Monday, 18 May 2009
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ၏ မြန်မာပြည်အပေါ် သုံးသပ်ချက်
-မြတ်စိုး-
သမ္မတရာထူးကနေ အနားယူသွားပြီးနောက် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ အတွက် နိုင်ငံတကာမှာ တက်တက်ကြွကြွလှုပ်ရှားနေသူတစ်ဦးအဖြစ် နိုင်ငံတကာခေါင်းဆောင်တွေ က အသိအမှတ်ပြုခံခဲ့ရပြီ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ဦးလည်းဖြစ်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် ကို မတရားလုပ်ကြံ တရားစွဲဆိုခံနေရမှု၊ မြန်မာနိုင်ငံ၏ နအဖ စစ်ခေါင်းဆောင်တွေနဲ့ပက်သက်ပြီး CNN ရုပ်မြင်သံကြားအစီအစဉ်မှာ သတင်းထောက် ဂျွန်နသန်မန်း (Jonathan Mann ) ကို သူ့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ၁၅ မိနစ်နီးပါးဆွေးနွေးသွားခဲ့ပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးတွေ့ဆုံ အဖြေရှာရေးအတွက် သမ္မတဟောင်း ဂျင်မီကာတာ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျိမ်းဘေကာ ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံကိုယ်စလှယ် အဖြစ်ခန့်အပ်ဖို့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံတရားမျှတရေး နှင့် လူ့အခွင့်အရေးအဖွဲ့ -Justice for Human Rights in Burma ( J.H.B) က အမေရိကန်နိုင်ငံခြားရေးကော်မတီ ဥက္ကဌ ဟောင်း ၊ လက်ရှိ အထက်လွှတ်တော် အမတ် ရစ်ချက်လူဂါထံ စာရေးသား တင်ပြတောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
သမ္မတဟောင်း ဂျင်မီကာတာဟာ အရှေ့အလယ်ပိုင်းရှိ ဂါဇာ နှင့် အနောက်ဖက်ကမ်းခြေ ဒေသတွေမှာ အစ္စရေးအစိုးရရဲ့ လူမျိုးရေး၊ဘာသာရေးခွဲခြားဆက်ဆံနေမှု၊ အစ္စအစိုးရရဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် မတရားမှုတွေ ပွင့်ပွင့်လင်းလင်း၊ ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆို ရေးသားခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ သူဟာ ကမ္ဘာ့အရေးအခင်းတွေမှာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး တို့အတွက် တက်တက်ကြွကြွဦးဆောင် လှုပ်ရှားနေသူ တစ်ဦးဖြစ်လို့ လက်ရှိမှာ သူရဲ့ကြိုးပမ်းမှုတွေဟာ အမေရိကန် သမ္မတရာထူး တာဝန်ထမ်းဆောင်တုန်း ကထက်တောင် ပိုမိုလုပ်ဆောင်နိုင်ခဲ့တယ်လို့ အများက အသိအမှတ်ပြုခံနေရသူတစ်ဦး လည်းဖြစ်ပါတယ်။
CNN ရုပ်မြင်သံကြား သတင်းထောက် ဂျွန်နသန်မန်း (Jonathan Mann ) နှင့်တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာပြည်အကြောင်းကို တော်တော်လေး လေ့လာထားပြီး နှံ့နှံ့စပ်စပ်သိရှိနေကြောင်း ဖော်ပြနေပါတယ်။ သူရဲ့ အမြင်တွေကို လေ့လာသိရှိနိုင်ရန် ဝေမျှလိုက်ပါသည်။
Rest of your post
at 09:22
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment