Saturday, 18 April 2009
ဘီဂျလီမုန်တိုင်း အားပျော့သွား
ဘီဂျလီမုန်တိုင်း သည် မြန်မာနိုင်ငံကုန်တွင်းပိုင်းသို့ရောက်လာပြီးနောက် အားပျော့လာပြီဖြစ်ကြောင်း၊ နှင့် နေရာအနှံ့အပြားမှာ မိုးရွာသွန်းမှုများသာရှိကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း နှင့် Cox's Bazar ကော့ဘဆာ ဒေသများမှာ မိုးရွာသွန်းနေပြီး၊ လေပြင်းမုန်တိုင်း တစ်နာရီ ကီလိုမီတာ ၁၀၀ တိုက်ခိုက်နေတာကြောင့် လူဦးရေ ၂ သိန်းကျော် ဟာ လုံခြုံစိတ်ချရတဲ့နေရာများမှာ ၀င်ရောက်ခိုလှုံနေရကြောင်း ကြားသိရပါတယ်။ လေပြင်းမုန်တိုင်း နှင့် မိုးသည်းထန်နေမှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး၊ လာရောက်လည်ပတ်နေကြသော နိုင်ငံခြားသား ခရီးသွားများကို ဒေသအတွင်း မှထွက်ခွာပြီး လုံခြုံတဲ့နေရာများမှာနေကြဖို့ တိုက်တွန်းနိုးဆော်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လောလောဆယ် လူ သေဆုံမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ မရှိကြောင်း သိရှိရပါတယ်။ အိမ်များ၊ လျှပ်စစ်မီးများ နှင့် လယ်ယာမြေတွေတော့ ပျက်စီးမှုရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာသွားပါတယ်။
မြန်မာနိုင်ငံ စစ်တွေမြို့  မြန်အောင်ကျွန်းတစ်ဝိုက်တွင် မုန်တိုင်းစက်ကွင်းအစွန်းအဖြစ်သာ ကြုံတွေ ရသည့်အတွက် လေတိုက်နှုန်း ပြင်းထန်မှု မရှိကြောင်း သိရှိရပါတယ်။ မိုးအုံ့ ပြီး မိုးရွာသွန်းမှုသာ ရှိနေပါတယ်။ အပျက်အစီးသတင်း မကြားသိရပါဘူး။
Rest of your post
at 06:19
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment