Sunday 12 April 2009

ဘာလင်တိရိစ္ဆာန်ရုံရှိ ပိုလာဝက်ဝံကြီးများထံခုန်ချသွားခဲ့သောအမျိုးသမီးကြီး



-ပက်ထရစ်ရှာလင်း-

မနေ့က ဘာလင်တိရိစ္ဆာန်ရုံးကြီးမှာ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ ဂျာမန်အမျိုးသမီးကြီးတစ်ဦး၏ ထူးခြားတဲ့ အမှတ်မထင် လုပ်ရပ်တစ်ခု ကြောင့် တိရိစ္ဆာန်ရုံးကို လာရောက်လည်ပတ်သူတွေ ဟာ တုန်လှုန့်ချောက်ချားကာ တအံတသြ ဖြစ်သွားစေခဲ့တယ်။ သူမဟာ ပိုလာဝက်ဝံတွေ ပြသထားရှိတဲ့ နေရာရှိ ရေအိုင်ထဲကို ခုန်ချပြီး ပိုလာဝက်ဝံ တစ်ကောင်ဆီ ရေကူးသွားလို့ တိရိစ္ဆာန်ရုံးကြီး မှာ လာရောက်လည်ပတ်သူတွေ စိုးရိမ်တကြီးနဲ့ ရင်သပ်တမော ကြည့်ရှု့ ခဲ့ကြရတယ်လို့ အခင်းဖြစ်ပွားရာမှာ ရောက်ရှိနေကြတဲ့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ သူမဟာ အင်မတန်မှ အန္တရာယ်ကြီးလှ တဲ့ ပိုလာဝက်ဝံတွေဆီထံ ဘာကြောင့် ခုန်ချလိုက်တာကိုတော့ အတိအကျ မသိရသေးဘူး လို့ဆိုတယ်။ သူမ ခုန်ချသွားပြီးနောက် ပိုလာဝက်ဝံကြီး လေးကောင် ဟာ သူမထံချည်းကပ်ပြီး လက်မောင်းတွေ၊ခြေထောက် နှင့် ပေါင် တွေကို စုတ်ပြတ်သွားအောင် ကုတ်ဖဲ့ကိုက်ဆွဲကြတော့တယ်။ တရိစ္ဆာန်တွေကို ထိမ်းသိမ်း စောင့်ရှောက် နေတဲ့ ၀န်ထမ်းတွေက အလျင်အမြန်လာရောက် ကယ်တင်ခဲ့ကြလို့ သာ သူမ အသက်ချမ်းသာရာ ရသွားခဲ့တယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်း ကလည်း အမျိုးသားတစ်ယောက် ခုန်ချခဲ့တုန်းက တရိစ္ဆာန်တွေကို ထိမ်းသိမ်း စောင့်ရှောက်နေတဲ့
တရိစ္ဆာန်ရုံဝန်ထမ်းတွေက ၀က်ဝံကြီးတွေ ကို အမဲသားတွေ ပစ်ချပြီး ဖျားယောင် ကျွေးမွေးခဲ့ကြလို့ အသက်ချမ်းသာရာရသွား ခဲ့ဘူးပါသေးတယ်။ အခင်းဖြစ်ပွားမှု ကို သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြတဲ့ဂျာမန်ရဲအရာရှိတွေ က တော့ အမျိုးသမီးဟာ သေလုမျော်ပါး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ပြီး၊ ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသနေရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စာဖတ်သူတွေ ကကော ဒီဖြစ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။ အောက်မှာ မေးထားတဲ့ မေးခွန်းလေးတွေ ကို ဖြေကြည့်ကြရအောင်။

၁) ဘာလင်တိရိစ္ဆာန်ရုံးကြီးမှာ ဒီလိုဖြစ်ရပ်မျိုး နှစ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့်၊ ပိုလာဝက်ဝံတွေ ကို စိတ်အနှောက်အယှက်ပြုခြင်း ( Harassment)၊ တိရိစ္ဆာန်ရုံးကို လာရောက် အပန်းဖြေ လည်ပတ်သူတွေ ကို စိတ်အနှောက်အယှက်ပြုခြင်း ( Harassment)၊ အမှု ဖြင့် ထို ခုန်ချခဲ့သူတွေ ကို တရားစွဲဆိုသင့်ပါသလား?

(Should she or he be arrested for harassing the polar bears?)

၂) ဘာလင်တိရိစ္ဆာန်ရုံးကြီးမှာ ဒီလိုဖြစ်ရပ်မျိုး နှစ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့် တိရိစ္ဆာန်ရုံးလုံခြုံရေးအတွက် တာဝန်ရှိသူတွေဟာ တိရိစ္ဆာန်ရုံးကို လာရောက် အပန်းဖြေကြည့်ရှု့ သူတွေ အတွက် လုံခြုံရေး၊ တိရိစ္ဆာန်တွေလုံခြုံရေးကို ( Zoo Safety) ထိရောက်စွာ အရေးယူမှု၊ ပြင်ဆင်ဆောင်ရွက်မှုတွေကို မပြုလုပ်ဘဲ၊ လစ်လှူရှု့ခဲ့မှုကြောင့် အပြစ်ပေးခြင်းခံရသင့်တယ်လို့ ထင်ပါသလား။

Should the Zoo authorities be held accountable because of failure to provide Zoo Safety Hazards and failure to take corrective actions for repeated accidents?

၃) မေးခွန်း ၁ နှင့် မေးခွန်း ၂ ဟာ မမေးသင့်ဘူး၊ မသက်ဆိုင်ဘူး၊ သဘာဝအရ ဖြစ်လေ့ဖြစ်ထ ရှိတက်လို့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါဘဲ။ အရှုးတွေကြောင့် ငွေကုန်တယ်။ အချိန်ကုန်တယ်။

Questions are irrelevant.

၎) အစိုးရ က မေးခွန်း ၁ နှင့် မေးခွန်း ၂ အတိုင်း နောက်ထပ်မံ မဖြစ်ဖို့ စုံစမ်းစစ်ဆေးမှု၊ အရေးယူမှုများကို ပြုလုပ်သင့်ပါတယ်။

Agree questions 1 and 2.

စာဖတ်သူတွေရဲ့ ထင်မြင်ချက်လေးတွေ ကိုလည်း ကျေးဇူးပြုပြီး မျှဝေပေးကြပါလို့။







Rest of your post

4 comments :

Anonymous said...

မပက်ထရစ်ရှာ

ကျနော်ကတော့ Public safety အတွက် (၁) နှင့် (၂) နှစ်ခုစလုံးကို လုပ်သင့်တယ်လို့ထင်တယ်။
ဥပမာ- မှန်ချပ်တွေ ကို ကာထားတို့၊ သံတံတိုင်း တွေကို ခုန်မချနိုင်အောင် ကာထားတာမျိုးတို့ လုပ်သင့်တယ် လို့ထင်ပါတယ်။

ကိုမျိုး
ှင်္SF Bay Area

Anonymous said...

အမ

ကျမ ကတော့ ၁ ကိုသာ လုပ်သင့်တယ်။ ဒါဟာ ကိုယ့်ကိုကိုယ် သတ်သေတာမို့ (သို့) အရှုးထတာမို့ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။ တိရိစ္ဆာန်ရုံကို တသက်လုံး သွားရောက်လည်ပတ်ခွင့် မပေးသင့်ဘူး လို့ ကျမထင်တယ်။

သီတာ
နယူးယောက်

Anonymous said...

နံပါတ်လေး အဓိက လို့ ပဲ ယူ ဆပါတယ်။ ဒီလိုအ ဖြစ် အပျက် တွေမှာ လူတွေရဲ့ ခံစား ချက် ကို အစိုး ရ အနေ နဲ့ အလေး ထား စုံစမ်း ရ မှာ ဖြစ် ပါတယ် ။ တိရိစ္ဆာန်ရုံ ဆို ကတည်း က သေသေချာချာတော့ လုပ် ထား မှာ ပဲလို့ထင်ပါတယ်။ သဘာဝ နဲ့ လည်း နီး စပ် မှ လူတွေ လည်းပို စိတ် ဝင်စား မှာပေါ့။

Anonymous said...

နံပါတ်လေး အဓိက လို့ ပဲ ယူ ဆပါတယ်။ ဒီလိုအ ဖြစ် အပျက် တွေမှာ လူတွေရဲ့ ခံစား ချက် ကို အစိုး ရ အနေ နဲ့ အလေး ထား စုံစမ်း ရ မှာ ဖြစ် ပါတယ် ။ တိရိစ္ဆာန်ရုံ ဆို ကတည်း က သေသေချာချာတော့ လုပ် ထား မှာ ပဲလို့ထင်ပါတယ်။ သဘာဝ နဲ့ လည်း နီး စပ် မှ လူတွေ လည်းပို စိတ် ဝင်စား မှာပေါ့။