Monday 29 June 2009

ပေါ့ပ်တေးဂီတ အရှင်သခင် မိုက်ကယ်ဂျက်ဆင် ဈာပန

လန်ဒန် တေးဂီတပွဲ အတွက် ပြင်ဆင်ခဲ့တဲ့ မိုက်ကယ်

-WFWW-

ပေါ့ပ်တေးဂီတ အရှင်သခင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပန ကို လာရောက် ဂါရ၀ပြုကြမဲ့ သန်းနဲ့ချီတဲ့ သူ့ရဲ့ ပရိသတ်တွေ၊ နိုင်ငံအသီးသီးက ပေါ့ပ်တေးဂီတချစ်မြတ်နိုးသူတွေ၊ ကမ္ဘာကျော်အဆိုတော်တွေ နှင့် တေးဂီတ ပညာရှင်တွေ ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိမ်ဂျဲလီးစ်မြို့ကို သွားရောက်နေကြပါပြီ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပန ဟာ ကမ္ဘာမှာ အများဆုံး စိတ်ဝင်တစားလာရောက်တက်ရောက်ဂါရ၀ပြု ကြည့်ရှု့ ကြတဲ့ Rock and roll အရှင်သခင်ကြီး အဲဗက်ပရက်စလေ၊ ဒိုင်ယာနာ တို့ထက် ပိုမိုစည်းကား မှာ ဖြစ်တာ ကြောင့် လော့အိမ်ဂျဲလီးစ်မြို့ ရဲတပ်ဖွဲ့တွေကတော့ ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါပြီ။ ဈာပန ကို မိသားစုဝင် တွေပဲ သီးသန့်ပဲလုပ်မလား၊ လူတွေအားလုံးဂါရ၀ပြုနိုင်အောင် လူသိရှင်ကြားပဲ ကျင်းပမလားဆိုတာကတော့ သူ့ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေက မကြာခင်မှာပဲ ဆုံးဖြတ်ကြပါလိမ့်မယ်။

မိုက်ကယ်ဂျက်ဆင် ဟာ သူ့ရဲ့ ထင်ပေါ်ကြော်ကြားခဲ့မှုကြောင့် လူထု အကြား လွတ်လပ်စွာ သွားလာခွင့် မရရှိခဲ့ပါဘူး။ သတင်းသမားတွေ၊ ဓာတ်ပုံရိုက်သူတွေ ဟာ အမြဲဆိုသလို နောက်ကနေ လိုက်လေ့ရှိကြတယ်။ မိုက်ကယ်ဂျက်ဆင်ဟာခရစ်ယန် ရှေးရိုးစွဲဝါဒီ တွေ ( Christian Orthodox )နဲ့ လူဖြူအစွန်းရောက် ( White Supremacy ) တွေရဲ့  ဓားစာခံ တစ်ဦး လည်း ဖြစ်ခဲ့ရပါတယ်။

သူဟာ သူ့ သားသမီးတွေကို သူ့လို အဖြစ်မျိုး မခံစားရအောင် နှင့် သတင်းသမားတွေ၊ ဓာတ်ပုံသမားတွေဟာ သူ့ရဲ့ သားသမီးကို မသိရှိအောင်၊ မမြင်ဘူးရအောင် မျက်နှာကို ကို ဖုံးကွယ်ပေးထားလေ့ရှိတယ်။ မနေ့က ပေါ့ပ်တေးဂီတ အရှင်သခင် မိုက်ကယ်ဂျက်ဆင်ရဲ့ ကျန်ရစ်တဲ့ သားသမီး ၃ ယောက် ကို သူရဲ့ မိခင် က ယာယီစောင့်ရှောက် ဖို့ တရားရုံးက ခွင့်ပြုလိုက်ပါပြီ။

မိုက်ကယ့် ကလေး သုံးယောက်

တချိန်တည်းမှာ ပဲ သူ့ရဲ့ အနှစ် ၅၀ မြောက်အထိမ်းအမှတ် ဖျော်ဖြေမဲ့ လန်ဒန် တေးဂီတ ဖျော်ဖြေပွဲ အစီအစဉ် ပျက်သွား တာကြောင့် လက်မှတ် ၀ယ်ထားသူများ ကို ငွေပြန်အမ်း သွားမယ်လို့ ဖျော်ဖြေပွဲ ကျင်းပပေးတဲ့ သူတွေက ထုတ်ပြန်ကြေညာ သွားပါပြီ။ ဖျော်ဖြေ ပွဲကို ၇၅၀,၀၀၀ လာရောက်အားပေး ကြမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၈၅ သန်း ငွေပြန်အမ်း သွားမယ်လို့ ခန့်မှန်းရပါတယ်။ တချို့ သူတွေကတော့ ဖျော်ဖြေပွဲလက်မှတ် တွေကို အမှတ်တရ အဖြစ် သိမ်းထားကြ ပါလိမ့်မယ်။

ပေါ့ပ်တေးဂီတ အရှင်သခင်ကြီး မိုက်ကယ်ဂျက်ဆင်ဟာ ၁၉၅၈ သြဂုတ်လ ၂၉ ရက်နေ့ မှာ တချိန်က စက်မှုလုပ်ငန်းထွန်းကား ခဲ့တဲ့ အမေရိကန် နိုင်ငံ အင်ဒီယားနားပြည်နယ်ရှိ နာမည်ကြီး တက္ကသိုလ်တည်ရှိရာ နှင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး သံမဏိထုတ်လုပ်ခဲ့တဲ့ ဂယ်ရီမြို့ငယ်လေး မှာ မွေးဖွားခဲ့ပါတယ်။ နီးစပ်တဲ့ ချီကာဂို နှင့် မြို့ကြီးတွေမှာ တေးသီချင်းဖျော်ဖြေခဲ့ယင်း ကမ္ဘာကျော် ပေါ့ပ်တေးဂီတ အရှင်သခင်ဖြစ်လာ ခဲ့ပါတယ်။ သဘောထားတင်းမားတဲ့ လူဖြူတွေ အများစုနေထိုင်တဲ့ အင်ဒီယားနားပြည်နယ် ကနေ ဘ၀ကို အတက် အဆင်း၊ အနိမ့်အမြင့် တွေကို ရင်ဆိုင်ရင်း သေဆုံးသည်အထိ ကျင်လည်ဖြတ်သန်းခဲ့ရတယ်။

သူရဲ့ တေးသီချင်းတွေဟာ ကမ္ဘာမှာ ဆင်းရဲမွဲတေစွာနေထိုင်နေကြရတဲ့ ပြည်သူတွေ၊ အသားအရောင်ခွဲခြား ခံရတဲ့သူတွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေ၊ အဖိနှိမ်ခံပြည်သူတွေ အတွက် ဖော်ကျူးရေးစပ်သီးကုံးခဲ့တာကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေက တောင် အသိအမှတ်ပြုခြင်း၊ဂုဏ်ပြုခြင်းခံခဲ့ရတယ်။

သေဆုံးချိန်မှာ အကြွေး သန်း ၄၀၀ တင်ရှိခဲ့ပေမဲ့၊ သူ တယုတယ ချစ်ခင်မြတ်နိုးစွာ ၀ယ်ယူပိုင်ဆိုင်ခဲ့တဲ့ Rock and roll အရှင်သခင်ကြီး အဲဗက်ပရက်စလေတေးသီချင်း၊ ဘီးတဲလ် တေးသီချင်းတွေနဲ့ Neverland Ranch ကတော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးတွေရှိ နေကြပါလိမ့်မယ်။


ဆင်းရဲမွဲတေနေကြတဲ့ ပြည်သူတွေ၊ အသားအရောင်ခွဲခြား ခံရတဲ့သူတွေ၊ အဖိနှိမ်ခံပြည်သူတွေ အတွက် တိုက်ပွဲဝင်ခဲ့တဲ့ မိုက်ကယ် ကို အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ နေထိုင်နေကြတဲ့ မြန်မာများနှင့် အတူ ကျနော်တို့ WFWW မှ ဦးညွှတ် ဂါရ၀ပြုယင်း သူတေးစပ်သီကုံးသီဆိုခဲ့တဲ့ ကမ္ဘာကျော်တေးသီချင်းလေးကို မျှဝေခံစားကြရအောင်။

"We Are The World
We Are The Children
We Are The Ones Who Make A Brighter Day
So Let’s Start Giving"


2 comments :

awayyoukthumyar said...

I am always clap your website , activity,etc............

maung said...

why Michael has a debt $400 million ?