Sunday 12 April 2009

ထိုင်းနိင်ငံရေး တင်းမာနေ


တပ်ဆင်ရဲ့ တယ်လီဖုန်း မက်ဆေ့ခ်ျကို ကြားရပြီးဝမ်းသာအားရဖြစ်နေတဲ့ ထိုင်းဆန္ဒပြသမားများ

ဝန်ကြီးချုပ် အာဘီဆစ် ဦးဆောင်တဲ့ လက်ရှိ ထိုင်းအစိုးရ ကို ဆန်ကျင်တဲ့ ဆန္ဒပြသမားများကို ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝါထရာ က တယ်လီဖုန်းနဲ့  မိန့် ခွန်းပြောနေပုံဖြစ်ပါတယ်။ ဆန္ဒပြသမားများက အာဆီယံအစည်းဝေးကျင်းပရာ ကွန်ဗင်း ရှင်း စင်တာကို ဆန္ဒပြသမားများက စီးနင်း တိုက်ခိုက်လိုက်နိင်တဲ့အတွက် အာဆီယံ ခေါင်းဆောင်တွေအစည်းဝေး ပျက်သွားခဲ့ရတယ်။ ဒါဟာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး အာဆီယံ ထိပ်သီးအစည်းဝေးအတွက် အလားအလာမကောင်းပုံကို ပြသလိုက်တာဖြစ်ပါတယ်။ ဆန္ဒပြသမားများက တပ်ဆင်ကိုလိုလားသူများဖြစ်ပြီး အာဘီဆစ် အစိုးရကို နှုတ်ထွက်ပေးဖို့ နဲ့ ရွေးကောက်ပွဲထပ်မံကျင်းပပေးဖို့ တောင်းဆိုနေကြပါတယ်။ လက်ရှိ အစိုးရ ဟာ
ကေအင်ယူကို ဖိအားပေးပြီး နအဖနဲ့ စကားပြောခိုင်းတဲ့လုပ်ရပ် ဖြစ်ပေါ်လာပြီး ၁ လအကြာမှာခုလိုပြည်တွင်း မငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။

ထိုင်းနိင်ငံရေးအခြေအနေကို ခြုံပြီးကြည့်ရင် မယ်ဆိုရင် အခြေအနေ က ပြန်လည် တင်းမားလာတော့မဲ့အခြေအနေရှိနေတယ်။ ထိုင်းနိင်ငံမှာ အဓိက နိင်ငံရေး အုပ်စုနစ်ခုကြားမှာ
စေ့စပ်လို့ မရတဲ့ အခြေအနေ ဖြစ်နေပြီဖြစ်ပါတယ်။ တပ်ဆင်ကိုလိုလားတဲ့အုပ်စုနဲ့လက်ရှိ အစိုးရ ကိုလိုလားတဲ့အုပ်စု နစ်ခုဖြစ်လာပါတယ်။ တပ်ဆင်ကိုလိုလားတဲ့ အုပ်စုက တော့ တပ်ဆင်နဲ့  တခြား အတိုက်အခံပါတီတွေဖြစ်တယ်။ သူတို့ ရဲ့  အဓီက အင်အားက ကျေးလက်နဲ့  ပြည်သူတွေနဲ့ အောက်ခြေလူထုတွေကိုအခြေခံထားတယ်။ တပ်ဆင်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုပေါ်လစီတွေပေါ်မှာ
သူတို့ အတွက် အကျိုးရှိခဲ့တယ်လို့  ခံယူကြတယ်။

လက်ရှိအစိုးရကို လိုလားသူတွေဖက်မှာတော့ ထိုင်းဘုရင်၊ ဘုရင့် အကြံပေးများ၊ ဒီမိုကရက်များ၊ လူလတ်တန်းစားများနဲ့  စစ်တပ်ကပါ ကြောထောက်နောက်ခံပေးထားတဲ့အတွက် အလွန် အင်အားတောင့်တဲ့ နိင်ငံရေး အဖွဲ့ ကြီးဖြစ်နေတယ်။ စေ့စပ်ရေးကို နည်းပရိယယ်တခုလို လက်ခံလေ့ရှိတဲ့၊သည်းခံတဲ့နေရာမှာ နာမည်ထွက်လေ့ရှိတဲ့ ထိုင်းလူမျိုးတွေနဲ့ ထိုင်းနိင်ငံရေးအသိုင်းအ၀ိုင်း ကြားမှာ ဒီတခါတော့ ဒီအရည်အချင်းတွေပျောက်ဆုံးနေပြီး တဖွဲ့ တဖွဲ့ အပြတ်ချေမှုန်းမဲ့ အနေထားကို ရောက်နေတယ်။
ဒီနစ်ဖွဲ့လုံးဟာ မြန်မာ့ အရေးပေါ်မှာ သဘောထားမမှန်ကြဘူး။

No comments :