Thursday, 18 June 2009

၂၀၀၉ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မှာ အီရန်လူငယ်တွေ အနိုင်ရရှိ















Today's Quote


"The Current Leadership in Burma Is Aging. We Encourage More Young People to Engage and Participate in the Political Process Because It Is the Affairs of the Country, and It Is Their Future."

-မြတ်စိုး-
၀၆-၁၈-၂၀၀၉

အီရန်မှာ ကြာသာပတေးနေ့ လူထု လမ်းလျှောက် ဆန္ဒပြပွဲကို ကျင်းပဖို့ ရောက်လုနီးတဲ့ အချိန်မှာဘဲ၊ မြန်မာပြည် နအဖ စစ်ကျွန်ပြု ကောင်စီလို အလားသဏ္ဍန်တူသော အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ အီရန်တော်လှန်ရေးကောင်စီ (Elite Guardian Council) အာဏာရှင်အဖွဲ့ က သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အတိုက်အခံ ခေါင်းဆောင်း ၃ ဦး ကို အထူးအစီအစဉ် ပြုလုပ်ကာ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်း ခဲ့ကြောင်း အီရန် သတင်းမီဒီယာမှာ ကြေညာသွားခဲ့တယ်။ အီရန်အာဏာရှင် ကောင်စီ (Elite Guardian Council) အတွင်းမှာ လည်း သဘောထားကွဲလွှဲမှု တွေ ဖြစ်ပေါ်နေတာ ကြောင့် အီရန်ရဲ့ သြဇာအာဏာအကြီဆုံး အဏာရှင် အယာတိုလာခါမေနီ အတွက် တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းဟာ သဘောထားတင်းမာသူတွေ နဲ့ သဘောထား ပျော့ပြောင်းလိုသူတွေ အကြားသာမက ၊ သဘောထားတင်းမာတဲ့ ကောင်စီအတွင်း အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပေါ်လာနေပြီလို့ အီရန်က လာတဲ့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

အတိုက်အခံခေါင်းဆောင်တွေက မဲအားလုံးကို ပြန်လည်ရေတွက်ပေးဖို့နဲ့ ၆၄၆ နေရာမှာ မဲရေတွက်မှု ဆိုင်ရာ၊မဲလိမ်မှု၊ မဲဝယ်မှု၊ မဲရုံတွေကို အစောကြီးပိတ်ခဲ့မှု တွေနဲ့ ပက်သက်ပြီး၊ ရွေးကောက်ပွဲကြီးမှူးကျင်းပ ပေးခဲ့ကြတဲ့ အစိုးရအဖွဲ့တွေ နှင့် အီရန်အာဏာရှင်ကောင်စီ (Elite Guardian Council) ကို တိုင်းကြားခဲ့ပြီး ဖြစ်တယ်လို့ဆိုတယ်။

သောကြာနေ့မှာ ဆန္ဒပြပွဲမှာ သေဆုံးသွားသူကို ၀မ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ အတိုက်အခံတွေကို ထောက်ခံ တဲ့ သိန်းနဲ့ချီတဲ့ အီရန်ပြည်သူတွေဟာ တီဟီရန်လမ်းမတွေမှာ အမဲရောင်အ၀တ်တွေဝတ်ဆင်ပြီး အစိမ်းရောင် လက်စည်းတွေကို ပတ်ကာ ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ကြပါလိမ့်မယ်။

အီရန်မှာ အသက် ၃၀ အောက် လူငယ်ဦးရေဟာ အီရန်မှာ ရှိတဲ့ စုစုပေါင်းလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းရှိတယ်။ ၁၈ သန်း အင်တာနက် သုံးစွဲနေကြပြီး၊ အများစုဟာ လူငယ်တွေဖြစ်ကြပြီး အင်တာနက် အပြင် အခြားသော ဆက်သွယ်ရေး နည်းပညာတွေကို တက်ကျွမ်းနားလည် သူများ ဖြစ်ကြတယ်။ အီရန်လူငယ် ၃၀ ရာခိုင်နှုန်း ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ လူငယ်အများစု ဟာ အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း မူဆာဗီ ကို ထောက်ခံမဲပေးခဲ့ကြတယ်။

အီရန်အာဏာရှင် အစိုးရ က အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ပြီးခဲ့တဲ့ ရက်တွေက အင်တာနက် သုံးစွဲမှု ကို ပိတ်ထားခဲ့ခြင်း၊ နှေးသွားအောင် ပြုလုပ်ခဲ့ကြသော်လည်း အီရန်လူငယ်တွေဟာ ဆဲလ်ဖုန်းက နေတဆင့် တယောက်နဲ့တယောက်ဆက်သွယ်ပြီး၊ လူထူလှုပ်ရှားမှုတွေကို စံနစ်တကျ ကျင်းပနိုင်ခဲ့ရုံသာမက ၊ အစိုးရ အာဏာရှင်တွေဆီ ကို Text message များပို့ပြီး ဆန့်ကျင်ရှုံ့ချခဲ့ကြတယ်။ နောက်ပိုင်းမှာ Fax- to – Web service နည်းပညာတွေကို သုံးစွဲပြီး သတင်းတွေ၊ ဓာတ်ပုံတွေကိုပါ ပေးပို့နိုင်ခဲ့တယ်။ အီရန်အာဏာရှင်တွေက တိုင်းပြည်ကို နိုင်ငံတကာနဲ့ အထီးကျန်အောင် ပိတ်ဆို့ထားခဲ့ပေမဲ့၊ ခေတ်သစ်နည်းပညာတွေကို သုံးစွဲနေတဲ့ အီရန်လူငယ်တွေကို ဘယ်လိုမှ ပိတ်ဆို့လို့ ရမှာ မဟုတ်ဘူးလို့ အင်တာနက် နဲ့ လူဘောင်အဖွဲ့အစည်း (Center for Internet and Society) ဌာန အကြီးအကဲ နှင့် အီရန် အရေးလေ့လာနေသူ ကျွမ်းကျင်သူပညာရှင်တစ်ဦးက ပြောဆိုသွားပါတယ်။ ဒီနေ့ အီရန်မှာ ဘာတွေဖြစ်နေသလဲဆိုတာက နိုင်ငံတကာ သတင်း မီဒီယာတွေ၊ အမေရိကန် ရှိ အဓိက သတင်းမီဒီယာတွေက သတင်းရယူဖို့ ခက်ခဲနေတဲ့ အချိန်မှာ အီရန်လူငယ်များက နည်းပညာပေါင်းစုံသုံးပြီး ကမ္ဘာကြီး ကို သိရှိလာအောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်။

ဒါကြောင်မိုလို့ အီရန်နိုင်ငံမှာ ရွေးကောက်ပွဲဟာ ဘယ်သူနိုင်မလဲဆိုတဲ့ နောက်ဆုံး ရလာဒ်ကို မသိရသေးပေမဲ့၊ ဒီရွေးကောက်ပွဲမှာ တော့ အီရန်လူငယ်တွေက တော့ အနိုင်ရရှိသွားခဲ့ပါပြီ။

No comments :