Saturday 11 April 2009

ထိုင်းမှာ သိန်းစိန် ခွေးပြေး ၀က်ပြေး ပြေးရခြင်း

သိန်းစိန် ကြီးတို့ အာဆီယံလူရှုပ်များကို ထိုင်း လူမျိုးများကလိုက်လံ ရိုက်နက်နေပုံ



ဧပြီလ ၁၁ ရက်နေ့ က ထိုင်းနိင်ငံပတ်တရာ မြို့ မှာ အာဆီယံ ထိပ်သီးအစည်းဝေးပြုလုပ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို လိုလားသူများက ဆန္ဒပြခဲ့ကြတယ်။ သူတို့အဖွဲ့ကို ယူဒီဒီဟုအမည်ပေးထားတယ်။ လက်ရှိဝန်ကြီးချုပ်အဘီဇစ်အစိုးရ ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်တယ်။ ပထမပိုင်းမှာ အစိုးရလုံခြုံရေးအဖွဲ့တွေက ဆန္ဒပြပွဲကို ထိမ်းသိမ်းထား နိင်သော်လည်း နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့များကို ကျော်ဖြတ်ပြီး အာဆီယံအစည်းဝေး အတွင်းသို့ချဉ်းနင်း ၀င်ရောက်နိင်ခဲ့ကြ သဖြင့် အာဆီယံအစည်းဝေးပျက်သွားပြီးအာဆီယံခေါင်းဆောင်များ ခွေးပြေးဝက်ပြေး ထွက်ပြေးရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြင့် အစည်းဝေးပျက်သွားခဲ့ရတယ်။ထိုင်းနိင်ငံဟာ နိင်ငံတကာ အစည်းဝေးကျင်းပနိုင်လောက်တဲ့ လုံခြုံရေး အဆင့်အတန်း မရှိတော့ဘူး ဆိုတာကို ကမ္ဘာကိုပြလိုက်သလိုဖြစ်သွားပါတယ်။ မြွေပူရာကင်းမှောင့်ဆိုသလို မြန်မာဝန်ကြီးချုပ် သိန်းစိန်ဆိုသူကလည်း အစည်းဝေးမှာ ဘာမှ မဆွေးနွေးပဲ ထွက်ပြေးတော့မှ အသံအကျယ်ဆုံးနဲ့ရှေ့ ဆုံးကဖြစ်နေကြောင်း သိရပါတယ်။ ဆန္ဒပြသူ များဝင်ရောက်လာချိန် တွင် ထိတ်လန့်နေသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေး ကယ်တင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆောက်အဦး ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက် နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ကို ဦးစားပေးကယ်တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရကြောင်း၊ မိန်းမသားဖြစ်တဲ့ ဖိလစ်ပိုင် ခေါင်းဆောင် အာရိုယာ ပင် နောက် အစီးဖြင့် လိုက်သွားကြောင်း ကြားသိရပါတယ်။ နောက်ဆုံးရတဲ့သတင်းအရ မြန်မာဝန်ကြီးချုပ် သွေးတက်သွားပြီး၊ ပတ်တရာမြို့ တွင် အာဏာရှင် ဆန့်ကျင်ရေးဒီမိုကရေစီ တပ်ဦး(UDD) အဖွဲ့ဝင်များက အစည်းအဝေးခန်းမ အတွင်းဝင်ရောက် လာသောကြောင့် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် နောက်ဖေးပေါက်မှ ခေါင်းမိုးပေါ်သို့ တက်ပြေးပြီး ကြုံရာ ရဟတ်ယာဉ် ဖြင့် အူတာပေါင်း လေတပ်စခန်းသို့ ကယ်ထုတ်သွားရသည်။ ရဟတ်ယာဉ်ပေါ်အတွက် သူ၏မျက်မှန်ပြုတ်ကျရာ ထိုင်းကွန်မန်ဒို က တက်နင်းလိုက် သဖြင့် ကျိုးသွားကြောင်းသိရပါတယ်။ မမြင်မစမ်းဖြစ်နေတဲ့ သိန်းစိန်ကို ထိုင်းစစ်သား တယောက် ပွေ့တင်ပြီး ပြေးရကြောင်း သတင်းရရှိပါတယ်။

အစည်းအဝေးခန်းမ အတွင်းထိုးဖောက်ဝင်ရောက်လာသူများသည် မြန်မာဝန်ကြီးချုပ်ဆီ ဦးတည် သွားကြသည် ဆိုသောကြောင့် ထိပ်တန်းလုံခြုံရေးအရာရှိများခြံရံပြီး သူ့ကို အရင် ရဟတ်ယာဉ်ပေါ် တင်ပေးလိုက်ရသည် ဟု ထိုင်းသတင်းဌာန တစ်ခု ကလွှင့် ထုတ်သွားခဲ့သည်။ လက်ရှိ စစ်ခေါင်းဆောင် များထဲ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ အကြောက်တတ်ဆုံးဟု နာမည်ကြီးသည်။ ဒုတိယအကြောက်အကြီးဆုံးမှာ သန်းရွှေဖြစ်ကြောင်းသိရပါသည်။

Source: Freedom News Group & ဂျေရာသော့မ်ဆင်
Summary

Rest of your post


2 comments :

Anonymous said...

မင်းတို့ပြည်တွင်းက စစ်ဗိုလ်တွေလည်း အိမ်ကျယ်တွေပါပဲကွာ။ ဘားထူးလို့တုန်း။ သူများတိုင်းပြည်ရောက်ရင် မောင်အေးက အစ အမြီးကုတ်နေတာ...ရုရှားပြန်စစ်ဗိုလ်လေးတွေ ဗန်ကောက်လေဆိပ်ထဲ ငါတွေ့တုန်းကတော့ မျက်နှာငယ်လေးတွေနဲ့ကွ။ လေဆိပ်က ကျယ်လိုက်တာဆို အဖေကျော် ပထွေးလွမ်းနေလေရဲ့ ဟား ဟား...

Angel said...

Hi Wai,

Forengn country is safer than our country.Our country is not safe for us due to bad military government.