ပြီးခဲ့တဲ့ အပတ်က မကွေးတိုင်းရေစကြို အခြေစိုက် ခလရ ၂၅၆ မှာ လက်နက်တိုက်အဖေါက်ခံရတယ်။ တပ်တွင်းက တပ်ကြပ်တွေကိုခေါ်ယူ ပြီးရိုက်နက်စစ်ဆေးမှုတွေလုပ်တာကြောင့် တပ်ကြပ်တွေရဲ့ မိန်းမတွေကဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်လို့ သိရတယ်။ ခလရ ၂၅၆ ဟာ တပ်မ ၁၀၁ လက်အောက်ခံဖြစ်ပြီး တပ်မမူးဟာအလွန်ဆိုးသူတဦးဖြစ်တယ်။ လပ်စားမှု ၊ အကျင့်စာရိတ္တပျက်ဆီးမှုနဲ့ အထက်ဖါးအောက်ဖိ လုပ်ရပ်တွေကြောင့် အောက်ခြေတပ်သားတွေမခံနိင်တော့ပဲ လက်နက်တိုက်ဖေါက်တာ တွေ ဖြစ်ပွားလာခြင်းဖြစ်တယ်။
စစ်သားတွေက စားဝတ်နေရေးမလုံလောက်မှုတွေကြောင့်လက်နက်တိုက်ကိုဖေါက်ပြီး လက်နက်ကိုရောင်းစားတာ ဓမြတိုက်တာတွေလည်း ဖြစ်နိင်ကြောင်း ဒေသခံတွေက သုံးသပ်ပါတယ်။ တပ်သား ၂၀ ခန့် ကိုဖမ်းဆီးထိမ်းသိမ်းထားပြီး ဒီထဲက တပ်ကြပ်တဦးဟာ ရိုက်နက်ခံရမှုကြောင့် ရေစကြိုဆေးရုံအရောက်မှာသေဆုံးသွားကြောင်းသိရပါတယ်။
အမည်မဖေါ်လိုတဲ့ တပ်မတော်သားတဦးကတော့ ကျနော်တို့ ဘ၀ က ကြက်ခြင်းထဲက ကြိုးချီခံထားရတဲ့တိုက်ကြက်လို့ ဘ၀ ပါဗျာ။ ကိုယ်မိဘ ၊ ကိုယ်သားသမီး၊ ကိုယ်မိန်းမ တွေ ဆင်းရဲဒုက္ခရောက်နေတာကိုတောင် မပြောရဲ ပဲ လက်ပိုက်ကြည့် နေရတဲ့ ဘ၀ ပါလို့ ဝီဖိုက်ဝီ၀င်း ကိုရင်ဖွင့်သွားပါတယ်။ ဒီလက်နက်တိုက်အဖေါက်ခံရတာ ဟာ မြန်မာ တပ်မတော် အတွင်း တပ်တွင်း ပုန်ကန်မှု ရဲ့  အစလားလို့  တပ်မတော်သားတွေကလက်သီးဆုပ်ကာ နားစွင့်လျက်ရှိပါကြောင်း။

( ငချစ်သင် - ပုဂံ )
Summary
Rest of your post
No comments :
Post a Comment