Wednesday, 17 June 2009

လက်မှတ်ထိုး လှုပ်ရှားမှု

လက်မှတ်များကိုပေးအပ်မှု ကို ကိုတိတ်နိင်နှင့်မခင်ဥမ္မာတို့ က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်


ဇွန်လ ၁၆ရက်နေ့ နေလည် ၃ နာရီ က မြန်မာ့နိင်ငံဒီမိုကရက်တစ်အင်အားစုနှင့် နိင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး အသင်းမှ တာဝန်ခံ ရဲဘော်များ ဖြစ်သော မခင်ဥမ္မာနှင့် ကိုတိတ်နိင် တို့ 
က ဒေါ်အောင်ဆန်းစုကြည်နှင့်နိင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှု ( Free Burma's Political Prisoners NOW! Campaign ) ရဲ့  လှုပ်ရှားမှု အဖြစ် လက်မှတ်များကို ကောက်ခံ ခဲ့တယ်။ တကမ္ဘာလုံးမှာ လူပေါင်း ၇ သိန်း၈သောင်းကျော်ပါဝင် လှုပ်ရှား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကောက်ခံရရှိတဲ့လက်မှတ်များကို
တာဝန်ခံများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းထံကို ပေးအပ်ခဲ့တယ်။ သတင်းစားရှင်းလင်းပွဲကို ၇၇၇ ကုလသမဂ္ဂပလာဇာ ၊နယူးယောက်မြို့ မှာ ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။



''ကျနော်တို့ ဟာ လူအခွင့်ရေးချိုးဖေါက်ခံနေရတာတွေကိုလာပြောတာမဟုတ်ပါဘူး။ လူအခွင့်ရေးချိုးဖေါက်ခံနေရတာ များလွန်းတော့ ၊ ချိုးဖေါက်စရာ ကိုမရှိသလောက်ဖြစ်နေရပါပြီ။ အခုကျနော်တို့ လာပြောတာက နအဖက မြန်မာ့ လူအဖွဲ့ စည်းတခုလုံးအပေါ်မှာ ရာဇ၀တ်မှုကြီး ကျူးလွန်နေတယ်ဆိုတာကိုလာပြောတာပါ။ ''

2 comments :

Anonymous said...

ဦးမိုးသီးဇွန်

ခင်ဗျားတို့  နိုင်ငံစုံက ABSDF အဖွဲ့ ဟောင်းတွေ စစ် ခမောက်
တခုပေါ် လက်မှတ်တွေစုထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ဆီမွေးနေ့ လက်ဆောင်ပို့ ရင်
ညီညွတ်ရေးလဲဖြစ်
စုစည်းမှုလဲရ
သူ့ ကိုလဲ ထောက်ခံမှုလဲဖြစ်တယ်လို့ ထင်တယ်ဗျာ။

Anonymous said...

နအဖ ကို လက်မှတ်ထိုး လှုပ်ရှားလဲ ကျွဲပါးစောင်းတီးပါဘဲဗျာ...
အစကတည်းက သိတတ်နေမှတော့ ဒီလောက်အထိအောင်ရောက်မလာပါဘူး