ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဟာ ခွေးအလွန်ချစ်တယ်လို့ သတင်းရတယ်။ ဒီခွေးမသားကခွေးချစ်တာတော့ မဆန်းဘူး။ ဆန်းတာကတော့ သူက ခွေးချစ်တတ်တယ်ဆိုလို့  ဦစီးးတက္ကသိုလ် တက်ရောက်နိင်ဖို့  အမြှီးနှံနေတဲ့ တပ်ရင်းမှုးတွေဟာ ကျောင်း အုပ်ကြီးကို ခွေးလက်ဆောင်ပေးရတယ်။ သူတို့ ဟာ ခွေးချစ်ကြောင်းပြနေရ တယ်ဆိုပဲ။ သူအိမ်ကိုသွားလည်ရင် သားတို့ ရေလာပါဦးဆိုလို့  သားသမီးတွေ ထွက်လာကြတယ်။ သူတို့ ဟာ လူတွေလို့ တော့မအောင်းမေ့လိုက်နဲ့  ခွေးတွေ တပြုံတခေါင်းကြီးထွက်လာသတဲ့။ ခွေးတွေအားလုံးက နိင်ငံခြားက မှာယူမွေးထားတဲ့ခွေးတွေပါခင်ဗျား။ ခွေးမသားက ခွေးသိပ်ချစ်တဲ့အတွက် တပ်ရင်းမှုးတွေကလည်း နိင်ငံခြားက ခွေးတွေကို အပြိုင်အဆိုင်ဝယ်ပေးနေကြတယ်ဆိုပါတယ်။
အမေရိကန်နိင်ငံ နယူးယောက်မြို့ မှာ ငွေလွဲ လုပ်ငန်း လုပ်ကိုင်နေသူ တဦး နဲ့ သူအမ ဟာ နအဖ ဗိုလ်ချုပ်တွေ အလိုရှိနေတဲ့ ခွေးတွေကို တလ တခေါက်ပုံမှန်သယ်ပေးနေရတယ်ဆိုပါတယ်။ ခွေးတကောင်ကို သယ်ပေးခ ဒေါ်လာ တစ်ထောင့်ငါးရာ ပေးရတယ်လို့ ဆိုတယ်။ အဖွားကြီးက တလကို တခေါက်မြန်မာပြည်ကို ပြန်ပြီး စစ်ဗိုလ်တွေမှာတဲ့ခွေးတွေကိုသယ်ပေးရင်း စီးပွားအလွန်ဖြစ်နေကြောင်း တင်ပြလိုက်ရပါတယ်။ တတိုင်းပြည်လုံးငတ်ပြတ်နေချိန် မှာ စစ်ဗိုလ်တွေ နိင်ငံခြား ခွေး ရော ဂါ ထနေကြ တယ်လို့ သိရပါတယ်။

အမေရိကန် နအဖ ကို စီးပွားရေးပိတ်ဆို့  နေချိန် မှာ အမေရိကန် က ခွေးတွေကို ဇိမ်ခံပစ္စည်းအဖြစ် စစ်တပ်အသိုင်းဝိုင်းက တဆင့်ခံနဲ့ ဝယ်ယူခိုင်းနေတာကိုတော့ ကျနော် တို့ ပြတ်ပြတ်သားသား တားမြစ်ဖို့ လိုနေပါတယ်။ မြန်မာ ပြည်က ဌာနခွေးတွေကို တော့ ခွေးလေခွေးလွင့်လို့ သတ်မှတ်ပြီး နိင်ငံခြားက ခွေးမှ ခွေးလို့ ထင်နေတဲ့  ဗိုလ်ချုပ်တွေ ရဲ့  အဖေကျော် ခွေးတော်လွမ်းဇတ်လမ်း ကိုလည်း ဆုံးမဖို့ လိုနေပါတယ်။
တပ်ရင်းမှုးတိုင်း က နိင်ငံခြား က ခွေးကို မပေးနိင်ပါဘူး ။ မွဲနေတဲ့တပ်ရင်းမှုးတွေက ဒုနဲ့ ဒေးပါ။ သူတို့ က တော့ တကယ်တိုက်ခိုက်နေရရှာတဲ့သူတွေပါ။ ဒါပေမဲ့ တချို့ တချို့ သော တပ်ရင်းမှုးတွေကတော့ မီလီယံနာတွေဖြစ်နေကြပါတယ်။ သူတို့ က ဦးစီးတက္ကသိုလ်တက် ပြီး တဲ့အခါမှာ နေရာကောင်း နဲ့  ရှေ့ ဆက်ရာထူးတက်နိင်ဖို့ အတွက် လူကြီးတွေအ ကြိုက်ကိုလိုက်ပြီး လပ်ထိုးနေကြခြင်းဖြစ်ပါတယ်။
တကယ်လို့  လပ်မထိုးနိင်တဲ့တပ်ရင်းမှုး နောက်ကြောင်းမရှင်းသူ၊ ခရစ်ယန်သို့ မဟုတ် မူစလင်ဘာသာဝင်ဖြစ်နေရင်တော့မေခလာသီချင်းလို ပြန်ပေတော့ မစဉ်းစားနဲ့  - တပ်ရင်းပြန်၊ရှေ့ တန်းမှာ အသေခံတိုက်
အသက်ကြီးလာရင် ဂျောင်ထိုးခံရတဲ့ ဘ၀ နဲ့  ဇတ်သိမ်း ရတာမျှသာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
4 comments :
haaaaaaahhaa is it true u kok tan. shame on u.
http://www.youtube.com/watch?v=mIHr8M6EYog
အော်ရေး စရာမရှိတော့ ခွေးဇတ်လမ်းတွေ ဖန်တီးလာပြန် ပြီပေါ့။ အောက် အပိုဒ်က စာသားတွေမှန်နေတော့ ဆက်ရေးပါ လက်ခံပါတယ်။
ကိုမိုးသီးရေ..အဆုံးထိဆက်ဖက်ရန်..ဆိုတာကြီးကိုဖြုတ်ထားလျှင် ပိုကောင်းမည်ဟုထင်ပါသည်
Post a Comment