Friday 5 June 2009

ဓာတ်လှေကားပြုတ်ကျ လူ ၈ ဦး ဒဏ်ရာရ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 05 2009 12:58 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မုံရွာမြို ဗောဓိတထောင်ဘုရားတွင် ဓာတ်လှေကားပြုတ်ကျမှု ဖြစ်ပွားရာ နိုင်ငံကျော် ဆရာတော်များ ဖြစ်သော အရှင်ဆန္ဒာဓိကနှင့် အရှင် ရဝေနွယ် (အင်းမ) အပါအဝင် စုစုပေါင်း ရဟန်းနှင့် လူ ၈ ဦး ဒဏ်ရာရသွားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာရှိ ဗောဓိတထောင်ဘုရားမှ ဓာတ်လှေကားတခုသည် ယမန်နေ့ညနေ ၆ နာရီခန့်တွင် ပေ ၂၀ ကျော်အမြင့်မှ ပြုတ်ကျမှုဖြစ်ပွားရာ ဓမ္မကထိက အကျော်အမော်များဖြစ်သော ရွှေပါမီတောရ ဆရာတော် အရှင် ဆန္ဒာဓိက၊ အရှင် ရဝေနွယ် (အင်းမ)၊ ဗောဓိတထောင်ကျောင်းတိုက်မှ ရဟန်းတပါးနှင့် ဘုရားဖူး ၅ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့၍ မန္တလေးဆေးရုံတွင် ကုသမှု ခံယူနေကြရသည်။

“လုပ်ငန်းသုံး ဓါတ်လှေကားလေ။ ပစ္စည်း အတင်အချလုပ်ဖို့ အဓိကထား လုပ်ထားတာဆိုတော့ လူတိုင်းကို ပေးမတက်ပါဘူး။ မော်တာနဲ့ ဆွဲတာ မသုံးတာကြာလို့ဖြစ်တာ။ အခုဟာ ဦးခေါင်းတော်အထိ တက်ကြည့်ကြမယ်ဆိုပြီး တက်သွားကြတာ။” ဟု ဗောဓိတထောင် ကျောင်းတိုက်မှ ဦးဇင်းတပါးက မဇ္ဈိမ သို့ ပြောကြားသည်။

1 comment :

Anonymous said...

လူယုတ်မာတက်လမ်းရိန်ဝင်းပါလို့ ဖြစ်သွားတာပါ။
ဒီကောင်ဟာ-လောင်းကစား ဂျင်ဝိုင်း ။ မရင်ငယ်များနှင့် သူတဖက်သားကိုလွန်ကဲစွါအမှု့ ရှာသူ ။ မတရားသူတဦး
ဖြစ်ပါသည်။