Monday, 11 May 2009
သင့် မိတ်ဆွေကို ပုဂံလေကြောင်းလိုင်းမစီးဖို့ ပြောပါ။
မနေ့ က ပုဂံလေကြောင်းလိုင်းက လေယဉ်တစီးဟာ မန္တလေး လေဆိပ်မှာ မတော်တဆမှု ဖြစ်သွားခဲ့တယ်လို့ သိရတယ်။ လေယဉ်ကတော့ပျက်ဆီးသွားပါတယ်။ ခရီးသည်များ ရဲ့ ကံကြောင့် တယောက်မှာ သေလောက်တဲ့ အခြေအနေကို မရောက်ခဲ့ကြ ရပါဘူး လို့  ခရီးသည်တဦးက ပြောပါတယ်။ လေယဉ်က မန္တလေးနဲ့ ညောင်ဦးကို သွားတဲ့လိုင်း ဖြစ်ပါတယ်။ ညောင်းဦးအရောက် ဆင်းခါနီးမှာ ဘီးကိုချလို့ မရဖြစ်နေတဲ့အတွက် မန္တလေးကို ပြန်လှည့် လာရစဉ်မှာ ခုလို ဘေးအန္တရယ်နဲ့ ကြုံတွေရခြင်းဖြစ်ပါတယ်။ မန္တလေး လေဆိပ်ကိုလေယဉ် က ၀မ်းနဲ့ ရှပ် ပြီးဆင်းလာရတာလို့ ဆိုပါတယ်။
လေယဉ်ဘီးကိုချလို့ မရတဲ့အဖြစ်ဟာ အလွန် အန္တရယ်များ လှတဲ့ ဖြစ်ရပ်ဖြစ် သောငြား လည်း ဒီသတင်းကို ထုတ်ပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။
လေကြောင်းမြန်မာပြည်မှာတော့ ပုဂံလေကြောင်းလိုင်းကို ခေါင်းပျံ လိုင်းလို့ လူတွေက ခေါ်ဝေါ်နေကြပြီး သေချင်ရင် စိန်မစားနဲ့  ပုဂံလေကြောင်းလိုင်းကိုသာ မှန်မှန်စီးပါလို့ သတိပေးနေကြကြောင်းသိရပါတယ်။ မိမိနီးစပ်ရာ မိတ်ဆွေများကို ပုဂံလေ
ကြောင်းလိုင်းမစီးကြဖို့  နိုးဆော်ပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
at 07:59
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment