Friday, 17 April 2009
ထိုင်းနိုင်ငံ PAD (People's Alliance for Democracy ) ခေါင်းဆောင် လုပ်ကြံခံရ
အောင်မိုး-ဂျေရာပွန်သော်မဆင်
ဘန်ကောက်
၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံ၌ PAD (People's Alliance for Democracy ) အဖွဲ့ ကို တည်ထောင်ခဲ့သူ ဆွန်ထိသည် ယမန်နေ့ နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ် ခံရ၍ ဦးခေါင်းမှာ ဒါဏ်ရာရရှိသွားကြောင်း သိရှိရသည်။ ကြာသပတေးနေ့ နံနက် အစောပိုင်း ထိုင်းစံတော်ချိန် မနက် ၅နာရီ က ဘန်ကောက်မြို့တော် ဗဟိုဘဏ် နှင့် ရဲစခမ်း အနီးတွင် မစ္စတာ ဆွန်ထိ စီးနင်းလာသော ကားအား သေနတ်သမား၂ဦးက ဝိုင်းညှပ် တိုက်ခိုက်ခဲ့ သဖြင့် သူ၏ ကိုယ်ရံတော်၊ ကားဒရိုင်ဘာတို့မှာ ထိခိုက်အနာတရ ရရှိပြီး ကားဒရိုင်ဘာမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိသည်ဟု သူ၏ People's Alliance for Democracy (PAD) ပြောရေးဆိုခွင့်ရှိသူ ပန်သစ် ပူအာရ်ပေါင်ပန်မှ ယနေ့ သတင်းထုတ်ပြန် ကြေညာလိုက်သည်။ သေနတ်သမားတွေဟာ AK 47 နှင့် M16 မောင်းပြန် သေနတ်များဖြင့် အကြိမ်ပေါင်း ၁၀၀ ပစ်ခတ်ခံခဲ့ရကြောင်း ရဲမှူးကြီး King Kwaengwisatchaicharn က အတည်ပြု ပြောဆိုခဲ့ ပါတယ်။
သူဟာ အသက်ဘေးက သီသီလေးလွတ်မြောက်သွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ မှာ ဖော်ပြထားတယ်။ သူ့ကို ဆေးရုံမှာ နှစ်နာရီကြာ အရေးပေါ်ခွဲစိတ် ကုသပေးခဲ့ပြီး၊ လှို့ဝှက်တဲ့နေရာတစ်ခုမှာ ဆေးဝါးဆက်လက်ကုသပေးနေတဲ့လို့ ဖော်ပြပါရှိတယ်။ သူဟာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ ခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန် ဒေါက်တာချိုင်းဝမ် Dr Chaiwan က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့ နှစ်က အ၀ါရောင်အင်္ကျီ လူထုလှုရှားမှု ကို ဦးဆောင်ခဲ့တဲ့သူတစ်ဦးလည်း ဖြစ်ပြီး၊ တချိန်က ၀န်ကြီးချုပ်ဟောင်တပ်ဆင်ကိုထောက်ခံခဲ့သူတစ်ဦးဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ၀န်ကြီးချုပ်ဟောင်းတပ်ဆင် အစိုးရ နှင့် တပ်ဆင်ကျောထောက် နောက်ခံပြုထားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ လူထုလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တယ်။ သူရဲ့ ၀န်ကြီးချုပ်ဟောင်းတပ်ဆင် အစိုးရ ကို ဖြုတ်ချတဲ့ လူထုလှုပ်ရှားမှုကို ထိုင်နိုင်ငံ လူလတ်တန်းစားများ၊ စစ်တပ် မှ အနားယူခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများ၊ ထိုင်း တော်ဝန်မိသားစုတွေက အပြည့်အ၀ထောက်ခံခဲ့ကြတယ်။ ဘီလီယံချမ်းသာတဲ့ ၀န်ကြီးချုပ်ဟောင်းတပ်ဆင် နှင့် နောက်လိုက် တွေကတော့ သူ့ကို နည်းအမျိုးမျိုးဖြင့် ဂလဲ့စားခြေ လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်။
သူကို လုပ်ကြံခဲ့ရာမှာ နိုင်ငံရေး ပဋိပက္ခ ပြဿနာတွေ၊ နိုင်ငံရေးကြံစည်ခြိမ်းချောက်မှုတွေ နောက်ကွယ် မှာပါဝင်နေတယ်လို့ ခန့်မှန်းပြောဆိုနေကြပြီး၊ စုံစမ်းစစ်ဆေးအရေးယူမှုတွေကို ပြုလုပ်နေကြပါပြီ။
Rest of your post
at 11:27
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment