မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မှာလည်း ဦးနေ၀င်းက ပါတီဥက္ကဌ ဒါပေမဲ့ အစိုးရအဖွဲ့  သမတတွေဝန်ကြီးချုပ်တွေထက်သူက တချက်လွတ်အာဏာကိုရယူထားခဲ့
သူဖြစ်ပါတယ်။ အီရန်ဟာလည်းအလားတူဖြစ်ပါတယ်။ အီရန်မှာ ဘာသာရေးခေါင်းဆောင်များ အဖွဲ့ ။ ဒီအဖွဲ မှာ အယာတိုလာ ခါမီနီ ကခေါင်းဆောင်တယ်။ သူက အဓိက နံပတ်တစ်။ တနည်းအားဖြင့်ပြောရရင် သူဟာအီရန်ကို ဂျောက်ထည်းချနေတဲ့တစ်တရားခံ။ ဒီမိုကရေစီရဲ့ ရန်သူ။ (Enemy of Democracy ) ဖြစ်ပါတယ်။
အီရန်မှာ အစိုးရအဖွဲ့ ရှိတယ်။အစိုးရအဖွဲ့ အတွင်းရွေးကောက်ပွဲရှိတယ်။ သမတကိုရွေးနိင်တယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ ဟာ ရုပ်သေးမျှသာဖြစ်ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့အစိုးရအဖွဲ့ သမတ နေရာရွေးကောက်ပွဲကတော့ထူးခြားလာပါတယ်။
ရွေးကောက်ပွဲမှာ ဘာသာရေးခေါင်းဆောင်တွေ ( Supreme Leaders) တွေ က နောက်ကနေ ထောက်ခံအားပေးနဲ့  သမတ မိုဟာမက် အာမက်ဒီဂျဒ် က အနိင်ရတယ်။ သူနိင်တယ် လို့ ကြေညာအပြီးမှာလူထုလှုပ်ရှားမှုတွေပေါ်ပေါက်လာတယ်။ သူက ရွေးကောက်ပွဲမှာ မဲလိမ်ခဲ့တယ်လို့  အတိုက်အခံခေါင်းဆောင် ဟူစိန် -မူဆာဘီက စွပ်စွဲခဲ့ပါတယ်။ ဟူစိန်မူဆာဘီကို လူအများစုကထောက်ခံခဲ့တယ်။ သူက ဘာသာရေးအစွန်းမရောက်ပဲ အီရန်ကို ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လို သူဖြစ်ပါတယ်။
သူက အီရန် ကို
- ဒီမိုကရေစီ ပြပြုင်လဲမှု
- အမျိုးသမီးများ တန်းတူအခွင့်အရေး
- အီရန်ကို နိင်ငံတကာနဲ့ သင့်မြတ်ရေး
- အီရန်ကို အမေရိကန် နဲ့  ပြေလည်ရေး စတဲ့ အမြင်တဲ့ပေါ်လစီတွေ ရှိတယ်။
အီရန် လူထုက အီရန်အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေကို လမ်းခွဲခြင်နေတာကြပြီ။ သမတ မိုဟာမက် အာက်ဒီဂျဒ်ကို ဆန်ကျင်တယ်ဆိုတာ က အီရန်ကို ဘာသာရေးခေါင်းဆောင်တွေအုပ်ချုပ်နေတာကို ဆန်ကျင်တယ်။ လက်မခံလိုတော့ဘူးဆိုတာကိုလည်း ပြသလိုက်ခြင်းဖြစ်ပါတယ်။
အခု အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမီနီက ရွေးကောက်ပွဲရလဒ်ကို ပြန်လည်စီစစ်ရမယ်လို ဆိုတာဟာ အီရန် လူထုလှုပ်ရှားမှု ရဲ့  ပွဲဦးထွက် အောင်ပွဲလို့ ပြောလို့ ရပါတယ်။ ဒါက ၁၉၈၈မတ်လနဲ့ ဇွန်လ ခုနစ်ကျောင်းသားလှုပ်ရှားမှု ဂယက်ကြောင့် ဦးနေ၀င်းက တပါတီအာဏာရှင်စနစ်နဲ့ တော့ဆက်သွားလို့ တော့မရတော့ ဘူး။ ကျောင်းသားတွေ က မျက်စိပွင့်လာပြီ။ ဒီတော့ တပါတီစနစ်နဲ့ သွားမလား ပါတီစုံနဲ့သွားမလား ဆိုတာကို လူထုဆန္ဒခံယူပွဲပြုလုပ်ပေးပါမယ်လို့  ၁၉၈၈ခုနစ် ဇူလိုင် ၂၃ ရက်နေ့ မှာကျင့်ပတဲ့ မဆလ ပါတီ နောက်ဆုံးညီ လာခံ မှာ သူတင်ပြခဲ့ရတာနဲ့သွားညီနေတယ်လို့  ပြောနိင်ပါတယ်။
အီရန် ဒီမိုကရေစီလှုပ်ရှားမှုဟာ အရေးကြီးသလား
အရေးကြီးတယ်လို့ ဖြေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အီရန်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အောင်ပွဲခံခဲ့မယ်ဆိုရင် အရှေ့ အလယ်ပိုင်း မှာ ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေ နဲ့  ဘာသာရေးအစွန်းရောက်မှုတွေ လျော့ကျသွားနိင်တယ်။
အရှေ့ အလယ်ပိုင်းနဲ့ အရှေ့ တောင်အာရှ နိင်ငံတွေမှာ ဒီမိုကရေစီ လှုပ်ရှားမှုတွေဟာ အားကောင်းလာနိင်တယ်။ အကြမ်းဖက်လှုပ်ရှားမှု ဆန်ကျင့်ရေးနိင်ငံတကာ အာရုံစိုက်မှုက နေ ဒီမိုကရေစီလှုပ်ရှားမှု ဖက်သို့ ပြန်လည် အားပေးမှုတွေဖြစ်ပေါ်လာနိင်လို့ ဖြစ်ပါတယ်။
မိုးသီးဇွန်
No comments :
Post a Comment