Thursday, 28 May 2009
ဘန်ကြီးရဲ့ Bamboo ကိုကြောက်ရွံ့နေသော စစ်ကျွန်ပြုကောင်စီ နအဖ
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကမ္ဘာပေါ်မှာ သက်ဆိုးအရှည်ဆုံးသော စစ်အာဏာရှင်စံနစ်ကိုကျင့်သုံးပြီး၊ တရားဥပဒေမဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်ရာဇ၀တ်ကောင်များ ကြီးစိုးနေတဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ ကို နအဖ စစ်ကျွန်ပြုကောင်စီ ကို ပြီးခဲ့တဲ့ရက်အနည်းငယ်က ဗီဇာ တောင်းခံထားခဲ့ပါတယ်။ သို့သော်လည်း ဘန်ကြီး Bamboo ပေးမှာကို ကြောက်ရွံ့နေသော စစ်အာဏာရှင်သန်းရွှေ၊ မောင်အေး အပါအ၀င် တိုင်းပြည်ကို သေနတ်ကိုင်အကြမ်းဖက်နေကြသော အကြမ်းဖက် လက်ကိုင်ဒုတ်တစ်စုက လက်မခံဘဲ၊ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းသိရှိရပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးအတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်အစိုးရက လျစ်လျူရှုလိုက်ပြီး၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကြီးရဲ့ သွားရောက်လည်ပတ်ရန် တောင်းဆိုခဲ့မှုကို အကြောင်းပြန်ဆိုခြင်းမပြုခဲ့ကြောင်းသိရှိရပါသည်။
at 09:25
Subscribe to:
Post Comments
(
Atom
)
2 comments :
I think UN needs the new emergency law that any UN Secretary General and top officials do not need the visa to enter any member nations otherwise the corresponding member nation would be expelled from UN (by default) without approval from UN assembly.
I think that will be a fair law for all nation.
i do agree above 'anonymous idea. Very good idea. why UN didn't think like that.
Post a Comment