Wednesday, 27 May 2009

ဘုရားပွဲကို သွားကြမယ်။

ဘုရားပွဲကို သွားကြမယ်။

ချစ်သူကို ပြောပြ
သူမ နဲ့ တူအောင်လုပ်ပြဖို့ 
ယောထဘီကိုဝတ်။
အကျီသစ်သစ် နဲ့  ပန်းတွေ ဝေအောင်ပန်
မနက်ဖန် တောင်ဖက်မုဒ် မှာ ဒို့ ဆုံကြမယ်။

ပန်းတွေကို ခူးခဲ့ကြ။
သူမကိုရည်စူးပြီးဘုရားမှာကပ်မယ်။

ဘုရားပွဲမှာ လူမကွဲစေနဲ့ 
သူတို့ နဲ့ ကွဲပြား ။
သူမ နဲ့  ခွဲ ခြားလို့ မရအောင် တူမှ
ရောင်ခြည်လွတ်တာကို မြင်ရမယ်။

သွေးရှိသူတို့ 
သူမနဲ့ မတူ- တူအောင်လုပ်ကြပါစို့ ။

မိုးသီး

1 comment :

Kaung Kin Ko said...

ကဗျာလေးခံစားသွားပါတယ်။