ဥပဒေအရာရှိဦးမြင့်ကြိုင်။ တရားသူကြီး ဦိးသောင်းညွန့် ။ ဦးညိီညီစိုး သို
ဒေါ်အောင်ဆန်းစုကြည် ပါ ၄ အမှုအတွက် ဥပဒေအရာရှိတာဝန်ကဘာလဲသက်သေခံအဖြစ် တင်သွင်းခွင့်ရှိမရှိ ကြီးကြပ်ရမဟုတ်လား၊ သက်သေထင်ရှားပြရန်မလိုသည့် အရာကို သက်သေအပေါ် ကြီးကြပ်ရမှာ မဟုတ်လား....ဒါဆိုရင် ဦးဇော်မင်းအောင်တင်သွင်းသွားတဲ့ ဆက်လက်တားဆီးမိန့်  သက်သေခံ (က -၂)ဆက်လက်တားဆီးခွင့်မရှိတော့ကြောင်း ၇၅ဥပဒေ ပုဒ်မ ၁၄သည် ယနေ့ အထိတည်ဆဲဥပဒေဖြစ်တဲ့အတွက် သက်သေခံဥပဒေပါသက်သေထင်ရှားပြစရာ မလိုတော့ ဦးဇော်မင်းအောင် သက်သေခံတင်သွင်းတာကို ပိတ်ပင်တားမြစ်ရမယ်။ယခုအမှုတရားခွင်အပေါ်က တရားသူကြီးများရဲ့ စီရင်ပိုင်ခွင့် ဆင်ခြင်တုံတရား။ ဥပဒေအရာရှိမှ ခွင့်ပြုလိုက်သော တရားလိုဘက်မှ တင်းသွင်းသည့်သက်သေခံမှန်သမျှသည် ဥပဒေအရ ဆီလျှော်မှုမရှိရင် တရားရုံး၏ စီရင်ပိုင်ခွင့်သည်ပလပ်ရမည်ဖြစ်သည်။ တရားလိုတင်သွင်းသော ဆက်လက်တားဆီးမိန့် ကို မ ပလပ်ဘဲ သက်သေခံ (က-၂) အဖြင့်ဥပဒေနှင့်ဆန့် ကျင်ပြီး လက်ခံလိုက်ခြင်းသည် ဥပဒေချိန်ခွင်ရှာကို မှောက်လှန်ပြစ်လိုက သလို စွပ်စွဲခံရသူ အားလုံးအား မှားယွင်းစွာပြစ်ဒဏ်ပေးလိုက်မိပါက နိုင်ငံ၏ တရားဥပဒေစိုးမိုး မှုမရှိခြင်းကို မည်ကဲ့သို့ပြန်လှယ်ကယ်တင်နိုင်မည်နည်း။
Saturday, 23 May 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
မတရားသူကြီးများနှင့် ဥပဒေအကြံပေးအရာရှိများကို သတိပေးလိုသည်မှာ လက်ရှိ စစ်အစိုးရသည် ကတိမတည် ဖာသည်အစိုးရဖြစ်ပြီး နောက်နောင်ကာလများတွင် သင်တို့အတွက် အာမခံချက်မရှိပါ။ သို့ပါသောကြောင့် မိမိဘာသာ ရာထူးမှ အနားယူဖို့ တိုက်တွန်းလိုက်သည်။
Post a Comment