Sunday, 14 June 2009

အီရန်မှာလူထု လှုပ်ရှားမှု ဆက်လက်ပြင်းထန်နေ


အီရန် ရွေးကောက်ပွဲမှာရလဒ်ကို မကျေနပ်တဲ့အတွက်ဆန္ဒပြသမားတွေကစတိုးဆိုင်တွေကိုတိုက်ခိုက်ခြင်းနဲ
့မီးရှို့ ခြင်းများကို ဆက်လက်ပြုလုပ်နေကြပါတယ်။သူတို့ ကသမ္မတမိုဟာမက်အမာဒီနီးဂျဒ်ကိုရွေးကောက်ပွဲထပ်မံပြုလုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။အစိုးရကအဓိကရုဏ်းနိမ်နင်းရေးရဲတွေကိုအသုံးပြုပြီးနိမ်နင်းနေတယ်။အင်တာနက်တွေကို ဖြတ်တောက်လိုက်ပါတယ်။ရွေးကောက်ပွဲမှာအနိင်ရတယ်ဆိုတဲ့အမာဒီနီးဂျဒ်ကတော့လက်ရှိဖြစ်နေတနိင်ငံလုံးဆူပူအုံကြွနေတာတွေကိုအရေးမကြီးတဲ့ပုံစံနဲ့လျစ်လျူရှု ပြီးဘောလုံးကရိုက်ပွဲတခုလောက်မျှသဘောထားခဲ့တယ်လို့ ဆိုပါတယ်။သူကတော့ ရွေးကောက်ပွဲရလဒ်ကလွတ်လပ်ပြီးတရားမျှတတယ်လို့ ဆိုပါတယ်။သူသာလျင်တရားဝင်သမ္မတလို့ ဆိုပါတယ်။ အီရန်ရွေးကောက်ပွဲရလဒ်ကို အမေရိကန် အစိုးရကအသိမှတ်မပြုဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

No comments :