

The Yomiuri Shimbun သတင်းဌာန
-ယိုကိုဟားမား-
ဂျပန် ရဲ က လူသုံးယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ ဒီလူတွေက မြန်မာနိင်ငံကို သံလိုက် အားသုံး တိုင်းထွာတဲ့ စက်ကို မြန်မာပြည်ကို တရားမ၀င် တင်ပို့ဖို့ကြိုးစားနေတဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။ ဒီစက်က တာဝေးပြစ် ဒုံးပျံတွေပြစ်လွှတ်တဲ့ စံနစ်မှာ အသုံးပြုရတဲ့ စက်လို့သိရပါတယ်။ အဖမ်းခံရတဲ့လူတွေက နိင်ငံတကာကုန်သွယ်မှု ဥပဒေကို ချိုးဖေါက်မှု ကြောင့်လို့ဆိုပါတယ်။
အဖမ်းခံရတဲ့လူတွေကတော့လီကောင်ဟိုး(၄၁နှစ်) ( အီတာဘာရှီ ရပ်ကွက်)၊ တိုကို ဘိုကီ နဲ( ၇၅ နှစ်) (ဆာတာဂါယာ ရပ်ကွက် နေ စက်မှုလုပ်ငန်း အမှုဆောင်လူကြီး )၊ မီယာကိ ကာတာဆူက ( ပို့  ကုန်လုပ်ငန်းရှင်) တို့ဖြစ်ပါတယ်။ ရဲတွေရဲ့ ယူဆချက်ကတော့ ဒီစက်ပစ္စည်းတွေကို မြောက်ကိုရီးယားကို ပို့ဆောင်ဖို့အတွက် မြန်မာ နိင်ငံက နေတဆင့် ပို့ဆောင်ဖို့ လုပ်ဆောင်ကြတာဖြစ်မယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယား အတွက် ဟောင်ကောင်အခြေစိုက် လုပ်ငန်းတခုက နေ တဆင့်ပို့ဖို့ မှာတာလို့ သိရပါတယ်။
ပုလိပ်အဖွဲ့ က သံသယရှိနေသလိုပဲ ဒုံးပျံ နည်းပညာတွေကို မြောက်ကိုးရီးယားက မြန်မာနိုင်ငံ ကို ပို့ဆောင် နေတယ်လို့ ဆိုပါတယ်။ အခုတင်ပို့ဖို့ ကြိုးစားနေတဲ့ စက်တွေဟာ ယန်းငွေနဲ့ ၇ သန်းခန့် တန်ဖိုးရှိပြီး သက်ဆိုင်ရာ အာဏာာပိုင်တွေရဲ့ ခွင်ပြုမိန့် မရပဲပို့ ဆောင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီပစ္စည်းအမျိုးအစားတွေ ဟာ ဒုံးပျံတွေကို ပိုမိုဖျက်အား ပြင်းလာဖို့ အတွက် အသုံပြုတဲ့နေရာမှာ သုံးတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း ဒီလူတွေဟာ မြန်မာပြည်ကို နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
2 comments :
http://www9.nhk.or.jp/rj/podcast/mp3/20090630201400_1_1_burmese.mp3
radio news....from NHK
Post a Comment