အီရန် အသင်းလက်ကောက်ဝတ်တွင် အစိမ်းရောင်လက်ပတ်ကိုဝင်ဆင်ထားပြီးလူထုလှုပ်ရှားမှုကို ထောက်ခံကြောင်းပြသခဲ့ပုံ
2010 FIFA World Cup Asia group 2 ကမ္ဘာ့ဘော်လုံးခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အီရန်ဘော်လုံးအသင်းဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ အိမ်ရှင်တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်နေစဉ် ကမ္ဘာကျော် အီရန်ဘော်လုံးသမားများက အီရန်အတိုက်အခံခေါင်းဆောင် မိုဆာဗီ နှင့် လူထုလှုပ်ရှားမှုကို ထောက်ခံသော အားဖြင့် ရဲရဲဝံ့ဝံ့ အစိမ်းရောင်လက်ပတ်များကို ၀တ်ဆင်ထားခဲ့ကြတယ်။ ကမ္ဘာ့ဘော်လုံးခြေစစ်ပွဲ ကို မကျော်လွှားနိုင်သေးပေမဲ့ တိုင်းပြည်ကို ကိုယ်စားပြုကစားခဲ့ပြီး၊ မတရားမှု ကို ဆန့်ကျင် ကာ အမှန်တရား ဘက်ကို ထောက်ခံပြီး ရပ်တည်ခဲ့ကြတဲ့ အီရန်ဘော်လုံးသမားတွေရဲ့ သတ္တိ ဟာ ကမ္ဘာ့ ဒီမိုကရေစီရေးတိုက်ပွဲ အတွက် ခြေစစ်ပွဲ အောင်သွားခဲ့ပါပြီ။ ပြိုင်ပွဲမှာ အိမ်ရှင်တောင်ကိုရီးယားအသင်းနဲ့ တစ်ဂိုးစီသရေကြ ခဲ့ကြကြောင်း သိရှိရပါသည်။
No comments :
Post a Comment