Tuesday, 31 March 2009

န အဖ နဲ့  ၀သဖ ချ ကြတော့ မည်လော

မတ်လ ၃၀ ရက်နေ့ က ပြည်မမှာတပ်စွဲထားတဲ့စစ်ကားများ ဟာ ၀ နယ်ဖက်ကို ဦးတည် ပြီးသွားနေပြီလို့ 
ပြည်တွင်းက မြေအောက်ရဲဘော်များက သတင်းပေးပို့ လာပါတယ်။ သူတို့ ရဲ့ အဆိုအရ နအဖ ဟာ ၀ ကို ဖိအားစတင်ပေးနေပြီ ။ ရွေးကောက်ပွဲကို ၀င်၊ အခြေခံဥပေဒကိုလက်ခံခိုင်းနေပြီလို့ သိရတယ်။ တကယ်လို့ ဝ က လက်မခံဘူးဆိုရင်တော့ ၄ လပိုင်းမှာ စတင်တိုက်ခိုက်လာနိင်ခြေရှိတယ်လို့  သုံးသပ်ကြပါတယ်။

စစ်တပ်က တဖက်သတ်ရေးစွဲထားတဲ့အခြေခံဥပဒေအရ - တိုင်းရင်းသားအခွင့်အရေးတွေကို ဘာမှအာမခံချက်ပေးမထားပါဘူး။ ၀ ပြည်နယ်ကိုလည်း အလွန်ဆုံးမှ အထူးဒေသ အဆင့် ပဲထားမှာဖြစ်ပါတယ်။ပြည်နယ်တွေအတွက်အာဏာကိုဘယ်လိုခွဲဝေမလဲဆိုတာမသေချာမရေဖြစ်နေတဲ့အတွက်
တိုင်းရင်းသားတွေကလည်း ရွေးကောက်ပွဲကို ၀င်ဖို့ တွန့် ဆုတ်နေကြပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့နအဖအခြေခံဥပဒေအရ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှာ မဟုတ်လို့ ဖြစ်ပါတယ်။ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဘာလဲဆိုရင်တော့ တိုင်းရင်းသား ဘာသာစကားတွေကို ပြည်နယ်တွေမှာအသုံးပြုခွင့်၊ ပြည်နယ်အစိုးရကိုဖွဲ့ စည်းနိင်ခွင့်၊ ပြည်နယ် နယ်နမိတ်ကိုသတ်မှတ်ပိုင်ခွင့်၊ ပြည်နယ်တွေမှာပါတီစုံဒီမိုကရေစီကို ကျင့်သုံးပိုင်ခွင့်၊ တိုင်းရင်းသားပြည်နယ်တွေက သဘ၀အရင်းမြစ်တွေကို သက်ဆိုင်ရာတိုင်းရင်းသား ပြည်နယ်များကသာ စီမံခန့် ခွဲပိုင်ခွင့် စတဲ့ အချက်တွေဖြစ်ပါတယ်။ နအဖ က တိုင်းရင်းသားတွေ မပါပဲ ရွေးကောက်ပွဲနဲ့ ဖွဲ့ စည်းပုံကို နသားပါရ အတည်ပြုမယ်ဆိုရင်တော့ ၀မရှိပဲ ၀ိလုပ်တဲ့ အခြေခံဥဒေပဲဖြစ်ပါတောမယ်။


Summary

Rest of your post

No comments :