ဒီနှစ်နှစ်ဆန်းပိုင်းကစပြီး KIA ခေါင်းဆောင်တွေက စခန်းတွေမှာ မိုင်းကွင်းတွေလုပ်
ခြံစည်းရိုးတွေပြန်ကာ၊ကတုတ်ကျင်းတွေတူးနဲ့တိုက်ပွဲတွေဖြစ်ရင်အသင့်ဖြစ်အောင်လုပ်ခိုင်းလာတဲ့အတွက်
အောက်ခြေက တပ်သားတွေ ကစစ်ပြန်တိုက်ရတော့မယ်လို့ ထင်နေကြပါတယ်။ လိုင်ဇာမှာနေတဲ့ ဒေသခံတစ်ဦးက
လိုင်ဇာဌာနချုပ်က တပ်မဟာအလိုက်တပ်ရင်းတွေ အသစ်ထပ်ဖွင့်ရမယ်၊
၂ လပိုင်းအကုန်မှာ စခန်းအားလုံးကတုတ်ကျင်း၊ဆက်သွယ်ရေးမြောင်းနဲ့ ဗုံးဒဏ်ခံနိုင်အောင်ပြင်ဆင်ရမယ်လို့ အကြောင်းကြားထားတယ်၊တပ်သားသစ်ကိုလည်းများများရအောင်စုဖို့လုပ်နေကြတယ်ဟုပြောကြားခဲ့ပါတယ်။
KIA စစ်ရေးပြင်ဆင်မှုများကြောင့် မြစ်ကြီးနားမြို့ပေါ်နှင့်ဖားကန့်မြို့များမှာKIAကတောပြန်ခိုပြီး
လက်နက်ကိုင်လမ်းစဉ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်ရအောင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့
ပေါင်းပြီးနိုင်ငံရေးစစ်ရေး အရှိန်မြင့်မယ်လို့သတင်းများ ဖြစ်ပေါ်လျက်ရှိပါတယ်။

2 comments :
good good good. It should be.
သိပ်ကောင်းတဲ့အစီအစဉ်ပေါ့....
Post a Comment