Monday 1 June 2009

စုံးမကြီးဒေါ်ကြိုင်ကြိုင်ရဲ့ အောက်လမ်းနည်းများ ။ ဘုရားများကို ဖျက်ဆီး ခြင်း၊ ထောင်ချခြင်းများ ပြုလုပ်နေခြင်း


( အီးမေးလ် တွေက ရလို ပြန်လည်ဖေါ်ပြလိုက်ရတဲ့ဓါတ်ပုံတွေပါ။ မူရင်းနေရာနဲ့ ရိုက်တဲ့သူကို ဒီလိုဓါတ်ပုံမျိုးတွေရိုက်ကူးပေးပို့ နေကြတဲ့အတွက် အထူးပဲချီးကြူးဂုဏ်ပြုပါကြောင်း ပထမဦးစွာ ဖေါ်ပြအပ်ပါတယ်။ )

ဒလမြို့ က ဓနုတ် စေတီကြီး ပြို ကြသွားတာကို ၀မ်းနည်းဖွယ်ရာတွေ့ ရှိနိင်ပါတယ်။ ဒီစေတီတွေဟာ ရှေးဟောင်းအမွေအနစ်တွေပါ။ မြန်မာပြည်မှာတော့ လူထု ကြည်ညိုဖူးမျော်ရမဲ့စေတီတွေဟာ ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ အာဏာတည်မြဲရေးအတွက် အောက်လမ်းနည်းတွေကိုသုံးပြီး ဘုရားတွေကို ယတြာယာချေဖို့ အတွက်ပဲ အသုံးချခံနေရတာကို နာကျဉ်းဖွယ်ကြားသိနေရပါတယ်။ ရွှေတိဂုံ ဘုရားကိုလည်းလုပ်ခြင်တိုင်းလုပ်နေကြပါတယ်။ အခုပတ္တမြားမျက်ရှင်ဘုရားကိုလည်း သော့ခတ်ပြီးထောင်ချထားတယ်လို့ သိရပါတယ်။
လူတွေကို ဖူးမျှောင်ခွင့်မပြုဘူး။ ပြုလိုက်ရင် လူထုတွေလွတ်လပ်သွားမယ်။ဒါကြောင့်ဘုရားကို တောင်ထောင်ချထားတယ်လို့ သိရပါတယ်။ ယတြာယာချေတာလို့ ဆိုပါတယ်။ ဒီဘုရားကို ဗိုလ်ချုပ်တင်အေးသား ဗိုလ်ကြီးဥက္ကာအေးက စောင့်ကြပ်နေတယ်လို့ ဂေါပက အဖွဲ့ မှာ ဆိုပါတယ်။

နောက်ထပ် အလွန်ဆိုးဝါးလှတဲ့ အောက်လမ်းနည်း တခုကတော့စုံးမကြီး ဒေါ်ကြိုင်ကြိုင် ကရှမ်းပြည်နယ် မြင်းမထီရွာက ပင်လောင်းဘုရား က ရှေးဟောင်းမြတ်စွာဘုရားရုပ်ပွားတော်ကိုလည်း အတင်းအကြပ်ယူဆောင်သွားပြီးထောင်ချထားတယ်လို့သိရပါတယ်။ မြတ်စွာဘုရားရုပ်ပွားတော်က ညဏ်တော်
၁ တောင်ခံရှိတယ်။ ပဉ္စလောဟာ သတ္တု နဲ့ စီရင်ထားတယ်။ ပဉ္စလော ဟာ ဆိုတာ သတ္တု ၇ မျိုးနဲ့ ပြုလုပ်ထားတာပါ။ ဘုရင်နောင်မင်း တရားကိုယ်တိုင် ကပ်လူထားခဲ့တာလို့ ဆိုပါတယ်။ မြတ်စွာဘုရားက
ပြည်သူလူထုတွေကိုဘေးအန္တရယ်အပေါင်းက ကာကွယ်ပေးတယ်လို့ ဒေသခံတွေက ယုံကြည်ခဲ့ကြပါတယ်။
ဒီဘုရားကို ဒေါ်ကြိုင်ကြိုင်အမိန့် နဲ့  ယူဆောင်စေတဲ့အတွက် ဂေါပကအဖွဲ့ ကပေးလိုက်ရတယ်လို့  ဆိုပါတယ်။
ဘုရားကို မရမ်းကုန်း က မယ်သီလရင် ထံမှာ တခါးပိတ် သံကြိုးခတ်ပြီး သိမ်းဆည်းထားပါတယ်။
မယ်သီလရင်နာမည်ကတော့ အဖွားလေးလို့ သိရတယ်။ သူ့ အခန်းမှာ အောက်လမ်းနည်းတွေနဲ့ စီရင်ပြီးထားပါတယ်။ ဒီမယ်သီလရင်ကြီးက ဘုရားကို ထောင်ချထားတဲ့အခန်းသော့ကို သူ့ ခါးမှာ အမြဲတမ်း ချီထားတယ်လို့ ဆိုပါတယ်။ ဒီအဖွားကြီးရဲ့ ညီမ က အခု အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားမှာနေနေတယ်လို့ သိရပါတယ်။ ( သတင်းအပြည့်အစုံကို ကျနော်တို့ ဆက်လက်တင်ပြသွားပါမယ်။ )
-----------စာဖတ်ပရိတ်သတ် တဦးရဲ့ မှတ်ချက်မှ ----------------------------------------------------
သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီ ကို သန်းရွှေမိသားစုကိုးကွယ်ပါတယ်၊ သူ့ကိုဆရာလေးလို့ခေါ်ရင်အလွန်စိတ်ဆိုးတယ်၊ သန်းရွှေမိသားစုကအဖွားလေးလို့ခေါ်တယ်၊ သူ့ညီမ ဒေါ်ပညာပိုင်တဲ့ သီလရှင်ကျောင်းက ကာလီဖိုးနီးယားမှာ အနည်းဆုံး ဒေါ်လာ ၃ သိန်းလောက်တန်မလားပဲ၊

8 comments :

စိတ်ပျက်တယ်.. said...

ဘုရား ဘုရား သာသနာက ဖြစ်ချင်တိုင်းဖြစ်နေပါလား.

ဗေဒင် ယတြာ ယုံကြည်ပြီး ဘုရား တရား သံဃာ ကို စော်ကားချင်တိုင်းစော်ကားနေကြပါလား..

သာသနာကို ဘယ်လူမျိုးခြား ဘာသာခြားမှ ဖျက်ဆီးလို့မရဘူး.. ဖျက်ဆီးနေတာ အမည်ခံ ဗုဒဓ(နှစ်လုံးဆင့်လုပ်လို့မရလို့)ဘာသာဝင်တွေပဲ.. အယောင်ဆောင်တွေပဲ လုပ်နေကြတာ.

အယောင်ဆောင်ဘုန်းကြီးတွေ မယ်သီလရှင်တွေ လူတွေကြောင့် သာသနာပျက်ဆီးမှာ.

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလာ လို သံဃာတော်တွေ များများပေါ်မှ သာသနာ မပျက်ဆီးမှာ. ဆရာတော်ရဲ့ တရားတွေက အနှစ်သာရအရမ်းရှိတယ်.

ကိုမိုးသီးရေ. အဲဒီတရားခွေတွေ အမြဲ တင်ထားပေးပါ.

Unknown said...

မိမိရဲ့ စိတ်ကိုက ကောင်းတယ့်စိတ်မထားပဲ ဘုရားကိုကြည်ညိုလို့ ကတော့ အကျိုးပေးမကောင်းပါဘူး။ သူဟာသူယ့တာကြိုက်သလောက်တာ ချေပါစေ။ အခုဆိုရင် ဒေါ်အောင်ဆန်းဆုကြည်ဟာ တကမ္ဘာလုံးက ရဟန်းရှင်လူ ပြည်သူများရဲ့ မေတာနဲ ကျန်းမာလျက်ပါ။

moethee.blogspot.com said...

သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီ ကို သန်းရွှေမိသားစုကိုးကွယ်ပါတယ်၊ သူ့ကိုဆရာလေးလို့ခေါ်ရင်အလွန်စိတ်ဆိုးတယ်၊ သန်းရွှေမိသားစုကအဖွားလေးလို့ခေါ်တယ်၊ သူ့ညီမ ဒေါ်ပညာပိုင်တဲ့ သီလရှင်ကျောင်းက ကာလီဖိုးနီးယားမှာ အနည်းဆုံး ဒေါ်လာ ၃ သိန်းလောက်တန်မလားပဲ၊

စိတ်ပျက်တယ်.. said...

တကယ့် မြတ်စွာဘုရားရဲ့ သာသနာအစစ်က
ကောင်းရင်စံ ဆိုးရင်ခံ ဆိုတဲ့.. ပြုသမျှ အကြောင်းကံကြောင့် ဖြစ်လာတဲ့ အကျိုးကံပါ.
ယတြာချေလို့ မရ၊ အာပတ်ဖြေလို့ မရပါဘူး.
ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပဲ ပြန်လာမှာပါ..

ကောင်းတာလုပ်ရင်လဲ ဆုတောင်းနေစရာမလို ကောင်းကျိုးပဲ ရမှာပါ.
ဆိုးတာလုပ်လဲ ယတြာချေလို့မရ.ဆိုးကျိုးပဲ ပြန်ရမှာပါ..

ဒီလိုလူမျိုးတွေကြောင့် ဘုရားသာသနာကွယ်လုလု ဖြစ်နေတာပါ..

Anonymous said...

အဲ့ဒီအဖွားလေးဆိုသူ သီလရှင်ကို ကိုးကွယ်တာ သန်းရွှေမိသားစုတင်မဟုတ်ပါ။ စစ်တပ်က ရာထူးကြီးကြီးအကုန်လုံးရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်း အကုန်လုံးက ကိုးကွယ်တာပါ။ ဒီသီလရှင်ရဲ့ ကျောက်ရေတွင်းက ကျောင်းကိုဆောက်ဖို့ ရပ်ကွက်က အိမ်တွေ ဖယ်ပေးလိုက်ရလို့ မကျေနပ်သူလည်း အများကြီးပါ။

Anonymous said...

ဓမ္မေသီ နဲ့  တင့်တင့်ထွန်း ပေါင်းပြီးမြင်းမထိ ဆရာတော် ထံမှ ခဏ ဆို ပြီး ပင်.သွားတာ ပြန်မပေး တော့တာဘဲ... လက်ထောက် ချတဲ့သူ ကိုတော့ မပြောတော့ ပါဘူး

Anonymous said...

ပဉ္စလောဟာဆိုတာ သုတေသနရုပ်ပြအဘိဓါန်အရ ရွှေ၊ ငွေ၊ ကြေး၊ သလွဲစင်နဲ့ သလွဲမည်းကို ပေါင်းစပ်ထားတဲ့ သတ္ထုစပ်တစ်မျိုးပါ။ ဒီမှာရေးထားသလို သတ္ထု ၇ မျိုးမဟုတ်ပါ။ ပါဠိလို “ပဉ္စ” ဆိုတာ ဗမာလို “၅”လို့ အဓိပ္ပါယ်ရတဲ့အတွက် သတ္ထုငါးပါး အနက်က သင့်မယ်ထင်ပါတယ်။ အဲဒီအဘိဓါန်မှာပဲ သထ္ထု ၇ ပါးပေါင်းစပ်ထားတာကို ဖာတိလောဟာလို့ခေါ်ကြောင်း ပါရှိပါတယ်။ Planet Dictionary အရ “လောဟာ” ဆိုတာ သတ္ထုစပ် (alloy) ကိုခေါ်ပါတယ်။

ကိုးကား
သုတေသနရုပ်ပြအဘိဓါန် - http://thupya2008ya.blogspot.com/2008/12/blog-post_27.html

Planet Dictionary - http://www.planet.com.mm/dictionary/index.cfm?searchterms=alloy&searchtype=search&button=1

Anonymous said...

ငါလိုးမသား ဘာမှ ရေရေရာရာ မသိပဲ သူများပြောတာ ကြားပီးလျှောက်ရေးထားတယ်...
မင်းတို့ လို ကိုယ်မေကိုယ်လိုးတွေ ရေးသမျှဖတ်မိတဲ့ သူကတွေတော့ ဒုက္ခပဲ...