Monday, 4 May 2009

စစ်ကျွန်အောက်က မြန်မာပြည်သူတွေရဲ့ ဘဝ

-မြတ်စိုး-

မြန်မာပြည်မှာ နားဂစ်မုန်တိုင်း သဘာဝဘေး အန္တရာယ်ဆိုးကြီးကျရောက်ခဲ့တယ်။ ထို့အတူ ထိုင်းနိုင်ငံမှာလည်း စူနာမီသဘာဝဘေး အန္တရာယ်ဆိုးကြီးကျရောက်ခဲ့တယ်။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကျရောက်ခဲ့ပြီးနောက် မြန်မာပြည်ရှိ စစ်ကျွန်ပြုကောင်စီ နအဖ လက်ထပ်မှာမြန်မာပြည်သူတွေ ဘယ်လိုခံစားနေကြရသလဲ၊ ဘယ်လိုနေထိုင်နေကြသလဲ ဆိုတဲ့ အထောက်အထားဓာတ်ပုံတွေပါ။ နိုင်ငံတကာအထောက်အပံ့ အကူအညီ တွေ လုံလောက်စွာမရပါဘူးလို့ စောဒကတက်ပြစ်တင်နေပေမဲ့၊ နေပြည်တော်မှာထီးတင်ပွဲနဲ့ နေပြည်တော် တည်ဆောက်ရေးပရောဂျက်တွေကိုတော့ ဒေါ်လာဘီလီနဲ့ချီသုံးစွဲနေတယ်။ စစ်လက်နက်ပစ္စည်းတွေကို ၀ယ်ယူဖို့ကြတော့ ဒေါ်လာဘီလီယံနဲ့ချီသုံးစွဲနေတယ်။ နားဂစ်ဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကတော့ နေထိုင်စရာမဲ့၊ အစားအစာ လုံလောက်မှုမရှိ၊ အလုပ်အကိုင်မရှိဖြစ်ပြီး ဆင်းရဲမွဲတေ နေကြတယ်။ ကျန်မာရေး၊ပညာရေး ချို့တဲ့နေကြတယ်။ စိတ်ပိုင်းဆိုင်ရာတွေ ချို့တဲ့နေကြတယ်။ လူ ကို လူလို့တန်ဖိုး မထားတက်တဲ့ စစ်ကျွန်ပြုကောင်စီ နအဖ လက်ထပ်မှာ တိုင်းပြည်က ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ဘယ်နိုင်ငံနဲ့မှလည်း နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး။ အောက်မှဖော်ပြထားတဲ့ပုံတွေဟာ မြန်မာပြည် နှင့် အခြားဂြိုဟ်ကမ္ဘာတစ်ခု ကိုနှိုင်းယှဉ်ထားတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဖူးကက်မြို့ မှာ သဘာဝဘေးအန္တရာယ် စူနာမီ ကျရောက်ပြီးနောက် ထိုင်းအစိုးရက အသိပညာ ဥာဏ်ရှိရှိ၊ အမြော်အမြင်ရှိရှိ၊ တိုင်းချစ်ပြည်ချစ်စိတ် တွေနဲ့ ဘယ်လို ပြန်လည်နလံထူလာအောင် ကြိုးပမ်းထား သလဲဆိုတာတွေကို ကျနော်တို့ ပြည်သူတွေ မျက်ဝါးမြင်မြင်သိရှိနိုင်အောင်ပါ။ နောက်ပြီးတော့လည်း သင်္ဘောပျက်၊ သင်္ဘောအိုကြီး ကို စီးနင်း လိုက်ပါနေကြတဲ့ စစ်ကျွန်ပြု ကောင်စီက ပါလေရာ စစ်ဗိုလ်ချုပ်တွေကိုလည်း မြင်တွေ့ပြီး၊ သူတို့လုပ်နေတာတွေကို ရှက်တက်အောင်လို့ပါ။ တိုင်းပြည်ပြန်လည်ထူထောင်တဲ့လုပ်ငန်းနဲ့ စစ်စခန်းတည်ဆောက်တဲ့လုပ်ငန်း တွေဟာ တခြားစီကွာခြားမှုရှိတယ်ဆိုတာ နားလည်နိုင်ပါစေလို့-

Tsunami vs Nargis
"မှတ်ချက်- မြန်မာပြည် နှင့် အခြားဂြိုဟ်ကမ္ဘာတစ်ခု ကိုနှိုင်းယှဉ်ထားတာမဟုတ်ပါဘူး။"




Burma: Life under Military Junta
(After Nargis)

နားဂစ်ဒုက္ခသည်များ၏ ယာယီတဲစခန်း







အထက်ပါပုံများမှာ နားဂစ်ဒုက္ခသည်များ၏ ယာယီတဲစခန်း မှ နေရပ်သို့ ပြန်လည်ရောက်ရှိနေထိုင်နေကြပုံ
စစ်ကျွန်အောက်က မြန်မာပြည်သူများ၏ ဆင်းရဲမွဲတေမှုဘ၀ (ပုံ-အေပီ)





Thailand: Phuket
(After Tsunami)


စူနာမီ သဘာဝဘေးအန္တရာယ် ခံရပြီး ထိုင်းနိုင်ငံ ဖူးကက်မြို့ ကို တွေ့ရစဉ်


ဖူးကက် မြို့ ပါသောင် ( Patong beach ) အပန်းဖြေကမ်းခြေ
( စူနာမီမှာ အများဆုံးလူသေခဲ့သောနေရာ)






ကရွန် ( Karon Beach) အပန်းဖြေကမ်းခြေ ( စူနာမီမှာ လူသေခဲ့သောနေရာ)
၂နှစ်ကြာအပြီး ဓာတ်ပုံရိုက်ယူရန် ကိုယ်တိုင်သွားရောက်ခဲ့စဉ်


စူနာမီ ဒုက္ခသည်များအတွက် အိမ်ယာမြေစီမံကိန်း
စူနာမီ ဒုက္ခသည်တွေ နေထိုင်နေကြပြီ



စူနာမီအပြီး ပြန်လည်တည်ဆောက်ခဲ့တဲ့ ဖူးကက်မြို့ သစ်



Rest of your post

3 comments :

Anonymous said...

နာဂစ်အတွက်ပြည်သူတွေနေဖို့ ဆောက်ထားတဲ့ အိမ်တွေက ဘယ်ရောက်သွားပါလိမ့်..အဲဒီအိမ်တွေကိုမဖော်ပြတော့ဘူးလား ..ကိုယ်လိုချင်တဲ့ပုံစံတိုင်း ဆွဲယူမယ်ဆိုရင် ထိုင်းနိုင်ငံမှာ စုတ်ပြတ်သတ်နေတဲ့အိမ်တွေ အမှိုက်ပုံတွေ လိုက်ရိုက်ပေးရမလား...

Anonymous said...

ဆူနာမီမှာ ထိုင်းနိုင်ငံက ပြန်လည်ထူထောင်ရေးအတွက် အကူအညီရခဲ့တဲ့ ပမာဏနဲ့ မြန်မာနိုင်ငံက နာဂစ်အတွက် အကူအညီရတဲ့ ပမာဏကို ယှဉ်ပြစေချင်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံရဲ့ ဓနအင်အားနဲ့ မြန်မာနိုင်ငံရဲ့ ဓနအင်အားကို ယှဉ်ကြည့်ရင် နားလည်လိမ့်မယ် ထင်ပါတယ်။ ဖူးခက်က ဒုက္ခသည်တွေ အရင်နေခဲ့တဲ့ အဆင့်အတန်းနဲ့ အခု ပြန်ရတဲ့ အဆင့်အတန်းကို ဧရာဝတီက ဒုက္ခသည်တွေ အရင်နေခဲ့ရတဲ့ အဆင့်အတန်းနဲ့ အခု ပြန်ရတဲ့အဆင့်အတန်းနဲ့ ယှဉ်ကြည့်ပေးပါလား။

Outsider said...

ဆူနာမီ ပြန်လည်ထူထောင်ရေးအတွက် ထိုင်းနိုင်ငံက အကူအညီ ဘယ်လောက် ရခဲ့ပါသလဲ။ မြန်မာနိုင်ငံကော နာဂစ်အတွက် ဘယ်လောက် အကူအညီ ရပါသလဲ။ ထိုင်းနိုင်ငံရဲ့ ဓနအင်အားနဲ့ မြန်မာနိုင်ငံရဲ့ ဓနအင်အား နှိုင်းယှဉ်တွေးတောပေးပါ။ ဖူးခက်ဒေသ ပြည်သူတွေ အရင်လူနေမှုဘ၀နဲ့ ပြန်လည်ထူထောင်ပေးခဲ့တဲ့ အဆင့်အတန်း ကွာဟမှုကို ဧရာဝတီက ပြည်သူတွေရဲ့ အရင်ကနဲ့ လက်ရှိပြန်ရတဲ့ လူနေမှုပုံစံ ကွာဟမှုနဲ့ နှိုင်းယှဉ်ကြည့်ပေးပါလား။