Tuesday, 26 May 2009

စကာၤပူ ရောက် မြန်မာ များ အနီရောင် တီရှပ် တွေ ၀တ်ပြီး ဆန္ဒပြ မယ်ဟု သိရ



စင်္ကာပူရောက် မြန်မာ လူငယ်တချို့ က ဒေါ်စု လွတ်မြောက်ရေးအတွက် တီရှပ်အနီရောင်ကို ၀တ်ကြမယ်လို့ဆိုပါတယ်။ သူတို့ရဲ့  အကြံပြုချက်ကို ကျနော်တို့ ဘလောက်က နေကြေညာပေးပါစို လို့ တင်ပေးလိုက်ပါတယ်။ သူတို့ဆွေးနွေးချက်ကတော့ စင်္ကာပူမှာ ဆန္ဒပြရတာခက်တယ်။ စလုံးက ပြသာနာရှာနိင်တယ်။ ဒါကြောင့် ကျနော်တို့ လုပ်နိင်တဲ့နည်းလမ်းကိုရှာတဲ့အခါမှာ မြန်မာ တွေအနေနဲ့ ဈေးဝယ်တယ်။ လမ်းသွားတယ်။ အလုပ်ကပြန်လာတဲ့အခါမှာ တီရှပ်အနီကို ၀တ်ပြခြင်းဖြင့် ဒေါ်စုနှင့် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်းပြသနိင်တယ်လို့ ဆိုပါတယ်။

တီရှပ်အနီတွေက - ရွှေ ၀ါရောင်နဲ့ အခြေခံဥပဒေဆန်ကျင်ပွဲတုံးက ၀တ်ခဲ့ကြတဲ့အတွက် ထပ်လုပ်စရာ မလိုပဲ လူတိုင်းမှာ ရှိနေကြတယ်လို့ဆိုတယ်။ ကဲ စင်္ကာပူရောက် ညီအကိုမောင်နှမများခင်ဗျာ တီရှပ်အနီများ ကိုဝတ်ခြင်းအားဖြင့် သင်တို့ရဲ့  အမှန်တရား ကိုချစ်မြတ်နိုးတဲ့ စိတ်ဓါတ်ကို ပြသကြပါစို့။


1 comment :

မင်း said...

ဒါမနှစ်ကပုံပါ။ ဘန်နာကိုင်ထားတဲ့သူတွေထဲက တစ်ယောက်ကတော့ အဆိပ်ပြင်းတဲ့ဆူး စူးသွားပြီ။အမြန်ဆုံး အဲဒီဒဏ်ကနေ(အစူးခံရသူတွေအားလုံး) လွတ်မြောက်ပါစေ။
တတ်နိုင်တဲ့ အတိုင်းအတာကနေ ပါဝင်လျက်ပါ ... ရေ။