Sunday, 8 March 2009

ပြောရဦးမယ် ဘဦးရေ၊



-ဆလိုင်းကိုကိုဦး-


ဂမ်ဘာရီရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရေးစာတန်း ထွက်လာတော့ အသံတွေကမျိုးစုံထွက်လာကြတယ်၊ ဝင်သင့်တယ် မဝင်သင့် ဘူး စသည်ဖြင့်ပေါ့ကွာ၊ လွတ်လပ်တဲ့မြန်မာ့ရေဒီယိုတွေကလည်း နှားစေးနေတဲ့ အချိန်ပေါ့ကွာ၊ မင်းလည်းသိပါတယ်ကွာ အဲသည်ရေဒီယိုတွေက ဂမ်ဘာရီရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရေး စာတန်းတိုက်တွန်းချက်ကို အဓိကချေပပြောဆိုရမဲ့သူတွေကို အင်တာဗျူးတွေမလုပ်ကြတော့ဘဲ မဆီမဆိုင် သူတွေကို ခေါ်ပြီး အင်တာဗျူးတွေလုပ်ကြတာ၊ အမှန်တကယ်ဆို ၁၉၉ဝ ရွေး ကောက်ပွဲရလဒ်ကို ဆုတ်ကိုင်ထား ပါတယ်ဆိုတဲ့ သူတွေက ရှေ့ကိုထွက်မလာဘဲ အင်တာဗျူးတွေကို တမင်တကာရှောင်ရှား နေမှန်းသိသာ လှပါတယ်၊ ယှဉ်ပြိုင်အစိုးရဖွဲ့စည်တုန်းက သူတို့လောက်၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ချစ်တဲ့သူတွေ မရှိတော့ ဘူး၊ ပြောနေကြတာမင်းလည်းကြားနေရမှာပေါ့ကွာ၊ legitimacy ဆိုတဲ့စကားကို ထပ်ကာတလည်းလည်း ပြောနေကြတဲ့ သူတွေက အခုတော့ဂမ်ဘာရီရဲ့စာတန်းအပေါ် နှားစေးနေကြတာကို ဘယ်လိုလုပ်ပြီး နားလည် ပေးရမှာလဲ၊

ဘဦးရေ တကယ်ဆိုမင်းစဉ်းစားကြည့်၊ သူတို့လည်းတစ်စိတ်ထဲတစ်ညာဏ်ထဲဆိုတာ မင်းမကြာခင်မြင်ရတော့ မှာ ပါကွာ၊ ဂမ်ဘာရီရဲ့စာတန်းဆိုတာကလည်း ပြည်တွင်းပြည်ပမှာရှိတဲ့ အတိုက်အခံ (အမှန်တကယ် အတိုက်အခံမဟုတ်သူများ) များနဲ့တွေ့ပြီးမှ ဒီစာတန်းကို ဂျပန်ရောက်မှထုတ်ပြန်တယ်ဆိုတော့ အင်း မဟုတ်မှလွဲရော ဒါလုပ်ဇတ်ကြီးဆိုတာရှင်းပါ တယ်ကွာ၊ legitimacy ကိုဦးထိပ်ထားတာပါတယ်ဆိုတဲ့ ဦးစိန်ဝင်းရော၊ ကိုသောင်းထွန်းရော ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုထားတာ မကြားမိသေးပါဘူးကွာ၊ ဦးဘိုလှတင့် အင်တာဗျူးတစ်ခုမှာ မရေမရာပြောသွား တာကိုတော့ မင်းလည်း ကြားရမှာ ပေါ့ကွာ၊ သတင်းဌါနတွေဆိုတာကလည်း သူတို့နဲ့များနားလည်မှုယူထားသလားလို့ တောင်အောင့်မေ့ ရတယ်၊ နှာစေးပြနေတာ ဒီနေ့အထိဘဲဆိုပါတော့ကွာ၊

ကုလသမဂနဲ့အာဆီယမ်နိုင်ငံတွေက ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရေးကို မကြာခဏပြောနေချိန်မှာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ခြေခံထားပါတယ်ဆိုတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရက ငြိမ်ခံနေတယ်ဆိုတာကတော့ မဟုတ်မှလွဲရော နောက်ကွယ်မှာ လက်ဝါးရိုက်ထားပုံရပါတယ်၊ အေးလေ သူတို့ကို ငွေကြေးထောက်ပံ့ပေးထား တဲ့ အမ်ဂျီအိုအဖွဲ့တွေ့ရဲ့ ဘောင်ထဲမှာ ရောက်နေတော့ လည်း၊ ဆရာသမားတွေငြိမ်ကုတ်ပြီးနေတာတော့ မဆန်းပါဘူး၊ တကယ်တော့ သူတို့ဟာ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို သူတို့အခုလက်ရှိဘဝကိုစွန့်လွတ်ပြီး မချစ်နိုင်ဘူးဆိုတာ အလွန်ကိုရှင်းပါတယ်၊

ဘဦးရေ၊ တစ်လောက အင်တာနက်ပေါ်ကဖြစ်ရပ်လေးတစ်ခုပေါ့ကွာ၊ ကိုသောင်းထွန်းက ပြည်တွင်းက အမ်အယ်ဒီ ကို ရွေးကောက်ပွဲကိုဝင်ရေး တိုက်တွန်းတာမဟုတ်ကြောင်း မြန်မာဘာသာနဲ့ ရေးသားတဲ့ အင်တာဗျူးတစ်ခုမှာ ငြင်းထားတာ တွေ့တယ်ကွ၊ အင်္ဂလိပ်လိုရေးတဲ့သတင်းစာတွေမှာရော သူတို့ရဲ့ သဘောထား ကြေငြာချက်မှာရော သူတို့ဖေါ်ပြငြင်း ဆိုထားတာမတွေ့ရပါဘူးကွာ၊ သူတို့ကြောက်ရတဲ့ ဒိုနာတွေ ဆီသတင်းပေါက်ကြားသွားမှာစိုးလို့ထင်ပါတယ်၊ ဒါပေမဲ့ကွာ ဂမ်ဘာရီရဲ့စာတန်းကို သူတို့မြန်မာလိုရော အင်္ဂလိပ်လိုရော ပြောင်ပြောင်တင်းတင်းငြင်းထားတာ ဒီနေ့ထိမတွေ့ရသေးဘူးကွ၊ မင်းတကယ်လို့ သူတို့လက်ရှိ ဂမ်ဘာရီရဲ့စာတန်းကိုငြင်းထားတာတွေ့ရင် ငါဆီမဖြင့်ဖြစ်တဲ့နည်းနဲ့ ပို့ပေးစမ်းပါကွာ၊

ဘန်ကီမွန်းကတောင် ရွေးကောက်ပွဲလေ့လာစမ်းစစ်ရေးအဖွဲ့ကို စေလွှတ်ဘို့ပြင်နေပြီးဆိုတော့ လုပ်ဇတ်ကြီးက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီကွာ၊ နိုင်ငံတကာက ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အမှိုက်ချင်းထဲ ပြစ်ထည့်လိုက်ပြီဆိုတော့ လည်း ညွန့်ပေါင်းအစိုးရနဲ့အမတ်တွေလည်း အမှိုက်ချင်းထဲ အလိုလိုရောက်သွားပြီ ပေါ့ကွာ၊ အမှန်တကယ်တော့ သူတို့တစ်တွေ ဟာ ကိုယ်အချင်းချင်းကျောချင်းကပ်ရမည့်အစား ငါအမတ်ဘဲဟေ့ ဆိုပြီး ဖေါ်လန်ဖါးတွေမြှောက်ပေးတဲ့အတိုင်းလိုက်လုပ်တော့ နိုင်ငံရေးဘဝဆုံးတော့မယ်၊ ရွေးကောက်ပွဲ ပြန်ဝင် ရင်လည်း သူတို့ကိုမဲပေးမဲ့လူလည်း ရှိမှာမဟုတ်တော့ဘူးဆိုတော့ သူတို့ဘာ ဖြစ်တော့မယ် ဆိုတာမင်းဘဲ တွေးကြည့်တော့ကွာ၊

ဘဦးရေ၊ လက်ရှိနိုင်ငံတကာလေသံအရဆိုလျှင် ပြည်တွင်းကအမ်အယ်ဒီခေါင်းဆောင်တစ်ချို့ကတောင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေးကို ချွင်းချက်နဲ့လက်ခံခဲ့လေသလား၊ ဘန်ကီမွန်းရဲ့ ရွေးကောက်ပွဲလေ့လာစမ်းစစ်ရေးအဖွဲ့ ဆိုတာကလည်း နေရင်းထိုင် ရင်းပေါ်လာတာမဖြစ်နိုင်ဘူး၊ အဓိကျတဲ့သူတွေထဲက မီးစိမ်းပြလိုက်လို့ ဖြစ်မှာ ပေါ့ကွာ၊ ဂမ်ဘာရီရဲ့စာတန်း၊ ဘန်ကီမွန်းရဲ့ ရွေးကောက်ပွဲလေ့လာစမ်းစစ်ရေးအဖွဲ့၊ အာဆီယမ်ခေါင်းဆောင်တွေ ရဲ့တိုက် တွန်းပြောဆိုချက်၊ သတင်းဌါနတွေရဲ့ထူးခြား စွာနှာစေးနေမှုနဲ့အတူ၊ ဒါတွေအားလုံးကို ပေါင်းစု ကြည့်လိုက်ရင် နိုင်ငံရေးလုပ်ဇတ်ကြီးကတော့ တော်တော်ကြီးရှင်းရှင်း လင်းလင်းပေါ်နေပါပြီ၊

ဘဦးရေ၊ တစ်ချို့သူတွေဆိုရင် တတိယအုပ်စု(ခြံစည်းရိုးခွထိုင်သူများ)တွေနဲ့တောင် ရင်းရင်းနှီးနှီးရှိနေကြတာကိုကြားနေရတယ်၊ အေးလေဆရာကြီးဇော်ဦးတောင်မှ နိုင်ငံရေးအရ စစ်အာဏာရှင်တွေဆီမှာ အညံ့ခံ လိုက်ပြီဆိုတော့ ခြံစည်းရိုးခွထိုင်တာလောက် တော့ လုပ်လာကြမဲ့သူတွေ ပေါ်လာဦးမှာပါဘဲ၊ တကယ်ဆိုရင် ဇော်ဦးလိုလူမျိုးဟာ ငါတို့အတွင်း စည်းထဲကရန်သူဖြစ်နေပြီ၊ သူ့ကိုလက်ခံပေါင်းသင်းနေသူရှိနေသရွေ့ သူ့ဟာဒီမိုကရေစီအင်အားစုတွေအတွငိးမှာ လှိုက်စားနေ မှာဘဲ၊ မင်းဘဲစဉ်းစားကြည့်လေ၊ ကိုဝင်းမင်းတို့ အောင်သူငြိမ်းတို့ကို သူရဲ့အောက်ကိုရအောင်ဆွဲသွင်းနိုင်ခဲ့တာကိုဘဲကြည့်လေ၊ ပြီးတော့အခုဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်စဉ်တစ်ခုအနေနဲ့လက်ခံသင့်ပါတယ်လို့တောင် ပြောလာကြပြီ၊ အမှန်တကယ် တော့ ဒါဟာ ၁၉၉ဝ ရွေးကောက်ပွဲကို ဒေါ်လာ၊ ယူရိုငွေတွေနဲ့အပေါင်ထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဘို့ အမ်အယ်ဒီကို တန်ဆာခံလုပ်မဲ့ဖြစ်စဉ်ပါဘဲ၊

၂ဝ၁ဝ ကျရင်တော့ မင်းသားခေါင်းပေါင်း ကွာကျလာတော့မှာ၊ ဘယ်သူတွေဘာလည်းဘယ်လည်း ရှင်းရှင်းလင်းလင်း မြင်ကြရရင်တော့ ငါတို့သူတို့နဲ့ ရန်ငါစည်း ပြတ်ကြရတော့မှာ၊ ရန်သူအလိုကျ ပူးပေါင်းဆောင်ရွက်သူတွေအားလုံးဟာ ငါတို့ရဲ့မဟာမိတ် ဘယ်လိုမှမဖြစ်နိုင်တော့ဘူး ဘဦးရေ၊

မင်းရဲ့သူငယ်ချင်း
ဆလိုင်းကိုကိုဦး
၂ဝဝ၉ ခု၊ မတ်လ ရ ရက်၊ မနက် ၃း၃ဝ





Rest of your post

No comments :