

-ဇင်မင်းထက်-
တောင်ပစ္စိဖိတ် သမုဒ္ဒရာရှိ တန်ဂါကျွန်းနိုင်ငံ ( Tonga) မှာ ရက်ပေါင်းများစွာ ပင်လယ်အောက် မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားနေတာကြောင့် နိုင်ငံတကာ ဘူမိဗေဒ သိပ္ပံပညာရှင်များ၊ မီးတောင်ပေါက်ကွဲမှုများ ကိုလေ့လာနေကြသော သုတေသီများ၊ အစိုးရ တာဝန်ရှိသူများ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဟာ မီးတောင် ပေါက်ကွဲနေသာ နေရာကို ကြာသာပတေးနေ့က သွားရောက်ကြည့်ရှု့ နေကြပါပြီ။ မီးတောင်ပေါက်ကွဲမှုမှာ ထွက်ပေါ်လာတဲ့ ချောရည်တွေ၊ မီတောင်ကျောက် (ခေါ်)ချော်တုံးတွေ၊ ပြာများ၊ မီးခိုးလုံးများ ဟာ ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်း ထောင်ချီ လွှင့်ပျံနေကြတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုကြပါတယ်။ မီးတောက်ပေါက်ကွဲမှုကြောင့် ကျွန်းပေါ်မှာ နေထိုင်နေကြတဲ့ လူတွေ ကို တော့ ထိခိုက်မှုမရှိခဲဘူးလို့တော့ ဆိုပါတယ်။ သို့သော်လည်း မီးတောက်ပေါက်ကွဲရာ နေရာတ၀ိုက်ရှိ ငါးများ၊ တိရိစ္ဆာန်များ၊ ရှားပါး သတ္တ၀ါများရဲ့ သေဆုံး ပျက်စီးမှု အသေးစိတ်ကို တိတိကျကျမသိရှိရသေးသလို၊ ခန့်မှန်းဖို့ ခက်ခဲနေတယ်လို့ ဘူမိဗေဒ သိပ္ပံပညာရှင်များ၊ ပတ်ဝန်ကျင် ကာကွယ်ရေး နှင့် ထိမ်းသိမ်းစောင့်ရှောက် နေသူများက ပြောဆိုခဲ့ကြတယ်။
တောင်ပစ္စိဖိတ် သမုဒ္ဒရာ ရှိ တန်ဂါကျွန်းနိုင်ငံ ဟာ တာ့ဟီတီ နှင့် သြစတေးလျား အကြား လမ်းကြော တလျောက်မှာ တည်ရှိပြီး၊ မီးတောင်ကြော၊ မြေငလျင်ကြော မီးကွင်းဆက်သဖွယ်ဖြစ်နေတဲ့ အ၀န်းအ၀ိုင်းထဲမှာ တည်ရှိနေတယ်လို့ ဘူမိဗေဒ သိပ္ပံပညာရှင်များ က ပြောဆိုကြပါတယ်။
Rest of your post
No comments :
Post a Comment