Monday, 18 May 2009
ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ မြန်မာစစ်အုပ်စုကို အရေးယူဖို့တောင်းဆို
-ဘန်ကာက်-
အောင်မိုး-ဂျေရာပွန်သော်မဆင်
၀၅-၁၈-၂၀၀၉
မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက မြန်မာပြည်ရှိ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုမှ မတရားဖမ်းဆီး ထောင်သွင်းအကျဉ်းချကာ တရားစွဲဆိုခဲ့မှုနဲ့ပက်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အရေးယူတောင်းဆိုဖို့ တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။ ပြည်ပရောက် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နိုင်ငံခြားရေးနှင့် သံတမာန်ရေးရာကော်မတီ အဆင့်မြင့်တာဝန်ရှိသူ ဦးညိုအုန်းမြင့်က ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာစစ်အုပ်စု ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် အရေးယူမှုတွေကို ပြုလုပ်ပေးပါရန် ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနရုပ်မြင်သံကြားမှာ ထုတ်လွှင့်ဖော်ပြသွားခဲ့တယ်။
ဦးညိုအုန်းမြင့် က ပြည်ပရောက် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အနေဖြင့် အိမ်နီးချင်းနိုင်ငံများ နှင့် အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ က မြန်မာပြည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား စစ်အုပ်စုမှ မတရား နှစ်ရှည်စွာ ဖမ်းဆီးချုပ်နှောင်ထားခဲ့မှုမှ လွတ်မြောက်အောင် တောင်းဆိုကြရန်နှင့် အိမ်နီးချင်း ခေါင်းဆောင်များ နဲ့ လည်း တွေ့ဆုံနိုင်အောင် ကျိုးစားသွားမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသား သတင်းအဖွဲ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Rest of your post
at 11:05
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment