Monday, 13 April 2009

ကျူးဘား-အမေရိကန် ဆက်ဆံရေးတစေ့တစောင်း



-ဇင်မင်းထက်-

အမေရိကန်သမ္မတ အိုဗားမားဟာ အမေရိကန်လူမျိုးများကို ကျူးဘားနိုင်ငံသို့ ခရီးသွားလာခွင့် တားမြစ်ထားခြင်းကို ပယ်ဖျက်ပေး ခဲ့ပြီး၊ အကန့်အသတ်မရှိ သွားရောက်လည်ပတ်ခွင့် နှင့် ငွေလွှဲမှုတွေကို ပြုလုပ်ခွင့် ပြုမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က လာတဲ့ ကြေညာချက် သတင်းအရ သိရှိရပါသည်။ တချို့ တားမြစ်မှုတွေကိုလည်း ပယ်ဖျက်ပေးမှာ ဖြစ်ကြောင်း၊ လူသားချင်းစာနာတဲ့ ထောက်ပံ့ကူညီမှုတွေကိုလည်း တိုးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

နှစ်ပေါင်း ၅၀ ကြာ တင်းမာနေခဲ့ကြတဲ့ ကျူးဘား-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ၇ ဦးပါဝင်တဲ့ အမေရိကန် ကွန်ဂရက် ရဲ့ ကိုယ်စလှယ်များ ပြီးခဲ့တဲ့ အပတ်က အလည်အပတ် သွားခဲ့ပြီး နောက် ဒီလိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ အမေရိကန် ကွန်ဂရက် ရဲ့ ကိုယ်စလှယ်များ ကို ကျူးဘားသမ္မတ (Raul Castro) ရာဟူးကတ်စတိုက လေဆိပ်ကလာ ရောက် ကြိုဆိုခဲ့ပြီး၊ ကျူးဘားခေါင်းဆောင်ဟောင်း ကက်စတိုနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

၁၉၅၉ ခုနှစ် ကက်စတို ဦးဆောင်တဲ့ ကျူးဘားကွန်မြူနစ်ပါတီက တပါတီအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်ပြီး အာဏာသိမ်းယူပြီး တဲ့နောက် အမေရိကန်-ကျူးဘားဆက်ဆံရေးတွေ တင်းမာလာခဲ့ကြတယ်။ ဒီနေ့ထွက်ပေါ်လာတဲ့ ကြေညာချက်ဟာ ကျူးဘား-အမေရိကန် ဆက်ဆံရေး ရဲ့ ခြေလှမ်းသစ်တရပ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပြီး၊ သမ္မတ အိုဗားမား အစိုးရလက်ထပ်မှာ ကျူးဘားအစိုးရ က အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် အခွင့်ကောင်းရယူလိမ့်မယ် လို့သုံးသပ်နေကြတယ်။

အမေရိကန်မှာ နေထိုင်နေကြတဲ့ ကျူးဘား အတိုက်အခံ အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ တွေက တော့ ကျူးဘားအစိုးရဟာ လူ့အခွင့်အရေးတွေကို ဆက်လက်ချိုးဖောက်နေပြီး၊ အာဏာရှင်စံနစ် အတိုင်း ဆက်လက်အုပ်ချုပ်နေသေးတယ်လို့ ဝေဖန်ပြောဆိုမှု တွေ ရှိနေကြတယ်။ လက်ရှိ ကျူးဘားသမ္မတ ရာဟူးကတ်စတို ဦးဆောင်တဲ့ ကျူးဘားနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ လူအခွင့်အရေးတွေ မရှိသေးဘူးလို့ ထောက်ပြနေကြတယ်။

အမေရိကန်အစိုးရက ကျူးဘားနိုင်ငံကို ၄၇ နှစ်ကြာ စီးပွားရေးဒဏ်ခတ်မှုပို့ဆို့ ထားခဲ့တယ်။ အမေရိကန်မှာ သန်းနဲ့ ချီတဲ့ ကျူးဘားလူမျိုးများ နေထိုင်နေကြပြီး၊ ပြီခဲ့တဲ့ နှစ် မေလ တုန်းကတော့ အမေရိကန်သမ္မတဟောင်းဂျော့ဘုရှ် ဟာ အမေရိကန်မှာ နေထိုင်နေကြတဲ့ ကျူးဘားလူမျိုးတွေကို ကျူးဘားနိုင်ငံမှာ ရှိတဲ့ သူတို့ ဆွေမျိုးတွေထံ ဆဲလ်ဖုန်းအပါအ၀င်၊ လက်ဆောင် ပစ္စည်းများကို ပေးပို့ခွင့်ပြုခဲ့တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့ အမေရိကန်ရောက် ကျူးဘားလူမျိုးတွေဟာ သူတို့အဖေ၊ အမေတွေ၊ ညီအကိုမောင်နှမတွေ၊ မိသားစုဝင်တွေ နဲ့ ပြန်လည်တွေ့ခွင့်ရကြတော့မှာမို့ ဒီကြေညာချက်ဟာ ၀မ်းသာစရာ သတင်းတစ်ခု ပါဘဲလို့ နှစ်ပေါင်း ၄၀ ကျော် မိသားစုနဲ့ ကွဲကွာနေတဲ့ ကျူးဘားအမျိုးသားကြီး Amadeo မျက်ရည်ကျပြောဆိုနေတာကို ရုပ်မြင်သံကြား သတင်းတစ်ခုမှာ ပြသခဲ့ပါတယ်။



Rest of your post

No comments :