
-ဇင်မင်းထက်-
ကလေးငယ်များ ကို အတင်းအဓ္ဓမ ပြုကျင့်ပြီး လိင်ဆက်ဆံခိုင်းမှု၊ အညှီအဟောက်ဓာတ်ပုံများ၊ ညစ်ညမ်းတဲ့အပြာရုပ်ရှင်ကားများ ထုတ်လုပ်နေမှု ပြုလုပ်နေသော ကမ္ဘာ့လူဆိုးဂိုဏ်းကြီးတစ်ခုက ဗုဒ္ဓဟူးနေ့က ဖမ်းဆီရလိုက်မိကြောင်းကြားသိရပါသည်။
မက္ကဆီကို နိုင်ငံမြို့ တော်၊ မက္ကဆီကို စီးတီး မှာ လူ ၇ ဦးကို ကလေးငယ်များကို အသုံးပြုပြီး အညှီအဟောက်ဓာတ်ပုံများ၊ ညစ်ညမ်းတဲ့အပြာရုပ်ရှင် များကို ဖြန့်ချီခဲ့မှု နဲ့ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရပါသည်။ ဒီလိုဖမ်းဆီးအရေးယူခဲ့သူ ၇ ဦးထဲမှာ ရော်မန်ကက်သလစ်ဘုန်းတော်ကြီး တပါးလည်းပါဝင်ခဲ့ပါသည်။
သူတို့ ၇ ဦးဟာ ကလေးငယ်များပါဝင်တဲ့ ညစ်ညမ်းသော ဓာတ်ပုံ၊ ဗွီဒီယို ပေါင်း ၁၀၀,၀၀၀ ကို ကမ္ဘာ့ အနှံ့သို့ ဖြန့်ချီခဲ့ကြောင်း မက္ကဆီကို ပြည်ထဲရေးဝန်ကြီး Miguel Angel Mancera က အတည်ပြုပြောကြားခဲ့ပါသည်။ မက္ကဆီကို ရဲတပ်ဖွဲ့ဝင်တွေဟာ စီဒီ၊ ဒီဗွီဒီ အခွေအမြောက်အများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အတင်းအဓ္ဓမလိင် ဆက်ဆံခံခဲ့ရတဲ့ ကလေးငယ်တွေ၊ ဒုက္ခရောက် အနှိပ်စက်ခံပြီး ညစ်ညမ်းတဲ့ ဓာတ်ပုံများ အရိုက်ခံခဲ့ရတဲ့ သားကောင် ကလေးငယ်တွေဟာ အသက်အရွယ်အားဖြင့် ၁၀ နှစ်အောက် ခန့်သာရှိကြောင်း မက္ကဆီကို ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဒီဓာတ်ပုံတွေကို ဘရာဇီး၊ စပိန်၊ ဘူဂေးရီးယား၊ ရုရှား၊ အာဂျင်တီးနား နှင့် အမေရိကန် နိုင်ငံများ မှ ကြည့်ရှု့ သူများက ၀ယ်ယူ ကြည့်ရှု့ ခဲ့ကြကြောင်းမှုခင်းအစီရင်ခံစာထဲမှာ ဖော်ပြထားပါသည်။
Rest of your post
No comments :
Post a Comment