Saturday 11 April 2009

စပွန်ဆာခေတ်ထဲက စပွန်ဆာသင်္ကြန်

-လင်းလင်းခိုင်၊ ချမ်းမြေ့သူ-
Biweekly Eleven Journal

ယခုနှစ်မြန်မာ နှစ်သစ် သင်္ကြန် မှာစီးပွားရေး အကျပ်အတည်းများ ကြားထဲမှမြန်မာပြည်သူ ပြည်သားများ ပါဝင်ဆင်နွှဲကျင်းပ ရမှာဖြစ်ပါသည်။

စပွန်ဆာခေတ်ထဲက

စီးပွားရေးတွေနဲ့ အခက်အခဲ များကြားထဲကနေ မြန်မာပြည် သင်္ကြန်အား ခမ်းခမ်းနားနားဖြစ်စေ ရန်စပွန်ဆာ ရှိမှဖြစ်ပါမည်။ ယနေ့ ခေတ်ကာလမှာ မည့်သည့်လုပ်ငန်း မျိုးကိုမဆို လုပ်ဆောင် သည်ဖြစ်စေ ငွေကြေး မတည်ပေးမည့် စီးပွားရေး လုပ်ငန်းရှင်များ လိုအပ်ပါ သည်။ လုပ်ငန်းရှင်က ဆောင်ရွက်မည့် လုပ်ငန်း အတွက် ငွေးကြေးအတိုင်း အတာတစ်ခုအထိ မတည် စိုက်ထုတ်ပေးသည်။ ယင်း သို့စိုက်ထုတ်ပေး ခြင်းအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ ပြန်လည်ရရှိခြင်းအပြင် မိမိ တို့၏ ကုန်ပစ္စည်းများအား အဓိကကြော်ငြာခြင်းပင် ဖြစ်သည်။

MDG ကုမ္ပဏီ (Gold Roast) မှ ကိုမင်းတလ ဉာဏ်က ''ပွဲလုပ်ကြမဲ့သူ တွေကလည်း စပွန်ဆာတွေ ဆီက ငွေကြေး (သို့မဟုတ်) တခြားထောက်အပံ့တစ်ခုခုရလိုက် ရင် သူတို့အနေနဲ့ ငွေကြေးအတွက် သိပ်မပူရဘူး။ ဒါ့အပြင် ပွဲကပိုစည် ကားသွားနိုင်ပါတယ်။ ကျွန်တော်တို့ စပွန်ဆာပေးလိုက်တဲ့အတွက် အဆို တော်များများပိုထည့်နိုင်မယ်၊ လက် မှတ်ခတွေလည်း သက်သာသွား နိုင်ပါတယ်။ သူတို့အနေနဲ့ စပွန် ဆာသာမရခဲ့ရင် ကုန်ကျစရိတ်တွေ ကျေအောင်လည်း လုပ်ရတာဖြစ်လို့ လက်မှတ်ခတွေလည်း ဈေးတက်သွား နိုင်ပြီး ပွဲကိုလာမယ့်သူတွေ အနေနဲ့ လက်မှတ်ခ ဈေးတက်လို့ ပွဲလာဖို့စဉ်း စားရတော့မယ်။ ပွဲကြည့်သူနည်း သွားမယ်။ပွဲကမစည်တော့ဘူး။ လာ ကြည့်တဲ့သူတွေ ကလည်း မတန်တဆ ပေးရလို့ နောက်ထပ်ပွဲတွေကြည့်ဖို့ လျော့နည်းသွားနိုင် ပါတယ်''ဟု ပြော ပြခဲ့သည်။ အနုပညာ၊ အားကစား ကဏ္ဍများမှသည် ပျော်ပွဲ၊ ရွှင်ပွဲ နယ် ပယ်များအထိ စပွန်ဆာ ကဏ္ဍမှာ အရေးပါ လျက်ရှိနေသည်။ အနုပညာ ကဏ္ဍ၊ အားကစားကဏ္ဍများတွင် ထင်ရှားသည့်စပွန်ဆာ များရှိပါသည်။

စပွန်ဆာမရှိရင် မဖြစ်ဘူးလို့ဆို လောက်ရသည့် ယနေ့ခေတ်ကမ္ဘာ တွင် မြန်မာ့ရိုးရာသင်္ကြန်မှာလည်း စပွန်ဆာ လွှမ်းမိုးမှု များရှိလာခဲ့သည်။

စပွန်ဆာသင်္ကြန်လား

ယခုနှစ်သင်္ကြန်တွင် လူငယ် တွေအနေနှင့်မဏ္ဍပ်ကိုစုလုပ်ပြီး အ ပေါင်းအသင်းများနှင့် ရေကစားဖို့ ဆိုလျင် စီးပွားရေးဘက်ကိုကြည့်ရ မဲ့နှစ်ဖြစ်လာပါသည်။ စပွန်ဆာ များက ရေပက်မဏ္ဍပ်အပြိုင်အဆိုင် လုပ်မယ်ဆိုလျင် ရေပက်ခံထွက်မည့် သူတွေအနေနှင့်ကလည်း လျောက် လည်ဖို့လိုပါသည်။

''ဒီနှစ် သင်္ကြန်က စပွန်ဆာ သင်္ကြန်ဖြစ်နိုင်ပါတယ်။ စပွန်ဆာ ပေးချင်သူတွေပေးမယ်ဆိုရင်သင်္ကြန် က ပိုစည်နိုင်ပါတယ်။ သင်္ကြန်က တခြားပွဲတွေနဲ့ မတူဘူး။ တခြားပွဲ တွေက လူတိုင်းပါဝင်ပြီးဆင်နွှဲချင်မှ ဆင်နွှဲမှာ။ သင်္ကြန်ကျတော့ နှစ်သစ် ကူးတဲ့ပွဲလည်းဖြစ်တာရယ်၊ မြန်မာ နိုင်ငံကသူတွေအပြင် လာလည်ကြ တဲ့ နိုင်ငံခြားဧည့်သည်တွေကလည်း ပျော်မြူးကြတာမို့ မိမိကုန်ပစ္စည်း တွေကိုကြော်ငြာကြတဲ့ ကုမ္ပဏီတွေ အနေနဲ့ မိမိအမှတ်တံဆိပ်ကိုပိုပြီး လူ သိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိ တံဆိပ်ကို ကြော်ငြာချင်သူတွေက လည်း သင်္ကြန်မှာ စပွန်ဆာပိုပေးကြ မှာပါ''ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့ပါသည်။

အနုပညာရှင် အချို့အနက် ယ ခင်နှစ်ကမဏ္ဍပ်ဆောက်ပြီး ပက်ခဲ့ တဲ့သူအချို့ကလည်း ယခုနှစ်တွင် စပွန်ဆာ မဏ္ဍပ်နဲ့ ပက်ကြမှာ ဖြစ်ပါ သည်။

အနုပညာရှင်တို့၏ သင်္ကြန်အကြိုခံစားချက်

ခန့်စည်သူ

ဒီနှစ်တော့ ကိုယ်ပိုင်မဏ္ဍပ် မ ဆောက်ဖြစ်တော့ပါဘူး။ Alpine မဏ္ဍပ်မှာပဲ တခြားအနုပညာမောင် နှမတွေနဲ့ အတူရှိနေမှာပါ။ မဏ္ဍပ် တွေတော်တော်များများက main sponsor ကိုအားကိုးပြီး ဆောက်ကြ ရတာလေ။ ဒါကြောင့် သင်္ကြန်စည်ဖို့၊ မစည်ဖို့ဆိုတာ စပွန်ဆာတွေနဲ့ လည်း သက်ဆိုင်ပါတယ်။ စပွန်ဆာ ပေးမဲ့ကုမ္ပဏီတွေများများရှိမှ သင်္ကြန် မှာစည်နိုင်မယ်လို့ ထင်ပါတယ်။

အိန္ဒြာကျော်ဇင်

သင်္ကြန်မှာမဏ္ဍပ်တွေနဲ့ စည် ကားဖို့ဆိုတာကလည်း အဓိက စပွန် ဆာတွေရဲ့ ပံ့ပိုးမှုကူညီမှု တွေလည်း လိုအပ် ပါတယ်။ အခု နောက်ပိုင်းမှာ စပွန်ဆာတွေနဲ့ ဆောက်တဲ့မဏ္ဍပ် တွေလည်းများလာပါတယ်။

ယုန်လေး

အခုအချိန်က စီးပွားရေးအရ ကျပ်တည်းနေတဲ့ အချိန်ဆိုတော့ ဒီနှစ်သင်္ကြန်က စပွန်ဆာရှိမှ စည် နိုင်မယ်လို့ ထင်ပါတယ်။

ပြေတီဦး

သင်္ကြန်မှာ ကိုယ်ပိုင်မဏ္ဍပ် တော့ လုပ်ဖြစ်မယ်မထင်ပါဘူး။ တခြားသူတွေရဲ့မဏ္ဍပ်မှာပဲ သွား ကစားဖြစ်မှာပါ။ ဒီနှစ်သင်္ကြန်က စပွန်ဆာပေးမယ့် ကုမ္ပဏီတွေများ များ လိုအပ်တယ်လို့ထင်ပါတယ်။ အဲဒါမှလည်းစည်နိုင်မှာလေ။ စပွန် ဆာပေးမယ့်သူတွေ သိပ်မရှိရင် မဏ္ဍပ်ဆောက်ဖို့ စီစဉ်သူတွေအနေနဲ့ လည်း အခက်အခဲတွေ ကြုံနိုင်သလို ရေကစား ချင်တဲ့လူငယ်တွေလည်း ဈေးများနိုင်တာကြောင့် သိပ်ကစား နိုင်ကြမယ်မထင်ဘူး။

လူငယ်တို့၏ခံစားချက်

အဝေးသင်တက္ကသိုလ်တက်ရောက် နေသူတစ်ဦး

ကျွန်တော်တို့ကကျောင်းသား ဆိုတော့ အိမ်ကပေးတဲ့မုန့်ဖိုးနဲ့ပဲ စု ပြီး ရေကစားရမှာလေ။ ဒါကြောင့် သင်္ကြန်မဏ္ဍပ် တွေဈေး သက်သာပါ စေလို့ဆုတောင်းမိတယ်။ စပွန်ဆာ ပေးတဲ့ကုမ္ပဏီတွေ ရှိတယ်ဆိုရင် မဏ္ဍပ်ခလည်း သက်သာမှာပဲလေ။

ဆယ်တန်းစာမေးပွဲဖြေဆိုထားသူတစ်ဦး

ဆယ်တန်းစာမေးပွဲ ပြီးတာနဲ့ ပျော်စရာက သင်္ကြန်ပွဲပဲရှိတယ်။ ခရီး ထွက်ဖို့ကလည်း စရိတ်စကတွေများ တယ်လေ။ ဒါကြောင့် ရန်ကုန်မှာပဲ မဏ္ဍပ်မှာရေကစားချင်တာ။ မဏ္ဍပ် ခတွေဈေးမကြီးမှဘဲကစားနိုင်မှာပါ။ စပွန်ဆာရှိတဲ့ မဏ္ဍပ်ဆိုရင်တော့ ဈေး သက်သာမယ်ထင်တာပဲ။

နှစ်စဉ်မဏ္ဍပ်ထိုင်လေ့ရှိသူ လူငယ် တစ်ဦး

မဏ္ဍပ်ကတော့ နှစ်တိုင်းထိုင် ဖြစ်တယ်။ အခုလောလောဆယ်ထိ တော့ မဏ္ဍပ်တွေကသိပ်မလှုပ်ရှား ကြသေးဘူး။ အဓိကတော့ စပွန်ဆာ တွေ မရကြသေးလို့ပေါ့နော်။ စပွန် ဆာတွေရပြီဆိုမှ ကျန်တဲ့စီစဉ်စရာ ရှိတာတွေဆက်ပြီး စီစဉ်ရမှာလေ။ ဒါကြောင့် မဏ္ဍပ်တွေများဖို့ဆိုရင် စပွန်ဆာပေးမယ့် ကုမ္ပဏီတွေများ များရှိဖို့လိုလိမ့်မယ်။ စပွန်ဆာ ကုမ္ပ ဏီရှိတယ်ဆိုရင်မဏ္ဍပ်ထိုင်ရတဲ့လက် မှတ်ခကအစ သက်သာတာပေါ့။

၂၀၀၉ ခုနှစ် သင်္ကြန်သည် စပွန်ဆာသင်္ကြန်ဖြစ်နိုင်ပြီး စပွန် ဆာများအနေနှင့် စပွန်ဆာပေးရာ တွင် မဏ္ဍပ်နောက်ခံဗီနိုင်း၊ နဖူး စည်း၊ မဏ္ဍပ်အောက်ခြေစာတန်း များ စသည့် မဏ္ဍပ်အစိတ်အပိုင်း များကို ခွဲ၍ စပွန်ဆာပေးလာကြ သည့်အပြင် မဏ္ဍပ်တစ်ခုလုံးနှင့် ဖျော်ဖြေမှုတီးဝိုင်းများကို ငှားရမ်း ခြင်းများတွင်လည်း စပွန်ဆာပေး ခြင်းများရှိသည်။ စပွန်ဆာပေး သည့်ကုမ္ပဏီများရှိပါက မဏ္ဍပ်ထိုင် သည့် ဈေးနှုန်းများမှာ သင့်တင့် သောဈေးနှုန်းဖြစ်ကာအများတတ် နိုင်သည့်ဈေးနှုန်းများဖြစ်သင့်သည် ဟု လူငယ်အသိုင်းအ၀န်းမှ စုံစမ်း သိရှိရသည်။

Biweekly Eleven Journal မှ ကူးယူဖော်ပြသည်။


Rest of your post

No comments :