Thursday 2 April 2009

အိတိုး ကဇုယစန် ကိုလွမ်းဆွတ်တသခြင်း
























-သီဟ-

၂ဝဝ၈ခုနှစ် သြဂုတ်လ ၂၆ရက်နေ့ တွင် အာဖဂန်နစ်စတန်နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်ပါဝင် လုပ်ကိုင်နေခဲ့သော ပါရှားဝါ-အဖွဲ့ဝင်ဂျပန်လူမျိုး အိတိုး ကဇုယ စန် ဟာ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့၏ ပြန်ပေးဆွဲမှုခံခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ဘယ်ဖက်ပေါင်ကို ထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ပါသည်။

သေဆုံးချိန်တွင် အသက် ၃၁ နှစ် သာ ရှိပါသေးသည်။ သူ့ကိုပြန်ပေးဆွဲသော အဖွဲ့က နိုင်ငံရေးအရ ဟု သတင်း များထွက်ခဲ့ သော်လည်း နောက်ပိုင်း ဖမ်းဆီးရမိသောပြန်ပေး ၂ယောက်၏ ထွက်ဆိုချက် အရ ပိုက်ဆံ လိုချင် သောကြောင့်ဟု ထွက်ဆို ခဲ့ကြသည်၊၊

မည်သို့ ဆိုစေငြားလည်း သေသွားခဲ့သော သူလည်း ပြန်ရှင်မလာ။ ယဉ်ကျေးမှုချင်း မတူညီ သောနေရာ၊ ဘာသာစကား ကွဲပြားသော နိုင်ငံတွင် ပြင်းပြသောဆန္ဒနှင့် အငတ်ဘေးမှ လွတ်မြောက်အောင် ကူညီ လုပ်ဆောင်ပေးခဲ့ခြင်းကို ရွာသူရွာသား များက အမြဲတမ်း လွမ်းဆွတ်တသသဖြစ်နေကြပါသည်၊၊

သူပါဝင်လုပ်ဆောင်ခဲ့သော (ပါရှားဝါ-အဖွဲ့ )၏ ခေါင်းဆောင်ဖြစ်သူ နာကာမူရ၏ ပြောပြချက်အရ သူသည် သဲကန္တာရ အဖြစ် ပြောင်းလဲနေ သော အာဖဂန်နစ်စတန်၏ လယ်ယာမြေများ ပြန်လည်စိမ်းလန်း စိုပြေလာစေ ရေးအတွက် အဓိကကျသော ရေသွယ်မြောင်း ဖောက်လုပ်ရေးလုပ်ငန်းတွင် ကြီးကြပ်တာဝန်ခံအဖြစ်နှင့် တာဝန်ယူလုပ်ဆောင်ခဲ့ပြီးပထမအဆင့်၂ကီလိုမီတာ ရေမြောင်းဖွင့်ပွဲတွင်ပါဝင်ခဲ့သည်။

အာဖဂန်နစ်စတန်၏ လယ်သမားအများစုမှာ တာလီဘန်အစိုးရပြိုကွဲမှု နောက်ပိုင်း စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးမှု တိုးတက်များပြားလာခြင်းအကြောင်းအရင်းများတွင် လယ်ယာမြေအများစုမှာ စိုက်ပျိုးရေး အတွက် ရေမလုံလောက်မှု ကလည်း ကြီးမားသော အခက်အခဲတခုဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ရေရရှိရေး အတွက်ပထမ အဆင့် ရေမြောင်း ဆောက်လုပ်ရေး လုပ်ငန်းများ၊ ခြောက်သွေ့ မြေများတွင် စိုက်ပျိုးဖြစ်ထွန်းမည့် သီးနှံများ စမ်းသပ် စိုက်ပျိုးခြင်းများကိုလုပ်ကိုင်နေခဲ့ပါသည်။

လဖက်၊စစ်ပြီးနောက်ပိုင်းစားသုံးခဲ့ကြသည့်ကန်စွန်း ဥ၊စပျစ်သီး စသည်များကို အကြိမ်ကြိမ် စမ်းသပ်စိုက်ပျိုးခဲ့ပြီး ၃၊၄ နှစ်အကြာ တွင်အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သည်၊ပထမပိုင်းတွင် သူသိထားသည့် စိုက်ပျိုးရေး နည်းပညာများ ကိုအာဖဂန်နစ်စတန် လယ်သမား များကိုသင်ကြား ရန်သာ လုပ်ဆောင်ခဲ့သော်လည်း နည်းပညာ၊ မြေအမျိုးအစား ၊ရေရရှိမှု ကောင်းမွန် သည့် နိုင်ငံများ နှင့် ခြားနားချက်များ၊တန်ဖိုးကြီးသည့် မြေသြဇာကို ဝယ်ယူရန် စိုက်ပျိုးစရိတ်မရှိခြင်း စသည့်ကွဲပြားသည့် အခြေအနေ များကို ထည့်သွင်းစဉ်းစားပြီး တောင်သူများ၏ အတွေ့အကြုံ များကိုပါ သေချာစွာမေးမြန်း လေ့လာခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် သီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သည်။ ထို့အပြင် အနီးနားကျေးရွာများ ကိုပါ မျိုးပင်များ ဖြန့်ဖြူးပေး ခြင်း၊ ဆွတ်ခူးရရှိသော ကန်စွန်း ဥများကိုကျေးရွာ တွင်းမှလူကြီးလူငယ်များပါမကျန်စားရသည် ကိုပီတိဖြစ်ပြီး သူကိုယ်တိုင် ကင်မရာဖြင့် မှတ်တမ်းတင်ခြင်း၊ ကျေးရွာတွင်းမှ ကလေးငယ်များကို ဓါတ်ပုံရိုက်ပေးခြင်း များကြောင့် ကျေးရွာတွင်းရှိအားလုံးကသူ့ကို ခင်မင် လာကြပါသည်။

သို့ သော်ထိုအတောအတွင်းအမေရိကန်တပ်များ၏တပ်သား များရွာထဲသို့ဝင်ရောက် ကင်းထောက်လှမ်းမှု၊ ဂျပန်နိုင်ငံ၏ အမေရိကန် စစ်ရေး လှုပ်ရှားမှုများတွင် အကူအညီပေးမှု များ ကြောင့် နောက်ပိုင်းတွင် နိုင်ငံခြားသားများ အပေါ် ရွာသားများ၊ နိုင်ငံသားများ ၏အမြင်များ ပြောင်းလဲလာကြသောကြောင့် လုပ်ငန်း လုပ်ကိုင်မှုများတွင်အကန့်  အသတ်များ၊ လုံခြုံရေး အတွက် စိုးရိမ်စရာများ ရှိလာပါသည်။သို့သော်လည်း ရွာအနီးရှိ ရေတွင်းတူးရန် အတွက် သွားလာရင်း သြဂုတ်လ၂၆ရက်နေ့တွင် လက်နက်ကိုင်လူတစ်စု၏ ပြန်ပေးဆွဲခြင်းကို ခံရပြီး နောက် သေနတ်ထိမှန်ပြီး သွေးလွန်သေဆုံးခဲ့ရပါသည်။

သူ၏ အသုဘအခမ်းအနားကို ကျေးရွာအတွင်းမှ လူကြီးလူငယ် များအားလုံး လာရောက်ကြ သည်။ သူအသက် နှင့်ရင်းပြီး တည်ဆောက်ခဲ့သော ရေမြောင်းကလေးများ၊ သူ့လခ လှုဒါန်းငွေ များဖြင့် တည်ဆောက်ခဲ့သော ကျေးရွာဗလီ၊ သူမွေးမြူခဲ့သော နွားပေါက်လေး၊စမ်းသပ်စိုက်ပျိုးရေး ကွင်းထဲမှ သူ၏အုတ်ဂူစသည်များမှာ ရွာသူရွာသားများက အမြဲတမ်း အမှတ်ရနေစေမည်။ သူ မရှိတာ့သော်လည်း ဆက်လက်ရှင်သန်နေစေမည့် အကြောင်းအရာ ကလေးများပင် ဖြစ်ပါ တော့သည်။

No comments :