Friday, 26 June 2009

ဂန်ဘာရီ ရန်ကုန်ကိုသွားမည်။

ကုလသမဂ္ဂ အတွင်းရေးမှုး - ဘန်ကီမွန်း ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ က မနက်ဖန်ရန်ကုန်ကိုရောက်မယ်လို့ သိရပါတယ်။ သူသွားတဲ့ခရီးစဉ်ကိုတော့ သင့်တော်တဲ့အချိန် ဖြစ်ပါတယ်လို့ ဘန်ကီမွန်ကဆိုပါတယ်။ နိင်ငံတကာအစိုးရတချို့ နဲ့ လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကတော့ ဂန်ဘာရီကိုမြန်မာ ပြည်ကိုမသွားစေချင်ဘူး ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူနေချိန်မှာ နအဖ က ဂန်ဘာရီကိုအသုံးချတာကို ခံရမယ်လို့  ထောက်ပြကြပါတယ်။ ဆန်ကျင်ဖက်အားဖြင့် တချို့  သံတမန်တွေကလည်းဒီ အတိုင်းထိုင် နေလို့ ကတော့ မရဘူး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နဲ့  တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အတွက် ကုလသမဂအနေနဲ့  အခွင့်အရေးရတုံးမှာ မြန်မာပြည် ကိုသွားပြီးပြောရမယ်လို့ ဆိုပါတယ်။

1 comment :

Anonymous said...

Gambari has never been useful.