Tuesday, 9 June 2009

စစ်ကျွန်အောက်က မြန်မာအမျိုးသမီးတွေရဲ့ဘဝ

အမျိုးသမီးတသိုက် နှင့် စစ်ကြောင်ကြီးများ ဟန်ရေးပြနေပုံ

ဒီဓာတ်ပုံကို ကြည့်ခြင်းဖြင့် စစ်ကျွန်အောက်မှာ မြန်မာအမျိုးသမီးတွေရဲ့ဘ၀ ကို လေ့လာနိုင်ပါတယ်။ ဒီသတင်းဓာတ်ပုံကို ပြန်ကြားရေးဝန်ကြီးဆိုသူ စောက်ရှုးနားဂစ်ကျော်ဆန်းက အမြော်အမြင်ရှိရှိ သတင်းစာ ထဲမှာ တခမ်းတနားဖော်ပြထားတာပါ။ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ အိမ်နီးချင်းနိုင်ငံ တွေရဲ့ နောက်မှာ ဘာကြောင့် ရှိနေတယ်ဆိုတာ သိနိုင်တယ်။ စစ်ခွေးကျော် မြင့်ဆွေက စစ်သူကြီး တစ်ဦးပုံဖမ်းပြီး၊ အမျိုးသမီးဆရာမတွေကို နွေရာသီပူပြင်းလှတဲ့ နေပူကျဲကျဲ ကွင်းပြင်ကြီးထဲ မှာထားပြီး သစ်ပင်စိုက် ဟန်ပြ အလှပြ အသုံးတော်ခံနေတဲ့ပုံပါ။ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေကို နိုင်ငံရေး ခုတုံးလုပ် အသုံးချပြီး သတင်းတွေထဲမှာ လိမ်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေဟာ ပညာရေးကိုသာမက စစ်ကျွန်စံနစ်ရဲ့ ဘ၀မှန်တွေကိုပါ သရုပ်ဖော်ပေးနေရတယ်။

ဒီပုံကို ကြည့်ပြီး ရမ်ဘိုရုပ်ရှင်ကားထဲက ဂျွန်ရမ်ဘိုကြီးပြောတဲ့ စကားလေးကို သွားသတိရတယ်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ သေနတ်ကိုင် လိင်တူဆက်ဆံ နေကြတဲ့ သူရဲဘော်ကြောင်တဲ့ သူတွေဆိုပြီး ပြောဆိုသရုပ်ဆောင်သွားတာကိုလေ။ ဒီပုံကိုကြည့်တော့မှ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းကြီးအခုမှ မြင်မိတော့တယ်။ ဟန်ပြဓာတ်ပုံရိုက်ဖို့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာမတွေ၊အမျိုးသမီးတွေကို ချစ်ချစ်တောက်ပူပြင်းလှတဲ့ ကွင်းပြင်ကြီးထဲမှာ သစ်ပင်စိုက်ခိုင်းထားပြီး ဂျွန်ရမ်ဘိုပြောသလို စစ်သူကြီးသဏ္ဍန် ဟန်နဲ့ပန်နဲ့ လမ်းလျှောက်လာနေတဲ့ပုံ ကို အမြော်အမြင်ရှိရှိ သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ ဖော်ပြထားတာပါ။

အနာဂတ်တွင် မြန်မာအမျိုးသမီးများ ဤသို့ နှိပ်စက်ခံရခြင်းမှ လွတ်မြောက်ပါစေ။