သာစည်အခြေစိုက် ခမရ -၄၁၉ ၊ ဗိုလ်စိုးမိုးဦး -( ကြည်း ၄၅၀၅၃ ) ကို ဖမ်းဆီးထိမ်းသိမ်းထားပါတယ်။ သူကိုဖမ်းရတဲ့အကြောင်းကတော့ ဗိုလ်စိုးမိုးဦးဟာ ရန်ကုန်ကို ပြန်ဆင်းပြီး သူ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ ဆုံတယ်။ သူတို့  အိုဒီအက်စ်က အရာရှိတွေနဲ့ လျိုလ်ဝှက်တိုင်ပင်ဆွေးနွေးမှု့ တွေလုပ်လို့  ဆိုပါတယ်။
ဗိုလ်စိုးမိုးဦးဟာစစ်သားကောင်းတဦးဖြစ်တယ်။အောက်ခြေရဲဘော်တွေအပေါ်မှာသဘောထားကောင်းသူတဦးဖြစ်ပါတယ်။ သူအထက်က ဗိုလ်တွေ မတရားလုပ်နေတာတွေ၊ လပ်စား၊ အကျင့်ပြက်၊ ကာရာအိုကေ၊ ပန်းကုန်းစွပ်၊ အထက်ဖါး အောက်ဖိ စရိုက်တွေကို မကျေနပ်ကြောင်း အမူအရာနဲ့ ပြသာတဲ့အတွက် သူအထက်အရာရှိတွေရဲ့ လူမဆန်တဲ့ဖိနိပ်မှုတွေ ဆဲဆိုကြိမ်းမောင်းမှုတွေကို နေစဉ်နဲ့ အမျှခံစားနေရသူ တဦးဖြစ် ကြောင်းသိရပါတယ်။
ယခုအခါမှာစစ်အာဏာရှင်စနစ်ကိုတပ်မတော်သားတွေကရွံမုန်းနေကြပြီဖြစ်ပါတယ်။စစ်တပ်ကိုအမုန်းဆုံးကတော့ စစ်သားတွေဖြစ်နေခြင်းဖြစ်ပါတယ်။စစ်တပ်ကိုချစ်မြတ်နိုးနေသူတွေ၊စစ်အာဏာရှင်စနစ်ကိုနစ်ခြိုက်နေသူတွေကတော့ တေဇ၊ မက်ဇော်ဇော် တို့ လို စီးပွားရေးသမားတွေ၊ ဘောဂဗေဒခင်မောင်ညို၊ နေ၀င်းမောင်၊ တို့ လို တတ်ယောင်ကား တွေ နဲ့  မြတ်ခိုင်၊ နေမျိုးဝေတို့ လို ခွေးဝင်စား သတင်းသမားတွေသာဖြစ်နေကြောင်း သူတို့ ဟာစစ်အစိုးရထံမှာအကျိုးအမြတ်တွေကိုရနေသူတွေထောက်ပံမှုကိုရယူနေသူတွေသာဖြစ်ကြောင်းသိရပါတယ်။
Summary
Rest of your post
No comments :
Post a Comment