Thursday, 4 June 2009

အထိန်းသိမ်းခံတဦးကိုလွှတ်ပေးရန် အမေရိကန်သံရုံးရှေ့တွင်ဆန္ဒပြ

NEJ / ၄ ဇွန် ၂၀၀၉

ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့၌် ယနေ့နံနက် (၁၀) နာရီခန့်တွင် အထိန်းသိမ်းခံတဦးကို ပြန်လည်လွှတ်မြောက်ရေးအတွက် ကူညီရန် ဆန္ဒပြသူ (၆) ဦးက တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြသူများမှ အမျိုးသမီး (၂) ဦးနှင့် ကလေး (၄) ဦးတို့ ပါဝင်ကာ ဆယ်မိနစ်ခန့်သာ သံရုံးရှေ့တွင် ဆန္ဒပြနိုင်ခဲ့ကြပြီး အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရကြောင်း အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက ပြောသည်။

ဆန္ဒပြသူများသည် သံရုံးကို အနှောင့်အယှက်ပေးမှုမရှိသည့်အပြင် ၎င်းတို့၏ တသီးပုဂ္ဂလ လိုလားချက်ကိုသာ တောင်းဆိုသွားသည့်အတွက် သံရုံးအနေဖြင့် ၎င်းတို့အား အာဏာပိုင်များက အရေးမယူစေချင်သည့် ဆန္ဒရှိကြောင်း အထက်ပါဝန်ထမ်းက ပြောသည်။

ဆန္ဒပြသူတို့သည် မည်သည့်အထိန်းသိမ်းခံ၏ မိသားစုဝင်များဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက အန်အယ်လ်ဒီလူငယ် ကိုထွေးသိန်း၏ မိသားစုဝင်များ ဖြစ်မည်ဟု မှန်းဆနေကြသော်လည်း အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးအုံးကြိုင်က အတည်မပြုနိုင်သေးကြောင်း ပြောသည်။

No comments :