-ငချစ်သင်-
ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ရှင်နာဝါထရာဟာနိုင်ငံရေးပြဿနာရဲ့ဗဟိုချက်အဖြစ်ကျရောက်နေမှုကြောင့် ထိုင်းနိင်ငံဟာသုံနစ်ကျော်ကြာမျှဒုက္ခရောက်လျှက်ရှိနေပါတယ်။၂၀၀၆ခုနစ်မှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီး တပ်ဆင်ကို ၀န်ကြီးချုပ်ကနေဖယ်ရှားလိုက်တဲ့ပြဿနာဟာမပြီးနိင်မစီးနိင်ဖြစ်လာရပါတော့တယ်။ နိုင်ငံတော်ကို ဘယ်သူအုပ်ချုပ်သင့်သလဲဆိုတဲ့အမြင်မှာနစ်ဖက်စလုံးကညိနှိုင်းလို့မရအောင်ကိုအမြင်တွေကွာခြားနေပါတယ်။ ဒီမိုကရက်ပါတီခေါင်းဆောင်အဘီဆစ်ကိုဝန်ကြီးချုပ်အဖြစ်ရွေးခြယ်လိုက်ပြီးတဲ့အခါမှာတော့ထိုင်းလူမျိုးတွေက ပြသနာတော့အတော်အတန်အေးလာမယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ထင်သလိုမဟုတ်ပဲဖြစ်နေတာကို
တွေ့လိုက်ကြရပါတယ်။
တပ်ဆင်ကိုလိုလားသူတွေက ဘယ်သူတွေပါလဲ
တပ်ဆင်ကိုကျေးလက်နေလူထုတွေက ဆက်လက်ထောက်ခံနေကြတုံးပါ။ သူတို့ကတပ်ဆင်ဝန်ကြီးချုပ်ဘ၀မှာ ကျင့်သုံးခဲ့တဲ့ပေါ်လစီတွေကြောင့်လူနေမှုဘ၀မြင့်လာတယ်။အကျိုးကျေးဇူးခံစားခဲ့ကြရတယ်လို့ဆိုပါတယ်။ ဒီလူတွေကအာဏာရှင်ဆန်ကျင်ရေးဒီမိုကရေစီတပ်ပေါင်းစု-United Fornt For Democracy Against Dictatorship(UDD)လို့ခေါ်ကြပါတယ်။တီရှပ်အနီရောင်ကိုဝတ်ဆင်ကြပါတယ်။လက်ရှိဝန်ကြီးချုပ်အဘီဆစ်ဟာ တရားမ၀င်တဲ့နည်းနဲ့အာဏာရလာတယ်လို့စွပ်စွဲထားကြပါတယ်။သူဟာစစ်တပ်ရဲ့ရုပ်သေးအစိုးရလို့လည်း ရိုးစွပ်ပါတယ်။အဘီဆစ်-နှုတ်ထွက်။ရွေးကောက်ပွဲ-လုပ်ပေးဆိုတာသူတို့ရဲ့တောင်းဆိုချက်ပါ။
သူတို့ရဲ့လှုပ်ရှားမှုဗျုဟာကတော့တပ်ဆင်ကိုဒီမိုကရက်တွေဖြုတ်သွားတုံးကလုပ်ခဲ့တဲ့ဆန္ဒပြနည်းနာတွေကို ပြန်လည် အသုံးချနေတာကိုတွေ့ ရပါတယ်။ဒါတွေကတော့
၁- တူညီတဲ့အင်္ကျီအရောင်တွေဝတ်တယ်။
၂- တရားဟောတယ်။ အလံ၊ ပိုစတာတွေထောင်တယ်။
၃- အရေးပါတဲ့ လမ်းဆုံလမ်းမတွေကိုပိတ်တယ်။
၎- အစိုးရအဆောက်ဦးတွေကိုသိမ်းပိုက်တယ်။
၅- ဓါတ်ဆီပုလင်းဗုံး၊ ကားတာရာတွေကိုမီးရှို့ တာ၊ ကားတွေကိုမီးရှို့ တာ
တွေနဲ့  မြိုင်မြိုင်ဆိုင်ဆိုင်ပေါင်းစပ်ပေးထားပါတယ်။
ဆန္ဒပြပွဲတွေက ဘယ်လောက်အထိ အောင်မြင်မှု ရှိသလဲ

အောင်မြင်မှုရှိတယ်လို့ပြောရမယ်။မတ်လ၂၀၀၉ကစပြီးအစိုးရရုံးကိုထိုင်သပိတ်ဆင်နွဲလာတဲ့အတွက်အစိုးရရုံး ကောင်းကောင်းမလည်ပတ်နိင်ဖြစ်ခဲ့ရတယ်။ဧပြီလမှာတော့အာဆီယံထိပ်သီးအစည်းဝေးကြီးကို ပျက်သွားတဲ့အထိလုပ်နိင်ခဲ့ကြပြန်တယ်။အာဆီယံကခေါင်းဆောင်တွေခွေးပြေးဝက်ပြေးပြေးရတာကိုလည်း အားလုံးတီဗွီမှန်သားမှာအားရစရာမြင်ခဲ့ရပြီးပါပြီ။ပြီးတော့ပြည်ထဲရေးဝန်ကြီးဌာနကိုသိမ်းပိုက်ခဲ့တယ်။ စည်းကားလှတဲ့ဘန်ကောက်လမ်းမတွေကိုပိတ်ဆို့ထားလိုက်ကြပါတယ်။ဝန်ကြီးချုပ်ရုံးပတ်လည်မှာလည်း ယာယီရွက်ဖျင်တဲတွေစခန်းချပြီးနှောက်ယှက်နိုင်ခဲ့ပါသေးတယ်။
အဘီဆစ်အစိုးရက ဘယ်လို တုန့် ပြန်သလဲ
အဘီဆစ်အစိုးရက ဘယ်လို တုန့် ပြန်သလဲ
အာဆီယံအစည်းဝေးပျက်သွားတဲ့အတွက်အဘီဆစ်အစိုးရကအရေးပေါ်ကြေညာခဲ့ရတယ်။စစ်တပ်တွေနဲ့
ှနှိမ်နင်းပြီးလမ်းတွေကိုပြန်ဖွင့်ခဲ့ရတယ်။စစ်တပ်ကဆန္ဒပြသမားတွေကိုအကြမ်းဖက်နိမ်နင်းလာတဲ့အတွက် ဆန္ဒပြသမားတွေကလည်း ခဲတွေ၊ ပုလင်းဗုံးတွေ၊ ကားတာယာကိုမီးရှို့တာ၊ကားတွေကိုမီးရှို တာ
တွေနဲ့တုန့်ပြန်ခဲ့ကြပါတယ်။တပ်ဆင်အစိုးရဘ၀တုံးကအရေးပေါ်အခြေအနေကြေညာပြီး ဆန္ဒပြသမားတွေကိုနိမ်နင်းဖို့ ကြိုးပန်းတုန်းကတော့ စစ်တပ်က တပ်ဆင်အမိန့် ကို မနာခံခဲ့ပါဘူး။
တပ်ဆင်ဘယ်မှာလဲ
တပ်ဆင်ကတော့သူ့ကိုယ်သူကမ္ဘာ့နိင်ငံသားတယောက်လို့ပြောနေပါတယ်။သူကနိင်ငံမဲ့ဖြစ်နေပါတယ်။သူက ဒူဘိုင်း၊တရုပ်ပြည်၊အင်္ဂလန်နဲ့ဟောင်ကောင်းမှာလှည်လည်နေထိုင်လျက်ရှိပါတယ်။သူထိုင်းကိုပြန်ရင်တော့ ထောင်ဒဏ်၂နစ်ကျခံရမှာဖြစ်ပါတယ်။သူရဲ့ရေရှည်ရည်မှန်းချက်ကတော့မပြတ်မသားဖြစ်နေတုံးပါ။ စီးပွားရေးသမားလုပ်မှာလား၊နိင်ငံရေးသမားလားဆိုတာမကွဲပြားသေးပါဘူး။ထိုင်းနိင်ငံရေးမှာသူမပါတော့ဘူးလို့  ဆိုပေမဲ့လက်ရှိထိုင်းနိင်ငံကြုံနေရတဲ့စီးပွားရေးအကြပ်ရိုက်မှုကိုတော့သူကဦးဆောင်မှုပေးခြင်သေးတယ်လို့ ဆိုတယ်။ထိုင်းနိင်ငံအပြင်ဖက်မှာရှိတယ်ဆိုပေမဲ့သူကိုလိုလားသူတွေကိုတော့အင်တာနက်ကနေတဆင့် ဗွီဒီယိုမိန့် ခွန်းတွေပေးနေတုံးဖြစ်ပါတယ်။
1 comment :
Post a Comment