Monday, 15 June 2009

နေပြည်တော်ကို ပီကင်းသို့ရွေှ့ပြောင်းဖို့ ပြင်ဆင်နေခြင်း

တရုတ်အစိုးရ၏ မြန်မာ့အရေးပေါ် ရပ်တည်ချက်ပြောင်းလဲမှာကို ဒူးတုန်အောင်ကြောက်နေသောမော်စကိုပြန် မောင်အေး


-အထူးကြားဖြတ်သတင်း-


ယနေ့ နေပြည်တော် ရပ်ကွက် ကထွက်ပေါ်လာတဲ့ သတင်းအရ တရုတ်ပြည် ကွန်မြူနစ်ပါတီပေါ်လစ်ဗြူရို နှင့် တရုတ်အစိုးရ ဒုတိယသမ္မတ Xi Jinping တို့ရဲ့ ဖိတ်ကြားချက်အရ နအဖစစ်အုပ်စုခေါင်းဆောင် မော်စကိုပြန် ဂဠုံအေး နဲ့ အကြမ်းဖက်အဖွဲ့ဟာ ပီကင်းမြို့ သို့ မထွက်ခွာမှီ၊ နေပြည်တော်တွင် အထူးအစည်းအဝေးတစ်ခု ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။ ယင်းအစည်းအဝေးပွဲတွင် နအဖစစ်အုပ်စုခေါင်းဆောင်များ မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီး ရင်ဆိုင်ရနိုင်သော အရေးပေါ်အခြေအနေများကို ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းသစ်များကို ရှာဖွေစဉ်းစားနေကြကြောင်းနှင့် ယင်းနည်းလမ်းသစ်များကို တရုတ်အစိုးရထံ တင်ပြသွားမှာဖြစ်ကြောင်း ကြားသိရပါသည်။

ယင်းအစည်းအဝေးတွင် နအဖ စစ်ခေါင်းဆောင် ဂျိုကုတ်ဒူးကြီး ( ဒူးတုန်အောင်ကြောက်သော) သန်းရွှေက မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေဆိုး နှင့်ရင်ဆိုင်ကြုံတွေ့ရပါက နေပြည်တော်ကို ပီကင်းသို့ ပြောင်းရွေှ့ ရုံးစိုက်ရန် အကြံပြု လမ်းညွှန်မှုများပေးခဲ့ကြောင်း ကြားသိရပါသည်။ ယင်းကိစ္စနဲ့ ပက်သက်၍ မော်စကိုပြန် ဂဠုံအေး နဲ့ အကြမ်းဖက်အဖွဲ့ ပီကင်းမြို့ သို့ရောက်ရှိစဉ် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြုရို အဖွဲ့ဝင်များ နှင့် တွေ့ဆုံဆွေးနွေး ပြီး ပီကင်း၌ နေပြည်တော်ရုံးသစ်စိုက်နိုင်ရန် ထောက်ခံ ခွင့်ပြုချက်ရယူခဲ့ရန် မှာကြားခဲ့ကြောင်း နေပြည်တော်မှ လာသော သတင်းများအရသိရှိရပါသည်။

ထို့ အပြင် မြောက်ကိုရီးယား၏ မြေအောက်အဏု မြူဗုံးဖောက်ခွဲခဲ့မှုအပေါ် မြောက်ကိုရီးယားကွန်မြူနစ်အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်များမကြာခင်က ပြောင်းလဲလာခဲ့တယ်။ မြောက်ကိုရီးယားကွန်မြူနစ်အစိုးရ ကို ဒဏ်ခတ်တဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် တရုတ်အစိုးရက အခြား ကုလသမဂ္ဂလုံခြုံရေး အဖွဲ့ဝင်နိုင်ငံများနှင့် အတူ ထောက်ခံခဲ့သလို၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ မြန်မာ့အရေးဆွေးနွေး လျှင် မြောက်ကိုရီးယားအရေး ကိစ္စကဲ့သို့ တရုတ်ကွန်မြူနစ်အစိုးရ ၏ရပ်တည်ချက်များ ပြောင်းလဲမှာကို နအဖစစ်အုပ်စုခေါင်းဆောင်များကလည်း အထူးစိုးရိမ်မှုများ ရှိနေကြောင်း နှင့် ဒူးတုန်အောင်ကြောက်ရွံ့နေကြကြောင်း ကြားသိရပါသည်။

မော်စကိုပြန် ဂဠုံအေး ၏ တရုတ်ပြည် ခရီးစဉ်အတွင်း-

  • ၁) နေပြည်တော်ကို ပီကင်းသို့ အလျင်အမြန်ရွေှ့ပြောင်းခွင့်ပြုရေး၊
  • ၂)တရုတ်မြို့ကြီးများတွင် မီးထိန်ထိန်လင်းနိုင်ရန် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ၊ ရေနံ၊ သတ္တုတွင်းများ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရေး စီးပွားရေးစာချုပ်များ၊
  • ၃) ၀ အဖွဲ့ ကို တရုတ်ပြည် မှတဆင့် အားပေး ကူညီထောက်ပံ့နေမှုများ၊
  • ၄) တရုတ်အစိုးရ က ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံပေးခြင်း၊
  • ၅) မြန်မာ့ အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးလျှင် ဆုံးဖြတ်ချက် များကို တရုတ်အစိုးရမှ ဗီတို အာဏာသုံး ကန့်ကွက်ပေးခြင်း၊
  • ၆) တရုတ်အစိုးရ၏ One China ပေါ်လစီကို ထောက်ခံပေးခြင်း၊
  • ရ) မြန်မာစစ်တပ်အရာရှိများကို တရုတ်နိုင်ငံရှိ ကွန်မြူနစ်ကေဒါသင်တန်းကျောင်းများ တွင် ပညာသင်ကြားလေ့လာခွင့်ပြုခြင်း နှင့် မြန်မာစစ်တပ်တွင် နအဖ စစ်ခေါင်းဆောင်ကြီးများကဲ့သို့ ကွန်မြူနစ်ကေဒါလောင်းများဦးရေ ပိုမိုတိုးပွားလာနိုင်ရေး၊
များကို ဆွေးနွေးကြလိမ့်မယ်လို့ သိရှိရပါသည်။

-ဆင်ဟွာသတင်း-

No comments :