Monday 1 June 2009

တူး တူမော်ရိုး ( Two Tomorrow)


သိန်းစိန် အင်္ဂလိပ်စကားမပြောတတ်ပဲ ၀န်ကြီးလုပ်နေခြင်း

ဗီယက်နမ် မှာလုပ်တဲ့ အာဆီယံအစည်းဝေးမှာ သိန်းစိန် ဟာ ခွေးအကြီးလှည်းနင်းနေသလို ပဲ ဖြစ်နေတယ်ဆိုပဲ။အင်္ဂလိပ်လို ကလည်း မတတ်တော့ ဘာမှလည်းဝင်မဆွေးနွေးနိင်၊ သတင်းတောက်တွေကို ရှောင်ပုန်းနေတယ်။ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့စကား က သိန်းစိန်အတွက်တော့ ပြောင်းပြန်ဖြစ်နေတာပေါ့။ပညာကလည်း ဟုတ်တိပတ်တိ မတတ်၊ ဒီအက်စ်အေလား၊ အိုဒီအက်စ်ကလားခြောက်တိခြောက်ချဲ့ တတ်ထားတဲ့ပညာက အာဆီယံအစည်းဝေးမှာ တိုးလို့ မပေါက် ။ ဒီတော့အစည်းဝေးတလျောက်လုံးမှာ ဗီယက်နမ်ဝန်ကြီးချုပ်နားကပ်ထိုင်နေရသတဲ့။ တတ်တဲ့ အင်္ဂလိပ်စကားကလည်း -YOU GO . I GO. YOU eat I eat . သဘက်ခါ မြန်မာ ပြည်ပြန်ကို Tomorrow -Tomorrow - Two Tomorrow I GO home. လို့  စင်္ကပူ ၀န်ကြီးချုပ်ကိုပြောသတဲ့။ မြန်မာတွေအင်္ဂလိပ်စကားကို အာဆီယံတွေ ဖြုံခဲ့တာ အစဉ်အဆက်ပါ။ ဒီ နွားအဖွဲ့ တက်လာမှာသောက်ရှက်လုံးလုံးကွဲတာပဲဗျာလို့  နိင်ငံခြားရေး ရုံးမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတဦးကညည်းပါတယ်။ သူက ဆက်ပြီး ခင်ဗျား ကြည့် စမ်းပါ။ မြန်မာ ပြည်မှာ ရေခဲရေရောင်းတဲ့ချာတိတ်ကတောင် တိုးရစ် က ဟေ့ တခွက်ဘယ်လောက်လဲ ဆိုရင် - တူးကေ ( 2 K ၊နစ်ကျပ်)
လို့ ပြောနိင်တဲ့လူမျိုးတွေဗျ။ ခုတော့ ဗျာ Tomorrow - Tomorrow - Two Tomorrow တဲ့ ဗျာ။


ရန်သိမ်း

7 comments :

Unknown said...

Hello Gentleman,

Can you approve what thein sein talk to the other in this case? If you can , please upload to Youtube website.

Thank

Anonymous said...

i m sure its just a fake article....moe thee...as being a high standard politician shouldnt do liek that kind of nonsense

Unknown said...

Are u fool? Really u don't know that the Prime Minister understood english language.It is really?I don't think so,if is right that case you can show how to said Prime Minister Thein Sein in ASEAN meeting.If you can show that video i'll believe it.Are you okay?Don't try to lying.

Anonymous said...

နအဖ စစ် ဘိုချုပ်တွေ အင်္ဂလိပ် လို မတတ် တာ ညံ့တာတော့ အစဉ်အဆက်ဆိုသလိုပါ။ သောက်သုံး ကလဲမကျ ပြောချင်တာ ကိုလဲ ကောင်းကောင်းမွန်မွန် မပြောတတ်.
သွားလေသူ ဘိုခင်ညွန့် စင်ကာပူ ရောက်တုံးက စင်ကာပူ မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ any questions လို့ မေးရမဲ့ အစား any asker လို့ ခပ်တည်တည်နဲ့ မေးချလိုက်တာ သတင်းထောက်တွေ ကြား ဟာသ ဖြစ်ခဲ့ရပါတယ်။ နောက်နေ့ သတင်းစာ တွေမှာ asker ခင်ညွန့် ဆိုပြီးပါလာတာ ရှက်စရာပါ။
သိန်းစိန် ဟာ ခင်ညွန့် ထက် ညံ့မှာ ကို သံသယ မရှိပါ။

ဘာတဲ့ ဘိုမျိုးညွန့် ခောတ်တုံး က သတင်းစာ ခေါင်းကြီးမှာ ဒွတ်ဒက်ရွှတ်ရှက် တတ်မှ ဒီမိုကရေစီ ရမည် မဟုတ်ပါ။ မင်္ဂလသုတ် တတ်လျှင်လည်း ဒီမိုကရေစီ ရနိုင်ပါသည် တဲ့......အင်မတန် ရှက်စရာ ကောင်းတဲ့ ရေးသားဖေါ်ပြချက်ပါ။
ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တာကို မနာလိုဇောနဲ့ သတင်းစာမှာ ရွဲံ့တဲ့တဲ့ ရေးခဲ့တာပါ။
အော် န၀တ....နအဖ ဘိုချုပ်တွေ သနားတယ်။

Unknown said...

yeyint09, you sound like one of those spdc watch dogs. i cant believe you people, how could you step down on your own people for pennies and potatoes that spdc spares you. look at the big picture man. we can all corporate and make our country a better place to live. don't you feel ashamed that you are obeying the orders from someone who couldn't construct a simple sentence in english? i'd rather suffer and be involved in the revolution than stepping aside and sucking out blood of our own people. please think twice before you follow any fool's orders.

Anonymous said...

How luckily we are...We have chance to learn new words from our Tamadaw " Two Tomoro"....? :(

Anonymous said...

:))))) hahahahahahaha.. Two Tomorrow.. New Myinglish vocabulary.