Friday, 17 April 2009

မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့ ပျော်ရွှင်သောနှစ်သစ်ကူးကာလ ဖြစ်ပါစေလို့


ချစ်လှစွာသော စာဖတ်ပရိသတ်များ နှင့်တကွ မြန်မာပြည်သူပြည်သား အားလုံး ခင်ဗျာ-

ပိတောက်ပန်းလေးတွေ ပန်ဆင်ထားသော သူများကို လွမ်းဆွတ်တမ်းတယင်း မြန်မာပြည်သူပြည်သား အားလုံး အတွက် ပျော်ရွှင်သောအတာသင်္ကြန် နှင့် အတူ ငြိမ်းချမ်းသာယာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ် မင်္ဂလာဖြစ်ပါစေလို့ ကျနော်တို့ We Fight We Win ဘလော့ဂ် အဖွဲ့မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သ လိုက်ပါတယ်။

လာမည့် နှစ်သစ်မှာ ဆင်းရဲခြင်း၊ စစ်အာဏာရှင်များရဲ့အဖိနှိပ်ခံရခြင်း မှ မြန်မာ ပြည်သူပြည်သား အားလုံး လွတ်မြောက်ဝေးကွာ နိုင်ကြပါစေ၊၊ မြန်မာပြည်သူတွေ အားလုံး ဘေးအန္တရာယ်တွေကင်းဝေးကြပြီး၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြပါစေ။

ကဲ..နှစ်သစ်ကို လက်ကမ်းကြိုယင်း အသစ်အသစ် တို့ဖြင့် ကောင်းသောတိုးတက်ခြင်း၊ မှန်ကန်သော ပြောင်းလဲခြင်းများ လျင်မြန်စွာရရှိနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

We Wish You A Very Happy Burmese New Year

We Fight We Win Team

Rest of your post

1 comment :

Anonymous said...

ဝီဖိုက်ဝီ၀င်းကဘဲကြီးတွေကျမ္မာရေးညံ့နေတဲ့တော်လှန်ရေးအတွက်ဘာအစီအစဉ်ရှိလဲ? ဆူဆိုက်ဗုံးတွေတီထွင်ဖို့ idea မရှိဘူးလား?