ကွက်တယ်။ ငရဲပြည်က ဒါဟာ ပြည်တွင်းရေးလို့ ဆင်ခြေပေးလေ့ရှိတယ်။ ပေါတာကြီးကိုအရေးမယူနိင်အောင်နည်းမျိုးစုံနဲ့ အကာကွယ်ပေး နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ပေါတာကြီး ဆိုးမိုက်နေသမျှ ငရဲပြည်က အတော့လေးကို အကျိုးရှိနေသတဲ့။ ပေါတာကြီးသန်းရွှေက မန္တလေးဘီယာထဲမှာ မိုက်တွင်းနက်စေတဲ့ ဆေးတွေကို ထည့်ရမယ်လို့ လျှိုလ်ဝှက်ညွန်ကြားထားတဲ့အတွက် မြန်မာတွေ ဟာ ဘယ်ခေတ်နဲ့ မတူလောက်အောင်ကို အကျင့်စာရိတ္တ ပျက်စီးနေကြသတဲ့။ ခိုးတယ်။ အသေးအမွှားကစ လိမ်တယ်။ ယိုင်းပင်းကူညီစိတ်တစက်မှမရှိဘူး။ မေတ္တာတရား တွေနည်းလာတယ်။ လူလိမ်၊ဘုန်းကြီးလိမ်၊ဆရာလိမ်တွေ တွေတောင်ဒုနဲ့ဒေးဖြစ်လာတယ်။ သူတို့ သေရင် ငရဲပြည်ကိုဗီဇာမလိုပဲ ရောက်ကုန်ကြတဲ့အတွက် ငရဲ ပြည်ဟာ အလွန်ကို စီးပွားတက်လာတယ်ဆိုပဲ။ ငရဲပြည်မှာ သင်္ကန်းတွေကို တ၀က်ဈေးနဲ့ ပြန်ရောင်းတာတောင်အတော်တွက်ချေကိုက်ဆိုပဲ။

အရင်က အလုပ်လက်မဲ့ဖြစ်နေတဲ့ငရဲသားတွေဟာ မြန်မာပြည်ကနေ ငရဲကျလာတဲ့ လူ၊ ဘုန်းကြီး၊ ကျောင်းဆရာ၊ ဆရာဝန်၊ ရှေ့ နေ ၊ မင်းသမီး၊မင်းသား တွေ ကို နိပ်စက်ကလူ လုပ်ရတဲ့ပရောဂျက်တွေ ကြောင့် အတော့လေးကို စီးပွားတက်လာကြတယ်။ ငရဲပြည်မှာ ဂျီဒီပီ တောင်တက်လာတယ်ဆိုပဲ။ ဘာဂျက်ပိုငွေ ပြနေတယ်။

ပြောင်းပြန်အား ဖြင့် နတ်ပြည်တော့ မြန်မာ ပြည်က လာနေကြ နတ်သားဦးရေဟာ အတော့လေးကို နည်းလာသတဲ့။ ၈၈ ဖြစ်တုံးကရောက်လာတဲ့နတ်သားတွေပြီးကတည်း နောက်ထပ်မရောက် သလောက်ဖြစ်လာ တဲ့အတွက် နတ်သားဦးရေ သိသိသာသာ လျော့ကျပြီး နတ်ပြည် ဆိုင်ရာ လုံခြုံရေးကို ထိခိုက်နေပြီလို့ တာဝရိန်သာတိုင်း သတင်းစာကြီးက မကြာခဏ သတိပေးနေရတယ်။

ဒီလိုဖြစ်ရတာဟာ နတ်ပြည်ကို အုပ်ချုပ်နေတဲ့ သကြားမင်းကြီး ကြောင့်လို့ဝေဖန်ရေးကြတယ်။ နတ်အတိုက်အခံ တွေကလည်း သကြားမင်းကြီးဟာ ဗာကေးရှင်းယူတာများတယ်။ နတ်သမီးတွေနဲ့ ရှုပ်တယ်။ ဒီတခေါက် ရွေးကောက်ပွဲမှာ သကြားမင်းကြီး ပြုတ်နိင်တယ်စသဖြင့် သောက်ရမ်းကာရောရေးနေကြသတဲ့။


ဒီကြားတဲမှာပေါတာကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာအကျယ်ချုပ်သက်တန်း တနစ်ထပ်မံ တိုးလိုက်တဲ့အခါမှာ နတ်ပြည်နဲ့ ငရဲပြည် စကားများရပြီး နတ်ပြည်ဟာ စစ်တိုက်ရမ လိုဖြစ်လာ တဲ့အထိတင်းမာလာတော့တယ်။ စစ်ဖြစ်ရင် နစ်နိင်ငံစလုံးနာမယ်။ ဒီတော့ လျှိုလ်ဝှက် သဘောတူညီချက်တခုကိုလုပ်လိုက်တယ်။ ပေါတာကြီးသန်းရွှေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဦးအောင်ရွှေတို့ တယောက်ချင်းချပါစေ။ တယောက်ယောက်သေသွားရင် အရှုံးအနိင်ပေါ်မယ်။ သကြားမင်းကြီး နဲ့ ငရဲ မင်းကြီး သဘောတူညီချက်ကို လုပ် ပြီးတဲ့အခါမှာ ကိုယ်စားလှယ်တွေ လွှတ်ပြီးသွား ဆွေးနွေးခိုင်းတယ်။ ငရဲမင်းကြီးက ပေါတာကြီးတို့အဖွဲ့ ကိုသွားဆွေးနွေးတယ်။ ပေါတာကြီးက ငါသွားမယ်လို့ ပြောတဲ့အခါမှာ ငမူးမောင်အေးရော၊ သောက်ရမ်းရွှေမန်း ရောက သဘောတူတယ်။ သကြားမင်းကြီးကလည်း ဒီချုပ်ခေါင်းဆောင်တွေကို သွားပြီး အစီအစဉ်ကိုဆွေးနွေးပြတယ်။

ဒီချုပ်ထဲမှာတော့ ပေါတာကြီးနဲ့တယောက်ချင်းချဖို့ ခေါင်းဆောင်ကို ရွေးလို့ မရဘူးဖြစ်နေတယ်။ နင်သွားငါသွား နဲ့ တွက်ကပ်နေကြတယ်။

နောက်တကြောင်းကလည်း တယောက်ထဲလွှတ်လိုက်ရင် ပေါတာကြီးနဲ့ လျှိုလ်ဝှက်သဘောတူညီမှု ယူလိုက်မှာကိုလည်း စိတ်မချနိင်ဘူးဖြစ်နေကြတယ်။ ဒါနဲ့ ဒီမိုကရေစီနည်းကျကျ အားလုံးသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီချုပ်ဆုံးဖြတ်ချက်ကို ကြည့် ပြီးသကြားမင်းကြီးလည်း စိတ်ပျက်သွားတာပေါ့။ ဒါနဲ့ ငရဲမင်းနဲ့ ပြန်ပြီးဆွေးနွေးရတယ်။ ကျူပ်လူတွေကတယောက်ချင်း ချတာကို သဘောမတူဘူး အားလုံးနဲ့ ချရမှချမယ်လို့ ဆိုတယ်လို့ ဆိုတော့၊ ငရဲမင်းကြီးက ပေါတာကြီးကို ဖြစ်လားလို့ မေးတော့ ပေါတာကြီးက တယောက်နဲ့  ၁၀၀လာလည်းချမယ်။ စိန်လိုက်လို့ ဆိုလိုက်တဲ့အတွက် စိန်ခေါ်ပွဲဟာ အထမြောက် သွားတော့တယ်။

ဒါနဲ့ ပေါတာကြီးနဲ့ ဒီချုပ် အလုပ်မှုဆောင်တွေကိုခေါ်ပြီး အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတကျွန်းပေါ်ကို ခေါ်သွား ကြတယ်။ ငရဲမင်းကြီး နဲ့သကြားမင်းကြီးက မင်းလူလည်းမကူနဲ့ ငါ့လူလည်းမကူကြေးလို့ ကတိပြုကြတယ်။ သူတို့ ကို ကျွန်းကြီးပေါ်တင်ပြီးပြန်ခါနီးမှာ သူလူကိုယ်လူ မှာစရာရှိတာတွေကို မှာနေကြတယ်။ ငရဲမင်းကြီက သူတပည့်ပေါတာကြီးကို ဒီကောင်တွေကို အသေချပေတော့ လို့ မှာတယ်။ ပေါတာကြီးက စိတ်သာချလို့ အာမာခံ တယ်။

သကြားမင်းကြီးကတော့ ဒီချုပ်အမှုဆောင်တွေအတွက် အတော့ကို စိတ်ပူရှာတယ်။ ဒီတော့ ငရဲမင်းကြီး အလစ်မှာ ဦးအောင်ရွှေနားကိုကပ်ပြီး ခဲတံတချောင်း အသာကပ်ပြီးပေးလိုက်ရင်း ဒီခဲတံက သာမန်ခဲတံမဟုတ်ဘူး ဆူပါမက်ဂျစ်ခဲတံ( Super Magic Pencil) ခင်ဗျားလိုတာတွေကို မြေကြီးပေါ်မှာပုံဆွဲလိုက်အကုန်ဖြစ်လာလိမ့်မယ်လို့  ဆိုတယ်။

ဒါနဲ့သကြားမင်းကြီးနဲ့ ငရဲမင်းကြီးတို့ ပြန်သွားကြတယ်။ သူတို့ ပြန်သွားကြတဲ့အခါမှာတော့ ပေါတာကြီးဟာ ဒိုက်အကြိမ် ၁၀၀ ထိုးလိုက်တယ်။ ပြီးတော့ ခွေးမသားတွေ ငါအကြောင်းသိစေရမယ်လို့ ဒီချုပ်ခေါင်းဆောင်တွေကို ကြိမ်းဝါး ပြီး သစ်ဝါးတွေခုတ်ပြီး အချုပ်ခန်းတခုဆောက်နေသတဲ့။

ဒီချုပ်က လူကြီးတွေလည်း သူမအားသေးဘူးထင်ပါတယ်။ တရေးလောက်အိပ်လိုက်ကြစို့ ဆိုပြီး အိပ်လိုက်ကြတယ်။ ပေါတာကြီးက အိပ်ပျော်နေတဲ့ ဒီချုပ်ခေါင်းဆောင်တွေကို တယောက်ပြီး တယောက် ဖမ်းပြီးထောင်ချလိုက်တယ်။ သူတို့နိုးလာတဲ့အခါမှာတော့ ထောင်ထဲရောက်နေတာကိုတွေ့လိုက်ရတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတော့ဘူးဖြစ်သွားကြတယ်။ ဒီအခါမှာ ဦးအောင်ရွှေက ဘာမှမပူနဲ့ အမူဆောင်တို့ ကျနော်မှာ သကြားမင်းကြီးပေးသွားတဲ့ခဲတံရှိတယ်။ လိုချင်တာကိုပုံဆွဲလိုက်တာနဲ့ ဖြစ်လာစေမယ်လို့ဆိုတယ်။ ဘာပုံဆွဲရင်ကောင်းမလဲဆိုတာကို အစည်းဝေးထိုင်လိုက်ကြတယ်။ တယောက် တပေါက်ငြင်းနေကြတာနဲ့  နေ၀င်သွားသတဲ့။

မနက်ကြမှဆက်ဆွဲတာပေါ့ဆိုပြီး အိပ်ရေးဝမှာပုံလှလှဆွဲနိင်မယ်လိုပြီး စောစောဝင်အိပ်လိုက်ကြပြန်တယ်။ နိုးလာတော့ ဆက်ပြီးအစည်းဝေးထိုင်ကြတယ်။ တယောက်က တင့်ကားပုံဆွဲသင့်တယ်။ တင့်ကားဖြစ်လာရင် တင့်ကားနဲ့ ပေါတာကြီး ကို ပြစ်နိင်တယ်လို့ ဆိုတယ်။ ဒီအခါမှာ ကျန်တဲ့သူတွေက ကန့်ကွက်တယ်။ တယောက်က တင့်ကားဆွဲလို့ မဖြစ်ဘူး ဒေါ်အောင်ဆန်းစုကြည်ပေါ်လစီနဲ့ မကိုက်ဘူးလို့ဆိုတယ်။ တယောက်က အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ကိုဆန်ကျင်နေတယ်လို့ဆိုတယ်။ဒါနဲ့ တင့်ကားပုံ ဆွဲမဲ့အစီအစဉ်ကို ဖျက်လိုက်တယ်။

ဒီအခါမှာ အမှုဆောင်တယောက် က သဘာပတိကြီးခင်ဗျား။ လူပုံတွေအများကြီးဆွဲလိုက်ပါ။ ဒါဆိုရင် လူတွေဖြစ်လာမယ်။ လူတွေဖြစ်လာရင် ပေါတာကြီးကို ဆန္ဒပြခိုင်းနိင်တယ်လို့ အဆိုပြုတယ်။ ဒါပေမဲ့လည်း ကျန်တဲ့သူတွေက ကန့် ကွက်ကြပြန်တယ်။ ဟာ မဖြစ်ဘူးကွ လူတွေသေကုန်ရင် ဒို့ ခေါင်းပေါ်ကျ လာမယ်။ တာဝန်မခံသင့်ဘူးလို့ ဆိုတာနဲ့ လူပုံတွေဆွဲမဲ့ အကြံကိုလည်း လက်လျော့လိုက်ကြ ပြန်တယ်။

နောက်ဆုံးမှာတော့ အကြံတခုရသွားကြတယ်။ ဒီအကြံကောင်းတယ်လို့တညီတညွတ်တည်း ဆုံးဖြတ်တယ်။ အကြံ အတိုင်း ပုလင်းပုံနဲ့ စာရွက် ပုံဆွဲလိုက်တယ်။ ပုလင်းနဲ့ စာရွက်ဖြစ်လာတယ်။ စာရွက်ပေါ်မှာ စာရေးပြီးပုလင်းထဲကို ထည့်ပြီးရေထဲမျော်လိုက်ကြတယ်။ ပေါတာကြီးက ဒီချုပ်ခေါင်းဆောင်တွေ ကိုထောင်ထဲ မှာထည့်ပြီး အစာရေးစာ အငတ်ထားလိုက်တဲ့အတွက် ဒီချုပ်ခေါင်းဆောင် တယောက်ပြီးတယောက် မလကီးယားကြွ သွားကြတယ်။ ငရဲမင်းကြီးက ဂျိုလ်ကြီးကို သပြီး သကြားမင်းကြီးဖက်ကိုလှည့်က ခင်ဗျား လူတွေတော့ သေကုန်ပြီး ကတိ အတိုင်း ပဲ ခင်ဗျား မြန်မာအရေးကိုဝင်ရှုပ်နဲ့ တော့လို့ ပြောပြီးငရဲပြည်ကိုပြန်သွားတယ်။

်သကြားမင်းကြီးလည်း စိတ်ပျက်လက်ပြက်နဲ့ တော်တော်ညံတဲ့ကောင်တွေပဲ လို့ ညီးတွားရင်းနတ်ပြည်ကို ပြန်တက်ဖို့ အလုပ် ပင်လယ်ထဲမှာတလက်လက်နဲ့ မျောလာတဲ့ပုလင်းလေးကို တွေ့ တာနဲ့ ဘာလေးပါလိမ့် ဆို ပြီး ရေထဲက ဆယ်လိုက်တယ်။

ပုလင်းထဲက စာကို ဖတ်လိုက်တဲ့အခါမှာတော့ Free Aung San Suu Kyi လို့ ရေးထားတာကိုတွေ့လိုက်ရသတဲ့။


King Sugar
၆-၆-၂၀၀၆

Rest of your post

3 comments :

Anonymous said...

what a nice point!
i like that!
Really reflect to myanmar affair

Anonymous said...

very good,its a reality.

Anonymous said...

very good.its reality.